Sonic Generation
ငွေကြေးအတွက် မပူပင်ရတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ———————————————————-
လူတိုင်းကတော့ ငွေကြေးအတွက် မပူပင်ရတဲ့ ဘဝကို ပိုင်ဆိုင်ချင်ကြမှာပါ။ လူတိုင်းမချမ်းသာနိုင်ပေမယ့် ငွေအတွက် စိတ်ပူဖို့မလိုတဲ့ ဘဝကိုတော့ လူတိုင်း ပိုင်ဆိုင်နိုင်ပါတယ်။
ဒီနေရာမှာ Financial Freedom Life ကို ပိုင်ဆိုင်နိုင်ဖို့ မဖြစ်မနေလုပ်ဖို့ လိုအပ်တဲ့ အခြေခံ အချက် (၂) ချက်ကို ပြောပြချင်ပါတယ်။
ပထမအချက်က “ဝင်ငွေလမ်းကြောင်းကို တစ်ခုထက် ပိုရှိအောင် လုပ်ဖို့ပါ”
မိတ်ဆွေအနေနဲ့ အချိန်ပြည့် လုပ်နေတဲ့ ကုမ္ပဏီအလုပ်ဖြစ်ဖြစ်၊ အစိုးရအလုပ်ဖြစ်ဖြစ်……ဒီလိုအလုပ်တစ်ခု ရှိမယ်။ ဒါပေမယ့် ဒီအလုပ်ကိုပဲ မှီခိုနေလို့ မရပါဘူး။ အလုပ်ပြုတ်သွားတာဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် မလုပ်နိုင်တာဖြစ်ဖြစ်…..အဲ့ဒီအခါမှာ ဒုက္ခရောက်နိုင်ပါတယ်။
ဒါကြောင့်မို့လို့ မိတ်ဆွေမှာရှိတဲ့ skill ကို သုံးပြီး တစ်ခုထက်ပိုတဲ့ ဝင်ငွေလမ်းကြောင်းတွေ ဖန်တီးဖို့ လိုပါမယ်။
Part-Time ဖြစ်ဖြစ်၊ Freelance ဖြစ်ဖြစ် ဒီလိုအလုပ်တွေ ထပ်လုပ်ပြီး ဝင်ငွေလမ်းကြောင်းကို တိုးချဲ့လို့ ရပါတယ်။ ဒါက ပထမအချက်ပါ။
ဒုတိယအချက်အနေနဲ့ လစဉ်ရလာတဲ့ ငွေကြေးတွေကို အကုန်မသုံးပစ်ပဲ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပါ။
လူအများစုလုပ်ကြတာက ဘဏ်မှာ ငွေစုတာပါ။
ဒါမှမဟုတ် စတော့ရှယ်ယာ ဝယ်စုတာဖြစ်ဖြစ်၊ ရွှေဝယ်စုတာဖြစ်ဖြစ် ဒါတွေ မဖြစ်မနေလုပ်ဖို့ လိုပါတယ်။
နိဂုံးချုပ်ရရင်တော့
၁။ ဝင်ငွေလမ်းကြောင်းကို များနိုင်သမျှ များအောင် ဖန်တီးဖို့ လိုပါတယ်။
၂။ လစဉ်ရရှိတဲ့ ဝင်ငွေတွေကို အကုန်မသုံးပစ်ပဲ မိမိ သေသေချာချာ လေ့လာထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှုပ်နှံဖို့ လိုပါတယ်။
ဒါမှသာ အနာဂတ်အတွက် စိတ်ချရမှာပါ။
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
နိဂုံးချုပ်ရရင်တော့
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Leave a Comment
Your email address will not be published. Required fields are marked *