လူတစ်ယောက် အောင်မြင်ရင် အဲ့ဒီလူဟာ အောင်မြင်မှုကို လွယ်လွယ်ကူကူ ရခဲ့တယ်လို့ လူအများစုက ထင်တတ်ကြတယ်။
အောင်မြင်မှုရဲ့ အသီးအပွင့်တွေ ခံစားနေတာကိုပဲ မြင်ပြီး အောင်မြင်မှုရဖို့ ဘယ်လောက်ထိ ပေးဆပ်ခဲ့ကြရတယ်ဆိုတာကို မမြင်ကြပါဘူး။
နောက်ခံမရှိပဲ အောင်မြင်မှုတွေ အရယူနိုင်ခဲ့ကြတဲ့သူတွေအဖို့ အောင်မြင်မှု ကြီးလေလေ ပေးဆပ်မှု ကြီးလေလေဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ အကြောင်းအရာတော့ မဟုတ်ပါဘူး။
အောင်မြင်မှု ရဖို့အတွက် သူတို့တွေဟာ …………….
သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို စွန့်လွှတ်ခဲ့ရတယ်။
တခြားသူတွေ ပျော်မြူးနေချိန် တစ်ကိုယ်တည်း မျက်ရည်ကျခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တယ်။
ပုံမှန်ထက် သတ္တိပိုရှိခဲ့ရတဲ့ အချိန်တွေ ရှိခဲ့တယ်။
စိတ်ပျက်မှုများစွာ၊ မအောင်မြင်မှုများစွာ၊ ဝေဖန်ကဲ့ရဲ့မှုများစွာတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။
အပြောင်းအလဲတွေ အများကြီး လုပ်ခဲ့ရတယ်။
ဒီလို အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ လူတိုင်း အထင်ကြီးလေးစားအားကျတဲ့ ဘဝမျိုးကို ပိုင်ဆိုင်နိုင်ခဲ့ကြတာပါ။
အောင်မြင်ချင်ရင် အောင်မြင်တဲ့သူတွေကို အတုယူပါ။
သူတို့တွေ ဘယ်လို အခက်အခဲတွေကို ရင်ဆိုင်ခဲ့ကြရလဲ ဆိုတာ နားလည်အောင် လုပ်ပါ။
ကိုယ်တိုင်လည်း ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားပါ။