ငွေရှာပါ၊ ငွေစုပါ
ဒီခေတ်ကြီးထဲ အရေးပါဆုံးက ငွေပါ။
ဒါက ငြင်းချင်ပေမယ့် ငြင်းလို့ မရတဲ့ အရာတစ်ခုပါ။
သွေးရင်းသားရင်း မိသားစုထဲမှာတောင်
ငွေရှာနိုင်တဲ့သူက မျက်နှာပိုပွင့်ပါတယ်။
ဒါက အမှန်တရားပါ။
သူငယ်ချင်းတွေထဲ ငွေပိုရှာနိုင်တဲ့သူ
ရင်ကော့ပြီး ပြောသမျှစကား အောင်ပါတယ်။
ရပ်ကွက်ထဲမှာလည်း
ချမ်းသာတဲ့သူက ပိုပြီး အလေးပေးခံရပါတယ်။
ငွေက ဒုတိယဘုရားသခင်ဆိုတာ
အလကား စကား မဟုတ်ပါ၊
အချိန်တွေ မဖြုန်းပါနဲ့တော့။
ငွေရှာပါ။
ငွေရှာနိုင်တဲ့ ပညာတွေ သင်ယူပါ။
ငွေစုပါ။
ဖြုန်းဖို့ မစဉ်းစားပါနဲ့။