သင့်အနေနဲ့ လိုက်နာသင့်သော အချက်အလက်များပေါင်းချုပ်
- သင်တွေးတော ကြံဆလိုက်သမျှ အရာအားလုံးသည် အရေးကြီးသကဲ့သို့ပင် သင်၏ ဘဝရှေ့ရေးကို ပုံဖော်ရေးခြယ်ခြင်းအတွက် လွန်စွာ အဓိပ္ပါယ်ရှိနေပေလိမ့်မည်။ ထို့ကြောင့် အတွေးအခေါ်များ လတ်ဆတ်နေပါစေ။
- လွန်စွာတန်ဖိုးရှိသော သင်၏အချိန်များကို မမှန်ကန်သော လူများနှင့် အကျိုးမရှိသော အကြောင်းခြင်းရာများ အပေါ်တွင်သာ အသုံးပြုခြင်းသည် အကြီးမားဆုံးသော မှားယွင်းမှုကြီး ဖြစ်ပါသည်။ ထို့ကြောင့် အချိန်၏ တန်ဖိုးကို လေးစားလိုက်နာတတ်ပါစေ။
- ခရီးသွားခြင်းသည် အသစ်အသစ်သော အတွေးအခေါ်အကြံအစည်များကို ဖြစ်ပေါ်စေ၏။ ထို့ကြောင့် ခရီးထွက်နိုင်သလောကထွက်ပါ။ အစီအစဉ်မချမှတ်ပါနှင့်။
- လောကကြီးတွင် သင်မဟြေင်းလဲနိုင်သော အရာများမှာ ရေတွက်မရနိုင်လောက်အောင် များဟြးပေ၏။ သို့သော် သင်ကိုယ်တိုင်ကား ခြွင်းချက်ဖြစ်ပေ၏။ ထို့ကြောင့် သင့်ကိုယ်သင် ကောင်းသောဟြေင်းလဲခြင်းများဖြင့် ဟြေင်းလဲဖို့ တွန့်ဆုတ်မနေပါနှင့်။
- အလှတရားကြောင့်ရရှိသော ပျော်ရွှင်မှုသည် ကြာရှည်တည်တံ့ခြင်းမရှိ။ သို့သော် ကျန်းမာခြင်းသည်ကား တည်မြဲပေ၏။ ထို့ကြောင့် ကျန်းမာရေးကို အထူးလိုက်စားတတ်ပါစေ။
- ယုံကြည်သင့်ယုံကြည်အပ်သောသူများသည် သင့်အား ယုံကြည်၏လော။ မယုံကြည်လောဟူသောမေးခွန်းစကားကို ဘယ်သောအခါတွင်မှ ဆိုမည်မဟုတ်။ ထိုသို့ဆိုလာသောသူသည်လည်း မယုံကြည်အပ်။ ထို့ကြောင့် ခွဲခြားချင့်ချိန်တတ်ပါစေ။
- သင်လေ့လာရန်လိုအပ်သော အရာများကို မလေ့လာဘဲ လက်လွှတ်လိုက်ရခြင်းသည် လွန်စွာ မှားယွင်းခြင်းဖြစ်ပေ၏။ ထို့ကြောင့် လေ့လာမှုကို မရပ်တန့်မိပါစေနှင့်။
Team1
SonicGeneration
Forex
Gold
Trading
Financial
Investment
Zawgyi Version
သင့္အေနနဲ႔ လိုက္နာသင့္ေသာ အခ်က္အလက္မ်ားေပါင္းခ်ဳပ္
- သင္ေတြးေတာ ၾကံဆလိုက္သမွ် အရာအားလံုးသည္ အေရးၾကီးသက့ဲသို႔ပင္ သင္၏ ဘဝေရွ႕ေရးကို ပံုေဖာ္ေရးျခယ္ျခင္းအတြက္ လြန္စြာ အဓိပၸါယ္ရွိေနေပလိမ့္မည္။ ထို႔ေၾကာင့္ အေတြးအေခၚမ်ား လတ္ဆတ္ေနပါေစ။
- လြန္စြာတန္ဖိုးရွိေသာ သင္၏အခ်ိန္မ်ားကို မမွန္ကန္ေသာ လူမ်ားႏွင့္ အက်ိဳးမရွိေသာ အေၾကာင္းျခင္းရာမ်ား အေပၚတြင္သာ အသံုးျပဳျခင္းသည္ အၾကီးမားဆံုးေသာ မွားယြင္းမႈၾကီး ျဖစ္ပါသည္။ ထို႔ေၾကာင့္ အခ်ိန္၏ တန္ဖိုးကို ေလးစားလိုက္နာတတ္ပါေစ။
- ခရီးသြားျခင္းသည္ အသစ္အသစ္ေသာ အေတြးအေခၚအၾကံအစည္မ်ားကို ျဖစ္ေပၚေစ၏။ ထို႔ေၾကာင့္ ခရီးထြက္နိုင္သေလာကထြက္ပါ။ အစီအစဥ္မခ်မွတ္ပါႏွင့္။
- ေလာကၾကီးတြင္ သင္မေျဟင္းလဲနိုင္ေသာ အရာမ်ားမွာ ေရတြက္မရနိုင္ေလာက္ေအာင္ မ်ားျဟးေပ၏။ သို႔ေသာ္ သင္ကိုယ္တိုင္ကား ျခြင္းခ်က္ျဖစ္ေပ၏။ ထို႔ေၾကာင့္ သင့္ကိုယ္သင္ ေကာင္းေသာေျဟင္းလဲျခင္းမ်ားျဖင့္ ေျဟင္းလဲဖို႔ တြန္႔ဆုတ္မေနပါႏွင့္။
- အလွတရားေၾကာင့္ရရွိေသာ ေပ်ာ္ရႊင္မႈသည္ ၾကာရွည္တည္တ့ံျခင္းမရွိ။ သို႔ေသာ္ က်န္းမာျခင္းသည္ကား တည္ျမဲေပ၏။ ထို႔ေၾကာင့္ က်န္းမာေရးကို အထူးလိုက္စားတတ္ပါေစ။
- ယံုၾကည္သင့္ယံုၾကည္အပ္ေသာသူမ်ားသည္ သင့္အား ယံုၾကည္၏ေလာ။ မယံုၾကည္ေလာဟူေသာေမးခြန္းစကားကို ဘယ္ေသာအခါတြင္မွ ဆိုမည္မဟုတ္။ ထိုသို႔ဆိုလာေသာသူသည္လည္း မယံုၾကည္အပ္။ ထို႔ေၾကာင့္ ခြဲျခားခ်င့္ခ်ိန္တတ္ပါေစ။
- သင္ေလ့လာရန္လိုအပ္ေသာ အရာမ်ားကို မေလ့လာဘဲ လက္လႊတ္လိုက္ရျခင္းသည္ လြန္စြာ မွားယြင္းျခင္းျဖစ္ေပ၏။ ထို႔ေၾကာင့္ ေလ့လာမႈကို မရပ္တန္႔မိပါေစႏွင့္။