Sonic Generation

အချိန်များအား စီမံခြင်းဆိုင်ရာ အချက်အလက်မျာ

အချိန်များအား စီမံခြင်းဆိုင်ရာ အချက်အလက်များ။

  • သင့်အနေနဲ့ သတ်မှတ်ထားတဲ့ အချိန်တွင်းမှာ သတ်မှတ်ထားတာတွေ ပြီးအောင်လုပ်ဖို့ ကြိုးစားပါ။ ပြီးနိုင်ပါ့မလား တွေးနေခြင်းနဲ့ သင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။
  • ကြားချိန်လေးတွေလည်း သတ်မှတ်ထားပါ။ သင့်အနေနဲ့ အချိန်တွေ အရမ်း ကျပ်နေအောင် သတ်မှတ်ထားဖို့ မလိုအပ်ပါဘူး။ သင့်အနေနဲ့ တစ်စုံတစ်ခု အမှားလုပ်မိတဲ့ အခါ ပြင်ဆင်ဖို့အတွက်လည်း အချိန်လေး နည်းနည်းလောက် ဟထားပေးသင့်ပါတယ်။
  • သင်ဟာ တစ်ချိန်လုံးအလုပ်လုပ်နေနိုင်တာ မဟုတ်တဲ့ အတွက်ကြောင့် အလုပ်လုပ်နိုင်နေတဲ့ အချိန်တွေကို ဖြုန်းတီးဖို့ မကြိုးစားပါနဲ့။
  • သင်ဟာ တစ်နေကုန် အလုပ်မလုပ်နိုင်ပါဘူး။ ဒါကြောင့် သင့်အနေနဲ့ ပြန်လည် အားဖြည့်နိုင်ဖို့ အားလပ်ချိန်လေးတွေကိုလည်း ထည့်သွင်းထားလိုက်ပါဦး။
  • အလုပ်နှစ်ခု တစ်ပြိုင်နက်တည်း လုပ်ခြင်းဟာ အမှားများစေတာမို့ တစ်ကြိမ်ကို အလုပ်တစ်ခုသာ လုပ်ကိုင်နိုင်ဖို့ ကြိုးစားပါ။
  • Deadlineလေးတွေ သတ်မှတ်ပြီးလုပ်ဆောင်ကြည့်ခြင်းက သင့်ရဲ့ အလုပ်တွေကို ပြီးမြောက်စေမယ့် နည်းလမ်းတစ်ခုဆိုလည်း မမှားပါဘူး။
  • အချိန်အပိုင်းအခြားလေးတွေအလိုက် လိုက်ပါစီးမြောလုပ်ဆောင်ဖို့ စီမံပါ။ ဥပမာ- မနက်ခင်းမှာ သင်ဘာတွေ လုပ်သင့်လဲ။ ထို့နည်းတူ နေ့လည်ခင်း၊ ညနေခင်းတွေ စသည်ဖြင့် စီမံဆောင်ရွက်ထားပါ။
  • ဘယ်လိုအခြေအနေမျိုးပဲဖြစ်စေ လုပ်ဆောင်ပါ။ သင်ချမှတ်ထားတဲ့ လုပ်ငန်းဆောင်တာဟာ သေးငယ်နေတယ်ဆိုရင်တောင် လုပ်ဆောင်မြဲလုပ်ဆောင်နိုင်ဖို့ စဉ်းစားပါ။
  • ဦးစားပေးစာရင်းကို ဆောင်ရွက်ပါ။ သင့်အနေနဲ့ လုပ်ကိုင်စရာ အလုပ်တွေ ပြွတ်သိပ်ကျပ်နေအောင် များနေပြိဆိုရင်တော့ ဦးစားပေးတွေကို ဆွဲထုတ်ပြီး စတင်ဆောင်ရွက်ပါ။
  • သင့်ရဲ့ အချိန်ဇယားထဲမှာ ခရီးသွားဖို့နဲ့ စိတ်အပန်းဖြေဖို့တွေလည်း ပါပါစေ။
  • အပိုင်းအခြားလေးတွေနဲ့ လုပ်ပါ။ အလုပ်ကို အချိန်အကြာကြီး တစ်ဆက်တည်း လုပ်ကိုင်ခြင်းထဲ အပိုင်းလေးတွေ ပိုင်းပိုင်းပြိး နားနားလုပ်ခြင်းက ပိုမို ထိရောက်ပါတယ်။
  • လုပ်ငန်းဆောင်တာ အကြီးကြီးတွေကို ဆောင်ရွက်ဖို့အတွက် လွယ်ကူစေရန် ခွဲခြမ်းစိတ်ဖြာလိုက်ပါ။
  • NOTEရေးတဲ့ အကျင့်ကို ကျင့်ပါ။ သင်ဟာ အလုပ်များသူတစ်ယောက်ဖြစ်နေမယ်ဆိုရင် NOTE မှတ်ထားခြင်းက သင့်အလုပ်တွေကို မှတ်မိနေစေမှာပါ။
  • သင်ရဲ့ အရေးကြီး စာရွက်စာတမ်းတွေ NOTEတွေကို ရှာဖွေရ လွယ်ကူတဲ့ နေရာမှာ သိမ်းဆည်းထားပါ။ ရှာဖွေခြင်းဖြင့် အချိန်မဖြုန်းလိုက်ပါနဲ့။
  • လုပ်ဆောင်နိုင်မယ့် အရာတွေကို အရင်ဆုံးပြီးအောင် လုပ်ဆောင်ပြီးမှသာ မလုပ်ဆောင်နိုင်တာတွေကို တွေးတော လုပ်ဆောင်ပါ။
  • စိတ်စွမ်းအားတွေ စိတ်အားတက်ကြွမှုတွေကို အနှောက်အယှက်ပေးနိုင်မယ့် ဘယ်လိုအရာမျိုးကိုမဆို လှည့်မကြည့်ပါနဲ့။
    #Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Zawgyi Version


    #Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *