Sonic Generation

မိမိကိုယ်ကို မိမိ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ နည်းပညာ

မိမိကိုယ်ကို မိမိ ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ နည်းပညာ
ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းလို့ဆိုလိုက်တဲ့ အခါမှာ သင့်အနေနဲ့ တွေဝေသွားကောင်း သွားပါလိမ့်မယ်။ တကယ်တော့ ကျွန်တော်တို့တွေဟာ မွေးကင်းစ အချိန်ကစလို့ ယခုအချိန်အထိ မိမိကိုယ်ကိုမိမိ အရင်းအနှီးတစ်ခုအနေနဲ့ ကြိုးပမ်းလာကြတာပါ။ ဒီလိုအသက်အရွယ်မှာ သင်ဟာ အရင်ထက်ပိုပြီး အောင်မြင်ကျော်ကြားနေတာ ဖြစ်နိုင်သလို ခက်ခဲကျပ်တည်းနေတာတွေလဲ ဖြစ်နိုင်တာမို့ ပိုမိုတိုးတက်အောင် ပြန်လည်ရင်းနှီးမြှုုပ်နှံဖို့ လိုအပ်ပါတယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံကြမလဲ၊

  1. သင့်ကိုယ်သင် ဟြေင်းလဲခွင့်ပြုလိုက်ပါ။
    တစ်ခါတစ်ရံမှာ စိတ်နဲ့ တွေးတော ဆုံးဖြတ်ထားတယ်ဆိုပေမယ့် သင့်ကိုယ်သင် အသိပေးဖို့ လိုအပ်နေပါသေးတယ်။ ဒါမှ သင်ဟာ အခက်အခဲတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် ခွန်အားတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီးတော့ ခြေလှမ်းအသစ်တွေကို ရင်ခုန်မျှော်လင့်နေမှာပဲ ဖြစ်ပါတယ်။
  2. ဟြေင်းလဲမှုတိုင်းကို အသိအမှတ်ပြုပါ။
    သင့်ရဲ့ ဟြေင်းလဲမှုတွေဟာ သင်မျှော်လင့်ထားသလိုလည်း ဖြစ်နိုင်သလို သင်မျှော်လင့်မထားတာတွေလည်း ဖြစ်နိုင်ပါတယ်။ သင်မျှော်လင့်မထားတာတွေ ဖြစ်လာခဲ့ရင်တောင် ပြင်ဆင်နိုင်သေးလို့ သင့်ရဲ့ ကြိုးစားဟြေင်းလဲနေမှုကို အပြစ်မတင်မိပါစေနဲ့။
  3. အဆင့်မကျော်မိပါစေနဲ့။
    ဘယ်လိုကိစ္စမျိုးကိုမဆို အချိန်ပေးပြီး ဆောင်ရွက်ရပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ ဟြေင်းလဲမှုတွေဟာ အခုဟြေင်းလဲ အခုရမှာ မဟုတ်တဲ့ အတွက်ကြောင့် ဖြစ်စဉ်ကြီးတစ်ခုဖြစ်မြောက်ဖို့ အဆင့်တိုင်း အဆင့်တိုင်းကို စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်နေသင့်ပါတယ်။
  4. သင့်ကိုယ်သင် အသစ်ပြန်လည်တီထောင်ခြင်းဖြစ်စဉ်ကို တစ်ခြားဘယ်သူကမှ နားလည်မှာမဟုတ်ပါဘူး။
    လုပ်စရာရှိတာကိုသာ ဆက်လက်လုပ်ဆောင်ပါ။ သင့်အတွက် တာဝန်ရှိသူဟာ သင်ကိုယ်တိုင်ပဲ ဖြစ်တာကြောင့် တစ်ခြားဘယ်သူ့ကိုမှ ဂရုစိုက်နေဖို့ မလိုပါဘူး။ သင့်ဟာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ SuperHeroမဟုတ်တာကြောင့် အမြဲ အဆင်သင့်ရှိနေဖို့လည်း မလိုအပ်ပါဘူး။
  5. ဟြေင်းလဲခြင်းဖြစ်စဉ်တွေထဲမှာ သင်ဟာ အရူးအမူးဖြစ်နေဖို့ မလိုအပ်ပါဘူး။
    တစ်ချို့သောလူတွေဟာ တန်ဖိုးမရှိသော နှစ်သက်ခြင်းတွေနောက်ကို အရူးအမူးလိုက်နေခြင်းဟာ ဝါသနာပါရာကို လုပ်ကိုင်တယ်လို့ မှားယွင်းခေါင်းစဉ်တပ်နေတာကို တွေ့မြင်နိုင်မှာပါ။ သင်ကတော့ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ချိန်ဆပြီး လုပ်ဆောင်သင့်တာမို့ အရူးအမူးဖြစ်နေဖို့ မလိုအပ်ပါဘူး။
  6. ညှိနှိုင်းမှုတွေ ပျော်ရွှင်မှုတွေရှိနေပါစေ။
    သင့်အနေနဲ့ အသည်းအသန်ကြိုးစားနေတဲ့အခါမျိုးမှာ ပင်ပန်းနွမ်းနယ်လာနိုင်တာမို့ ပျော်ရွှင်မှုကို ဖြစ်စေနိုင်မယ့်အရာတွေနဲ့ ညှိနှိုင်းပါ။
  7. သင် ရွေးချယ်တဲ့ ဘယ်လို လမ်းကြောင်းမျိုးအတွက်မဆို သင့်တော်တဲ့ စာအုပ်တွေ အဆင်သင့်ရှိနေပါတယ်.
    စာအုပ်စာပေ လူ့မိတ်ဆွေလို့ ဆိုတဲ့အတိုင်း စာအုပ်တွေကို မေ့ထားလို့ မရပါဘူး။ သင်ဟာ ရှာဖွေလေ တွေ့ရှိလေဖြစ်နေမှာကို ဂရုပြုပါ။
    ဒီလိုနည်းတွေကို အသုံးပြုပြီး အရင်ကျန်ခဲ့တဲ့ ရာစုနှစ်တွေထဲက သင် သဘောမကျခဲ့ သင့်ကို ထားခဲ့လိုက်ပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version

