Sonic Generation

စိတ်ဆိုးခြင်းက အရာခပ်သိမ်းကို ဖျက်ဆီးပစ်နိုင်ပါတယ် စိတ္ဆိုးၿခင္းက အရာခပ္သိမ္းကို ဖ်က္ဆီးပစ္ႏိုင္ပါတယ္

လူတွေနဲ့ ပေါင်းသင်းဆက်ဆံလုပ်ကိုင်ရတဲ့အခါ တစ်ခါတစ်လေ စိတ်ဆိုးစရာ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။
ဒီလိုအချိန်မှာ စိတ်လွတ်ကိုယ်လွတ်ပြုမူပြောဆိုလိုက်တဲ့အခါ နစ်နာမှုတွေနဲ့ ကြုံတွေ့ရမှာကတော့ ကိုယ်ကိုတိုင်ပဲ ဖြစ်ပါတယ်။

ဥပမာပြောရရင် ကိုယ့်ဆီလာဝယ်တဲ့ ဈေးဝယ်သူတစ်ယောက်ကြောင့် စိတ်ဆိုးစရာတွေဖြစ်ပြီး ဒေါသနဲ့ ပြောဆိုဆက်ဆံမိရင် အဲ့ဒီဖောက်သည်နဲ့ မိတ်ပျက်ပြီး ကိုယ့်ဆီက နောက်ဘယ်တော့မှ ဝယ်မှာ မပာုတ်တော့ပါဘူး။ အဲ့ဒီဖောက်သည်တစ်ယောက်တည်းနဲ့ မပာုတ်ပဲ သူနဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းရှိတဲ့ သူတွေနဲ့ ပါ မိတ်ပျက်ရမှာ ဖြစ်ပါတယ်။

ဒါပာာ ခဏတာလေး စိတ်ကိုမထိန်းနိုင်ပဲ ဒေါသထွက်မိတဲ့အတွက်ကြောင့်ပါ။

ဒီလိုဆုံးရှုံးမှုတွေကို ကာကွယ်ဖို့ စိတ်ဆိုးစရာတွေနဲ့ ကြုံလာရင်တောင် ပြုံးပြုံးလေးနဲ့ ရင်ဆိုင်နိုင်အောင် လေ့ကျင့်ထားသင့်ပါတယ်။ ဒါက မလွယ်ပေမယ့် ကိုယ်စိတ်ဆိုးလိုက်တဲ့အခါတိုင်း ကိုယ့်အိတ်ထဲဝင်လာမယ့် ငွေတွေ လျော့နည်းသွားမယ်လို့ တွေးလိုက်ရင်တော့ လုပ်နိုင်လာပါလိမ့်မယ်။

အကြုံပြုနိုင်တဲ့ နည်းလမ်းကတော့ စိတ်ဆိုးစရာတွေနဲ့ ကြုံတိုင်း…

1️⃣ ဘယ်သူ့ကို စိတ်ဆိုးမှာလဲ???
❌ ကိုယ့်ဖောက်သည်ကို စိတ်ဆိုးရင် ကိုယ့်ဆီက ဈေးမဝယ်တော့ ကိုယ်ငွေမရတော့ပါ။
❌ ကိုယ့်မိတ်ဆွေကို စိတ်ဆိုးရင် မိတ်ပျက်ပြီး နောက်ပိုင်း သူ့ဆီက အကူအညီမရနိုင်တော့ပါ။
❌ ကိုယ့်ဆွေမျိုးသားချင်းကို စိတ်ဆိုးရင် ကိုယ် အခက်အခဲ ကြုံ နေချိန် ကိုယ့်အနားမှ တစ်ယောက်မှ ရှိမှာ မပာုတ်တော့ပါ။

2️⃣ ဘာအတွက် စိတ်ဆိုးမှာလဲ???

✅ စိတ်ဆိုးစရာဖြစ်ရပ်တွေမှာ များသောအားဖြင့် နားလည်မှုလွဲမှားတာကြောင့် ဖြစ်တာများပါတယ်။ ကိုယ့်ဘက်၊သူ့ဘက်မျှအောင် ကြည့်တတ်ဖို့ ကြိုးစားပါ။ သူက ကိုယ်ပြင်ရမယ့် ကိုယ့်ရဲ့အားနည်းချက်ကို ထောက်ပြနေတာပဲလို့ ယူဆလိုက်ရင် အဆင်ပြေမှာပါ။

3️⃣ ဘယ်လောက်ကြာအောင် စိတ်ဆိုးမှာလဲ???

