Sonic Generation

“I’m Sorry” တွေကို ရပ်တန့်ရမယ့် အကြောင်းပြချက်

လုပ်ငန်းခွင်ထဲမှာ သုံးနှုန်းဟြေဆိုနေတဲ့ “I’m Sorry” တွေကို ရပ်တန့်ရမယ့် အကြောင်းပြချက်တွေ ပေါ်ပေါက်လာပါပြီ။ အမှားကို သိပြီး မမေ့မလျော့တောင်းပန်ခြင်းဟာ ယဉ်ကျေးမှုတစ်ခုလို့ သတ်မှတ်ပေမယ့် အလွန်အကျွံတောင်းပန်ခြင်းကတော့ ကောင်းတဲ့ အကျိုးပြယုဒ်လုံးဝရှိမနေပါဘူး။ သင်ဟာ Sorry ပေါင်း သောင်းခြောက်ထောင်ကို နှုတ်တိုက်အလွတ်ကျက်မှတ်ပြီး ဟြေဆိုနေတတ်တဲ့သူ ၊ ဒါမှမဟုတ် Sorry လို့ ဟြေခြင်းက စကားနည်း ရန်စဲလို့ ယုံကြည်ထားသူတစ်ယောက်ဆိုရင်တော့ ဒီစာကို ဖတ်ဖို့ လိုနေပါပြီ။

  1. သင်ကိုယ်တိုင် အမှားမလုပ်ပေမယ့် သင်ဟာ အမှားလုပ်ထားသယောင်ယောင်ဖြစ်နေတဲ့ အချိန်ခါမျိုးမှာ မဟြေပါနဲ့။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ သူဌေးတွေဟာ သင်ရဲ့ နေ့တိုင်း နေ့တိုင်းမှာလုပ် ဖြစ်နေတဲ့ မတော်တဆအမှားတွေကိုပါ ထောက်ပြနေတာမို့ပါ။ ဒီလိုအခြေအနေမျိုးမှာ သင်ဟာ တောင်းပန်လိုက်မယ်ဆိုရင်တော့ သင့်ကို ကြိုးစားအားထုတ်မှုမရှိတဲ့သူ၊ အသုံးမကျတဲ့သူလို့ သတ်မှတ်ဖို့ လမ်းကြောင်းဖွင့်ပေးလိုက်သလိုပါပဲ။
  2. သင်မမှားတဲ့ အကြောင်းအရာတွေမှာတောင် တောင်းပန်တတ်နေတယ်ဆိုရင်တော့ လျှော့လိုက်ပါတော့။ ဒါဟာ သင့်ရဲ့ စိတ်ကို သင်ဟာ အမှားများသူတစ်ဦးအဖြစ် သတ်မှတ်ခိုင်းစေနေသလို ၊ အမှန်တကယ်မှားယွင်းသွားတဲ့အချိန်မျိုးမှာ သင်တောင်းပန်ခဲ့ရင် သင့်ရဲ့ တောင်းပန်ခြင်းဟာ လေးနက်မှု မရှိတော့ဘဲ ပြီးရင်ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ ပေါ့ပျက်ပျက်အခြေအနေမျိုးဖြစ်နေမှာပါ။ ဒါ့ကြောင့် တောင်းပန်ခြင်းတွေကို လျှော့ချလိုက်ပါ။
  3. တောင်းပန်ခြင်းနဲ့ အသားကျနေတဲ့ သူတစ်ယောက်ဟာ အလုပ်ခွင် ဧရိယာအတွင်းမှာ အားနည်းနေတယ်လို့ ပြသနေသလိုပါပဲ။ ဒါဟာ သင့်ကိုယ်သင် ယုံကြည်မှုကင်းမဲ့ခြင်းတွေ၊ သံသယဝင်ခြင်းတွေကို ဖြစ်စေတဲ့အပြင် သင့်ကို ခေါင်းဆောင်ပိုင်းကို တွန်းတင်မယ့်လမ်းမှာလဲ အတားအဆီးတစ်ခု ဖြစ်လာပါလိမ့်မယ်။
    သင်ရော….. မတောင်းပန်သင့်တဲ့ နေရာမှာ အလွန်အကျွံတောင်းပန်မိနေပြီလား။ ဆန်းစစ်ပြီး ပြင်ဆင်လိုက်မယ်ဆိုရင်တော့ သင့်အနေနဲ့ ပြီးပြည့်စုံတဲ့ အလုပ်ခွင်ကို ပိုင်ဆိုင်နိုင်မှာပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version



Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *