Sonic Generation

XAUUSD (Daily Chart)

ကမ္ဘာ့ရွှေဈေးကို လေ့လာကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ Wednesday က ရောက်ခဲ့တဲ့ ဈေးဟာ 2013 April 12 ရက်နေ့ နောက်ပိုင်း အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။

1537-1557 Level ဟာလည်း Resistance Zone တစ်ခု ဖြစ်ပါတယ်။
၎င်း Zone နေရာမှာဘဲ ပြီးခဲ့တဲ့ Wednesday က Reversal Candle လို့ ယူဆလို့ရတဲ့ Candle ပေါ်လာခဲ့တာကို အားလုံး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ ၎င်း Candle ရဲ့ နောက် Candle တစ်ခု ဖြစ်တဲ့ မနေ့က ဈေးပိတ်ချိန်မှာတော့ 2 Candle Reversal Pattern ဖြစ်ခဲ့ ပြန်ပါတယ်။

လက်ရှိဈေးရဲ့ အောက် အနီးဆုံး Support Zone ကို ရှာဖွေကြည့်မယ် ဆိုရင် 1479-1492 Level တစ်ခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Trend အနေနဲ့ ကြည့်မယ် ဆိုရင်တော့ 2019 May 29 မှာ စတင်ခဲ့တဲ့ Trend Line တစ်ခုကို အားလုံး မြင်တွေ့ပြီး ဖြစ်ပါလိမ့်မယ်။

ယနေ့ည ၇ နာရီအချိန်မှာလည်း XAUUSD နဲ့ USD အတွဲတွေကို လှုပ်ခတ်စေနိုင်တဲ့ NFP Data, Unemployment Rate တို့ အပြင် ည ၉နာရီခွဲမှာ FED Chair Powel စကားပြောဖို့ ရှိတာကြောင့် ယနေ့အတွက် World Gold အပါအဝင် USD Pairs တော်တော်များများ ဈေးလှုပ်ခတ်နိုင်ပါလိမ့်မယ်။

အနှစ်ချုပ်အနေနဲ့ သုံးသပ်ကြည့်မယ် ဆိုရင်….

  1. Wed ဈေးပိတ်တဲ့ရက်မှာ လာပေါ်တဲ့ Reversal Candle
  2. Thu ဈေးပိတ်တဲ့ ရက်မှာ လာပေါ်တဲ့ Reversal Candle
  3. USD Index ရဲ့ Chart Pattern

စတဲ့ အချက်တွေကြောင့် လက်ရှိဈေးအောက်မှာ အနီးဆုံးရှိနေတဲ့ Support Zone ဖြစ်တဲ့ 1479-1492 Level အထိ ဈေးကျနိုင်ပါတယ်။ ၎င်း Zone နေရာမှာ Trend Line လည်း တည်ရှိနေတာမို့ Bounce ပြန်ဖြစ်ကောင်း ဖြစ်နိုင်ပါသေးတယ်။

အကယ်၍သာ ၎င်း 1479-1492 Support Zone ကို ဖောက်ဆင်းခဲ့မယ် ဆိုရင်တော့ 1434-1450 မှာ Support Zone တစ်ခု ရှိတာကြောင့် ၎င်း Level ထိ ဈေးရောက်သွားနိုင်ကြောင်းပါ ခင်ဗျာ။

ယခု Post လေးဟာ Traders များအတွက် အကျိုးရှိတယ်လို့ ယူဆမိရင် Like, Comment, Share များ ပြုလုပ်ပေးခြင်းဖြင့် နောက်ထပ် Technical Analysis Post လေးတွေရေးဖို့ အတွက် အင်အားများ ဖြစ်စေမှာ ဖြစ်ပါတယ်။

Trader များအားလုံး အမြတ်များများ ရရှိနိုင်ကြပါစေဗျာ…

Leave a Comment

Your email address will not be published. Required fields are marked *