✅ လူတစ်ယောက်ကို စိတ်ဆိုးပြီး မပြောသင့်တာတွေ ပြောမိ။ ပာိုလူက ကိုယ့်ကို စိတ်နာပြီး မခေါ်မပြောနိုင်တွေဖြစ်။ ကိုယ်က စိတ်ဆိုးတုန်း ခဏပဲ ဒေါသနဲ့ ပြောချင်တာတွေ ပြောမိတာ။ တကယ်တော့ အကြာကြီး စိတ်မဆိုးနိုင်။ ရလဒ်က ကိုယ်ပဲနောင်တရတာပါ။ သူတစ်ဖက်သားကို အချိန်အကြာကြီး မုန်းတီးပြီး စိတ်ဆိုးဒေါသထွက်နေတာပာာ ဘယ်သူ့အတွက်မှ မကောင်းပါဘူး။

👉 ဒီလို နောင်တရမယ့် အဖြစ်တွေ မဖြစ်လာအောင် စိတ်ဆိုးစရာတွေနဲ့ ကြုံရသည့်တိုင် စိတ်လိုက်မာန်ပါ မပြောမိ၊ မဆိုမိ၊ မလုပ်မိဖို့ သိပ်အရေးကြီးပါတယ်။ လျစ်လျူရှုသင့်တာကို ရှုပြီး နားလည်ပေးသင့်တာကို နားလည်ပေးရင် ဘဝကြီးမှာ နေထိုင်ရတာ ပိုအဆင်ပြေလာမှာပါ

Zawgyi Version

လူေတြနဲ႕ ေပါင္းသင္းဆက္ဆံလုပ္ကိုင္ရတဲ့အခါ တစ္ခါတစ္ေလ စိတ္ဆိုးစရာ ၿဖစ္ရပ္ေတြနဲ႕ ၾကံဳေတြ႕ရတတ္ပါတယ္။
ဒီလုိအခ်ိန္မွာ စိတ္လြတ္ကိုယ္လြတ္ၿပဳမူေၿပာဆိုလုိက္တဲ့အခါ နစ္နာမႈေတြနဲ႕ ၾကံဳေတြ႕ရမွာကေတာ့ ကိုယ္ကိုတိုင္ပဲ ၿဖစ္ပါတယ္။

ဥပမာေၿပာရရင္ ကိုယ့္ဆီလာဝယ္တဲ့ ေစ်းဝယ္သူတစ္ေယာက္ေၾကာင့္ စိတ္ဆိုးစရာေတြၿဖစ္ၿပီး ေဒါသနဲ႔ ေၿပာဆိုဆက္ဆံမိရင္ အဲ့ဒီေဖာက္သည္နဲ႔ မိတ္ပ်က္ၿပီး ကိုယ့္ဆီက ေနာက္ဘယ္ေတာ့မွ ဝယ္မွာ မပာုတ္ေတာ့ပါဘူး။ အဲ့ဒီေဖာက္သည္တစ္ေယာက္တည္းနဲ႔ မပာုတ္ပဲ သူနဲ႔ ပတ္သက္ရာ ပတ္သက္ေၾကာင္းရွိတဲ့ သူေတြနဲ႔ ပါ မိတ္ပ်က္ရမွာ ၿဖစ္ပါတယ္။

ဒါပာာ ခဏတာေလး စိတ္ကိုမထိန္းႏို္င္ပဲ ေဒါသထြက္မိတဲ့အတြက္ေၾကာင့္ပါ။

ဒီလိုဆံုးရႈံးမႈေတြကို ကာကြယ္ဖို႔ စိတ္ဆိုးစရာေတြနဲ႔ ၾကံဳလာရင္ေတာင္ ၿပံဳးၿပံဳးေလးနဲ႔ ရင္ဆိုင္ႏိုင္ေအာင္ ေလ့က်င့္ထားသင့္ပါတယ္။ ဒါက မလြယ္ေပမယ့္ ကိုယ္စိတ္ဆိုးလိုက္တဲ့အခါတိုင္း ကိုယ့္အိတ္ထဲဝင္လာမယ့္ ေငြေတြ ေလ်ာ့နည္းသြားမယ္လို႔ ေတြးလိုက္ရင္ေတာ့ လုပ္ႏိုင္လာပါလိမ့္မယ္။