မိမိကိုယ္ကို မိမိ ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံျခင္းဆိုင္ရာ နည္းပညာ
ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံျခင္းလို႔ဆိုလိုက္တဲ့ အခါမွာ သင့္အေနနဲ႔ ေတြေဝသြားေကာင္း သြားပါလိမ့္မယ္။ တကယ္ေတာ့ ကြၽန္ေတာ္တို႔ေတြဟာ ေမြးကင္းစ အခ်ိန္ကစလို႔ ယခုအခ်ိန္အထိ မိမိကိုယ္ကိုမိမိ အရင္းအႏွီးတစ္ခုအေနနဲ႔ ႀကိဳးပမ္းလာၾကတာပါ။ ဒီလိုအသက္အ႐ြယ္မွာ သင္ဟာ အရင္ထက္ပိုၿပီး ေအာင္ျမင္ေက်ာ္ၾကားေနတာ ျဖစ္ႏိုင္သလို ခက္ခဲက်ပ္တည္းေနတာေတြလဲ ျဖစ္ႏိုင္တာမို႔ ပိုမိုတိုးတက္ေအာင္ ျပန္လည္ရင္းႏွီးျမႇဳုပ္ႏွံဖို႔ လိုအပ္ပါတယ္။ ဘယ္လို ရင္းႏွီးျမႇဳပ္ႏွံၾကမလဲ၊

