Sonic Generation

Forex & Gold Trading Professional Course (Mdy)

Forex & Gold Trading Professional Course (Mdy)
အတန်းတစ်ခုကတော့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပြန်ပါပြီ။

တကယ်ကို တက်ကြွပြီး ရည်မှန်းချက် ကြီးကြီးနဲ့ ကြိုးစားကြတဲ့ Batch လေးတစ်ခုဖြစ်လို့ အားလုံးကို အထူးဘဲ ကျေးဇူးတင်ပါတယ်။

အစိမ်းသက်သက် ဖြစ်နေတဲ့သူတွေ ပါပေမယ့် တခြားအတန်းကသူတွေထက်ကို ဝီရိယနဲ့ ကြိုးစား အားထုတ်မှုကို မြင်ရပါတယ်။

လုပ်ငန်းသဘောတရားတွေ ဖြစ်တဲ့ Trading Strategy တွေ၊ Trading Psychology တွေ၊ Business Plan တွေ၊ Business Concept တွေကို ဆရာစားမချန် သင်ကြားမျှဝေပေးခဲ့ရတဲ့ အတွက်လည်း ဝမ်းသာကြည်နူးမိပါတယ်။

သင်တန်းမှာ သိခဲ့တာတွေကို တတ်တဲ့ အဆင့်ဖြစ်အောင်၊ တတ်တဲ့ အဆင့်ကနေ ကျွမ်းကျင်တဲ့ အဆင့်ဖြစ်အောင် စနစ်တကျ စည်းကမ်းရှိရှိ ကြိုးစားလေ့ကျင့်ကြမယ်လို့လည်း ယုံကြည်ပါတယ်။

Success ဖြစ်ဖို့အတွက် မှန်ကန်တဲ့ Method နဲ့ Passion တွေ ရှိကြရပါမယ်။ မှန်ကန်တဲ့ Method တွေ ရရှိပြီးကြပြီဆိုတော့ Passion ကောင်းကောင်းနဲ့ စည်းကမ်းရှိရှိ ကြိုးစားကြမယ်ဆိုရင် အောင်မြင်မှုက လက်တစ်ကမ်းမှာ စောင့်ကြိုနေမှာပါ။ ဒါကြောင့် အောင်မြင်တဲ့ Professional Trader ကောင်းတွေအဖြစ် ပြန်လည်ဆုံတွေ့ကြဖို့ မျှော်လင့်ရင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ဗျာ

Leave a Comment

Your email address will not be published. Required fields are marked *