အၾကံဳၿပဳႏိုင္တဲ့ နည္းလမ္းကေတာ့ စိတ္ဆိုးစရာေတြနဲ႔ ၾကံဳတုိင္း…

1️⃣ ဘယ္သူ႔ကို စိတ္ဆိုးမွာလဲ???
❌ ကိုယ့္ေဖာက္သည္ကို စိတ္ဆိုးရင္ ကိုယ့္ဆီက ေစ်းမဝယ္ေတာ့ ကိုယ္ေငြမရေတာ့ပါ။
❌ ကိုယ့္မိတ္ေဆြကို စိတ္ဆိုးရင္ မိတ္ပ်က္ၿပီး ေနာက္ပိုင္း သူ႕ဆီက အကူအညီမရႏိုင္ေတာ့ပါ။
❌ ကိုယ့္ေဆြမ်ိဳးသားခ်င္းကို စိတ္ဆိုးရင္ ကိုယ္ အခက္အခဲ ၾကံဳ ေနခ်ိ္န္ ကိုယ့္အနားမွ တစ္ေယာက္မွ ရွိမွာ မပာုတ္ေတာ့ပါ။

2️⃣ ဘာအတြက္ စိတ္ဆိုးမွာလဲ???

✅ စိတ္ဆိုးစရာၿဖစ္ရပ္ေတြမွာ မ်ားေသာအားၿဖင့္ နားလည္မႈလြဲမွားတာေၾကာင့္ ၿဖစ္တာမ်ားပါတယ္။ ကိုယ့္ဘက္၊သူ႕ဘက္မွ်ေအာင္ ၾကည့္တတ္ဖို႔ ၾကိဳးစားပါ။ သူက ကိုယ္ၿပင္ရမယ့္ ကိုယ့္ရဲ႕အားနည္းခ်က္ကို ေထာက္ၿပေနတာပဲလို႔ ယူဆလိုက္ရင္ အဆင္ေၿပမွာပါ။

3️⃣ ဘယ္ေလာက္ၾကာေအာင္ စိတ္ဆိုးမွာလဲ???

✅ လူတစ္ေယာက္ကို စိတ္ဆိုးၿပီး မေၿပာသင့္တာေတြ ေၿပာမိ။ ပာုိလူက ကိုယ့္ကို စိတ္နာၿပီး မေခၚမေၿပာႏိုင္ေတြၿဖစ္။ ကိုယ္က စိတ္ဆိုးတုန္း ခဏပဲ ေဒါသနဲ႔ ေၿပာခ်င္တာေတြ ေၿပာမိတာ။ တကယ္ေတာ့ အၾကာၾကီး စိတ္မဆိုးႏိုင္။ ရလဒ္က ကိုယ္ပဲေနာင္တရတာပါ။ သူတစ္ဖက္သားကို အခ်ိန္အၾကာၾကီး မုန္းတီးၿပီး စိတ္ဆိုးေဒါသထြက္ေနတာပာာ ဘယ္သူ႕အတြက္မွ မေကာင္းပါဘူး။

👉 ဒီလို ေနာင္တရမယ့္ အၿဖစ္ေတြ မၿဖစ္လာေအာင္ စိတ္ဆိုးစရာေတြနဲ႔ ၾကံဳရသည့္တိုင္ စိတ္လိုက္မာန္ပါ မေၿပာမိ၊ မဆိုမိ၊ မလုပ္မိဖို႕ သိပ္အေရးၾကီးပါတယ္။ လ်စ္လ်ဴရႈသင့္တာကို ရႈၿပီး နားလည္ေပးသင့္တာကို နားလည္ေပးရင္ ဘဝၾကီးမွာ ေနထုိင္ရတာ ပိုအဆင္ေၿပလာမွာပါ

Leave a Comment

Your email address will not be published. Required fields are marked *