Sonic Generation

အပြောထက် အလုပ်နဲ့ သက်သေပြပါ

အယ်လွန်မတ်စ် ကို မိတ်ဆွေ သိပါသလား။

၂၁ ရာစုရဲ့ “Ironman” လို့ တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ အထိကို ထူးချွန်တဲ့ သူပါ။

သူက ကမ္ဘာကြီးအတွက် ပိုကောင်းပြီး ပိုစိတ်ချရတဲ့ ငွေကြေးဝန်ဆောင်မှုတစ်ခု ဖန်တီးပေးချင်ခဲ့တယ်။
ဒီအတွက် သူ “Paypal” ကို တီထွင်ခဲ့တယ်။
အပြောထက် အလုပ်နဲ့ သက်သေပြခဲ့တယ်။

ပတ်ဝန်းကျင်ကို မညစ်ညမ်းစေတဲ့ လျှပ်စစ်ကားတွေ လိုအပ်တယ်လို့ သူမြင်ခဲ့တယ်။
“Tesla Motors” ကို သူ တည်ထောင်ခဲ့တယ်။
အပြောထက် အလုပ်နဲ့ သက်သေပြနိုင်ခဲ့တယ်။

အချိန်ကုန်သက်သာဖို့ ပိုမြန်တဲ့ သယ်ယူပို့ဆောင်ရေး စနစ်တစ်ခု သူလိုချင်ခဲ့တယ်။
ဒီအတွက် “Hyperloop” ကို သူတည်ထောင်ခဲ့တယ်။
အပြောထက် အလုပ်နဲ့ သက်သေပြနိုင်ခဲ့တယ်။

လူသားမျိုးနွယ်ဟာ အာကာသထဲမှာ ဒီထက်ပိုပြီး လေ့လာစူးစမ်းမှုတွေ လုပ်ဖို့ လိုတယ်လို့ သူယုံကြည်ခဲ့တယ်။
ဒီအတွက် သူ “SpaceX” ကို တည်ထောင်ခဲ့တယ်။
အပြောထက် အလုပ်နဲ့ သက်သေပြနိုင်ခဲ့ပြန်တယ်။

စကားလုံးတွေအဖြစ်နဲ့ကတော့ ဘယ်သူမဆို ပြောနိုင်ပါတယ်။

အလုပ်နဲ့ သက်သေပြဖို့ကတော့ လူစွမ်းကောင်းတွေပဲ တတ်နိုင်မှာပါ။

“လူပြောမသန်၊ လူသန် မပြော” ဆိုတဲ့ စကားကို မမေ့သင့်ပါ။

အပြောလေးတွေ လျှော့ပြီး
အလုပ်နဲ့ပဲ သက်သေပြဖို့
အချိန်တန်ပါပြီ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *