Sonic Generation

အတွေ့အကြုံက စကားပြောပါတယ်

အတွေ့အကြုံက စကားပြောပါတယ်… အတွေ့အကြုံရဲ့ အသံကို လွယ်လွယ်ကူကူ ကြားချင်တယ်ဆိုရင်တော့ အတွေ့အကြုံရှိတဲ့သူတွေနဲ့ စကားပြောပါ… အတွေ့အကြုံတွေကို တစ်နေရာတည်းမှာ တစ်ထိုင်တည်း စုမိဆောင်းမိဖြစ်နိုင်ပါတယ်…
အတွေ့အကြုံရှိတဲ့ လူတွေနဲ့ တွေ့ဆုံသင့်တဲ့ အချိန် 6ချိန်ကိုပြောပြပါမယ်….

  • သင်ဟာ သင့်ရဲ့ လက်ရှိရောက်နေတဲ့ နေရာကို စိတ်တိုင်းမကျဖြစ်နေပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ စကားပြောပါ… တိုင်ပင်ပါ…အကြံဉာဏ်ရယူပါ… စကားပြောခြင်းအားဖြင့် သင်ဟာ ထိုအခက်အခဲကို လက်ခံမလား.. တစ်ခုခုလုပ်မလားဆိုတာမျိုးကို ဆုံးဖြတ်နိုင်လာပါလိမ့်မယ်… သင့်ရဲ့ ကိစ္စတိုင်းက သင့်ကို အမြဲတမ်း အငိုသန်တဲ့ ကလေးတစ်ယောက်အဖြစ်ကို တွန်းပို့နေတယ်ဆိုရင်တောင် သင် ဆုံးဖြတ်တတ်လာပါလိမ့်မယ်…
  • သင်ဟာ ကိစ္စကြီးတစ်ခုကို စပြီး ကြိုးစားဆောင်ရွက်နေတဲ့ အချိန်မှာ အတွေ့အကြုံရင့်သန်တဲ့သူတွေနဲ့ စကားပြောပါ… သင့်ကဲ့ ပထမဆုံးနဲ့ အကြီးကျယ်ဆုံး ကြိုးစားအားထုတ်မှုကြီး ကျဆုံးသွားခဲ့ရင်တောင် သင်သာ စိတ်ဓာတ်ကျမသွားပဲ အရှုံးထဲက အမြတ်ကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်…

-လူတွေနဲ့ ဆက်နွှယ်ရမယ့်အချိန်မှာ စကားပြောပါ… ဒါမှသာ သင်ဟာ လက်တွေ့သမားနဲ့ အပြောသမားရဲ့ ကွာခြားချက်ကို သိလာမှာဖြစ်ပြီး… နောက်ပိုင်းမှာတော့ သင်သာ သင့်အပေါ် လူတွေရဲ့ အပြောတစ်ခုတည်းကိုပဲ ကြည့်ပြီး မယုံရမှာကို သိလာမယ့်အပြင် လူတွေရဲ့ အပြုအမူတွေပေါ်မှာလည်း သင် အကဲခတ် သုံးသပ်တတ်လာပါလိမ့်မယ်

  • သင် အမှားတွေ လုပ်မိတိုင်းမှာ စကားပြောပါ… အတွေ့အကြုံရှိတဲ့ သူတွေဟာ သင့်ရဲ့အမှားကို သင် တာဝန်ယူတတ်ဖို့ သင်ပေးပါလိမ့်မယ်… ဒါဟာ သင့်အတွက် ပထမဆုံးအကြိမ် သင့်အမှားကို လက်ခံပြီး ဖြေရှင်းရတာ ဖြစ်နေမယ်ဆိုရင် ခက်ခဲကောင်း ခက်ခဲနေနိုင်ပေမယ့် တခြားသူတွေက အသိအမှတ်ပြုလာမယ့် သင့်ရဲ့ ရိုးသားမှုတွေ တာဝန်သိမှုတွေကြောင့် သင့်ကို ပိုပြီး တိုးတက်လာစေမှာပါ…

-တစ်နေရာရာမှာ ထူးချွန်ချင်လာတဲ့အခါ စကားပြော တိုင်ပင်ပါ… သင်ဟာ တစ်နေရာရာမှာ ထူးချွန်အောင်မြင်ချင်တယ်ဆိုရင် သင့်ဘဝကို လွယ်လင့်တကူ သာသာယာယာနဲ့ ဖြတ်သန်းလို့ မရဘူးဆိုတာကို သိလာမှာဖြစ်ပြီး… သင့်ကို မီးကုန်ယမ်းကုန် ကြိုးစားချင်စိတ်ပေါက်လာစေပါလိမ့်မယ်…
-အတိတ်တွေထဲကနေ ရုန်းမထွက်နိုင်တဲ့ အချိန်တိုင်းမှာ စကားပြောတိုင်ပင်ပါ… အတိတ်မှာနေထိုင်ခြင်းဟာ သင့်ဘဝရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အလွန်အကျွံ ဖြုန်းတီးနေတာဖြစ်ကြောင်း သတိပြုမိလာပါလိမ့်မယ်
ဒီလိုနဲ့ပဲ သင်ဟာ ဗဟုသုတ ဟင်းလေးအိုးကြီး ဖြစ်လာမှာပါ… ဒါ့အပြင် သင်ဟာ ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်သင့်လဲဆိုတာကိုလည်း ကောင်းကောင်းနားလည်နိုင်လာမှာပါ… အတွေ့အကြုံဆိုတာ သူတစ်ပါးဆီကနေလဲ ရနိုင်ပါတယ်… နားများများစွင့်ပါ…

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *