Sonic Generation

အောက်ခြေဘဝမှ စူပါစတား ရှရွတ်ခမ် အဖြစ်သို့

ဘောလိဝုဒ်က အိန္ဒိယရုပ်ရှင်ကားတွေက ဟောလိဝုဒ် ရုပ်ရှင်ကားတွေကို အမှီလိုက်နိုင်နေပါပြီ။

ဘောလိဝုဒ်စူပါစတားတွေကလည်း ကမ္ဘာကျော် သရုပ်ဆောင်တွေ ဖြစ်လာကြပါပြီ။

အပြိုင်အဆိုင်များလှတဲ့ ဒီလောကမှာ အောင်မြင်မှုကို အချိန်ကြာကြာထိန်းထားနိုင်ဖို့ဆိုတာ လွယ်ကူတယ်လို့ မဆိုနိုင်ပါဘူး။

အချို့ဆိုရင် ဆူးခင်းတဲ့ လမ်းကို လျှောက်ပြီးမှသာ ဒီလို အောင်မြင်မှုကို ရယူနိုင်ခဲ့တာပါ။

ဒီအထဲက တစ်ယောက်ကို ပြောပါဆိုရင် မြန်မာပရိသတ်တွေနဲ့ မစိမ်းတဲ့ ကမ္ဘာကျော် အိန္ဒိယသရုပ်ဆောင် မင်းသား ရှရွတ်ခမ်း ပါ။

ငယ်စဉ်က မည်မျှထိတောင် ဆင်းရဲခဲ့လဲဆိုရင် ရုပ်ရှင်ရုံမှာ ရုပ်ရှင်ကား သွားကြည့်ဖို့တောင် ပိုက်ဆံ မတတ်နိုင်ခဲ့ပါဘူး။

မွမ်ဘိုင်းမြို့ရဲ့ လမ်းမပေါ်မှာ အိမ်ခြေရာမဲ့အဖြစ်နဲ့ အိပ်စက်ခဲ့ရဖူးပါတယ်။

သူ ပထမဆုံး ရခဲ့တဲ့ လစာက ရူပီး ၅၀ ပါ။

ရုပ်ရှင်ကို ဝါသနာပါလွန်းတဲ့သူဟာ သရုပ်ဆောင်လောကကို ဝင်ရောက်ဖို့ ရုပ်ရှင်မြို့တော် ဆီကို သွားခဲ့ရာမှာ လမ်းစရိတ်မရှိလို့ သူငယ်ချင်းဖြစ်သူထံက ရူပီး ၂၀ ချေးခဲ့ရဖူးပါတယ်။

နောက်ခံလည်း မရှိ၊ ငွေလည်း မရှိတဲ့ သူဟာ ရုပ်ရှင်ကားပေါင်းများစွာမှာ နှစ်ပေါင်းများစွာ ဖြတ်လျှောက်အဆင့်လိုမျိုး နိမ့်ကျတဲ့ အဖြစ်နဲ့ ရုန်းကန်ခဲ့ပြီးမှ အခု ကျွန်တော်တို့ သိလာတဲ့ ရှရွတ်ခမ်း ဆိုတာ ဖြစ်လာပါတယ်။

ဘယ်လောက် နိမ့်ကျတဲ့ ဘဝ မျိုးပဲ ဖြစ်ပါစေ၊

ဝါသနာနဲ့ ယုံကြည်ချက်ရှိရင် တစ်နေ့တော့ အောင်မြင်လာနိုင်တယ်ဆိုတာ ရှရွတ်ခမ်း က သက်သေပြနိုင်ခဲ့တာပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *