ဘယ်လို လူမျိုးက ရင့်ကျက်တဲ့ လူမျိုးလဲ။
ဘယ်လို လူမျိုးကို ရင့်ကျက်တဲ့ လူမျိုးလို့ ပြောနိုင်ပြီလဲ။
ရင့်ကျက်မှုဆိုတာ ဘာကို ခေါ်တာလဲ။
ပတ်ဝန်းကျင်က ခင်ဗျားကို မြင်တဲ့ အမြင်တွေကို သိပ်ဂရုမစိုက်တော့တာကို ရင့်ကျက်တယ်လို့ ခေါ်နိုင်တယ်။
ခင်ဗျားချစ်ရတဲ့ သူတွေက ခင်ဗျားကို ခွဲခွာသွားရင်တောင် ဝမ်းနည်းကြေကွဲမှုတွေ မခံစားတော့ရင် ရင့်ကျက်ပြီလို့ ပြောနိုင်ပြီ။
အခွင့်အရေးတွေ ဆုံးရှုံးသွားရင်တောင်မှ မတုန်မလှုပ်ပဲ နေနိုင်ရင် ဒါက ရင့်ကျက်လာတဲ့ သဘော။
လောကကြီးမှာ ကိုယ့်အတွက် တကယ်ကောင်းတဲ့သူဟာ မိဘတွေပဲ ဆိုတာ သေသေချာချာ နားလည်လာရင် သင်ရင့်ကျက် လာပါပြီ။
နာကျင်စရာ၊ ဝမ်းနည်းစရာနဲ့ ကြုံရင်တောင်မှ ပြုံးပြနိုင်ရင် သင် ရင့်ကျက်လာပါပြီ။
အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ ချီးမွမ်းမှု၊ ကဲ့ရဲ့မှု………. ဒါတွေနဲ့ ပတ်သက်ပြီး ခံစားချက်တွေ မပြင်းထန်တော့ရင် သင်ရင့်ကျက်လာတယ်ဆိုတာ သေချာပါပြီ။