  1. သင့္ကိုယ္သင္ ေၾဟင္းလဲခြင့္ျပဳလိုက္ပါ။
    တစ္ခါတစ္ရံမွာ စိတ္နဲ႔ ေတြးေတာ ဆုံးျဖတ္ထားတယ္ဆိုေပမယ့္ သင့္ကိုယ္သင္ အသိေပးဖို႔ လိုအပ္ေနပါေသးတယ္။ ဒါမွ သင္ဟာ အခက္အခဲေတြကို ရင္ဆိုင္ေျဖရွင္းႏိုင္မယ့္ ခြန္အားေတြကို ပိုင္ဆိုင္ႏိုင္မွာျဖစ္ၿပီးေတာ့ ေျခလွမ္းအသစ္ေတြကို ရင္ခုန္ေမွ်ာ္လင့္ေနမွာပဲ ျဖစ္ပါတယ္။
  2. ေၾဟင္းလဲမႈတိုင္းကို အသိအမွတ္ျပဳပါ။
    သင့္ရဲ႕ ေၾဟင္းလဲမႈေတြဟာ သင္ေမွ်ာ္လင့္ထားသလိုလည္း ျဖစ္ႏိုင္သလို သင္ေမွ်ာ္လင့္မထားတာေတြလည္း ျဖစ္ႏိုင္ပါတယ္။ သင္ေမွ်ာ္လင့္မထားတာေတြ ျဖစ္လာခဲ့ရင္ေတာင္ ျပင္ဆင္ႏိုင္ေသးလို႔ သင့္ရဲ႕ ႀကိဳးစားေၾဟင္းလဲေနမႈကို အျပစ္မတင္မိပါေစနဲ႔။
  3. အဆင့္မေက်ာ္မိပါေစနဲ႔။
    ဘယ္လိုကိစၥမ်ိဳးကိုမဆို အခ်ိန္ေပးၿပီး ေဆာင္႐ြက္ရပါတယ္။ ဒါ့ေၾကာင့္ သင့္ရဲ႕ ေၾဟင္းလဲမႈေတြဟာ အခုေၾဟင္းလဲ အခုရမွာ မဟုတ္တဲ့ အတြက္ေၾကာင့္ ျဖစ္စဥ္ႀကီးတစ္ခုျဖစ္ေျမာက္ဖို႔ အဆင့္တိုင္း အဆင့္တိုင္းကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ၾကည့္ေနသင့္ပါတယ္။
  4. သင့္ကိုယ္သင္ အသစ္ျပန္လည္တီေထာင္ျခင္းျဖစ္စဥ္ကို တစ္ျခားဘယ္သူကမွ နားလည္မွာမဟုတ္ပါဘူး။
    လုပ္စရာရွိတာကိုသာ ဆက္လက္လုပ္ေဆာင္ပါ။ သင့္အတြက္ တာဝန္ရွိသူဟာ သင္ကိုယ္တိုင္ပဲ ျဖစ္တာေၾကာင့္ တစ္ျခားဘယ္သူ႔ကိုမွ ဂ႐ုစိုက္ေနဖို႔ မလိုပါဘူး။ သင့္ဟာ ဘယ္သူတစ္ဦးတစ္ေယာက္ရဲ႕ SuperHeroမဟုတ္တာေၾကာင့္ အၿမဲ အဆင္သင့္ရွိေနဖို႔လည္း မလိုအပ္ပါဘူး။
  5. ေၾဟင္းလဲျခင္းျဖစ္စဥ္ေတြထဲမွာ သင္ဟာ အ႐ူးအမူးျဖစ္ေနဖို႔ မလိုအပ္ပါဘူး။
    တစ္ခ်ိဳ႕ေသာလူေတြဟာ တန္ဖိုးမရွိေသာ ႏွစ္သက္ျခင္းေတြေနာက္ကို အ႐ူးအမူးလိုက္ေနျခင္းဟာ ဝါသနာပါရာကို လုပ္ကိုင္တယ္လို႔ မွားယြင္းေခါင္းစဥ္တပ္ေနတာကို ေတြ႕ျမင္ႏိုင္မွာပါ။ သင္ကေတာ့ ျဖစ္သင့္တာနဲ႔ ျဖစ္ခ်င္တာကို ခ်ိန္ဆၿပီး လုပ္ေဆာင္သင့္တာမို႔ အ႐ူးအမူးျဖစ္ေနဖို႔ မလိုအပ္ပါဘူး။
  6. ညႇိႏႈိင္းမႈေတြ ေပ်ာ္႐ႊင္မႈေတြရွိေနပါေစ။
    သင့္အေနနဲ႔ အသည္းအသန္ႀကိဳးစားေနတဲ့အခါမ်ိဳးမွာ ပင္ပန္းႏြမ္းနယ္လာႏိုင္တာမို႔ ေပ်ာ္႐ႊင္မႈကို ျဖစ္ေစႏိုင္မယ့္အရာေတြနဲ႔ ညႇိႏႈိင္းပါ။
  7. သင္ ေ႐ြးခ်ယ္တဲ့ ဘယ္လို လမ္းေၾကာင္းမ်ိဳးအတြက္မဆို သင့္ေတာ္တဲ့ စာအုပ္ေတြ အဆင္သင့္ရွိေနပါတယ္.
    စာအုပ္စာေပ လူ႔မိတ္ေဆြလို႔ ဆိုတဲ့အတိုင္း စာအုပ္ေတြကို ေမ့ထားလို႔ မရပါဘူး။ သင္ဟာ ရွာေဖြေလ ေတြ႕ရွိေလျဖစ္ေနမွာကို ဂ႐ုျပဳပါ။
    ဒီလိုနည္းေတြကို အသုံးျပဳၿပီး အရင္က်န္ခဲ့တဲ့ ရာစုႏွစ္ေတြထဲက သင္ သေဘာမက်ခဲ့ သင့္ကို ထားခဲ့လိုက္ပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *