လူငယ်တစ်ယောက်က ပြောတယ်။
“သူနဲ့ သူ့သူငယ်ချင်းတစ်ယောက် အတူတူ အလုပ်လျှောက်ရာမှာ သူမရပဲ သူငယ်ချင်းပဲ ရသွားတယ်တဲ့
နှစ်ယောက်က ဘွဲ့လည်း တူတယ်၊ ဒီပလိုမာ ရထားတာတွေလည်း တူတယ်။
ဘာမတူဘူးလည်းဆိုရင် ဘာသာစကားကျွမ်းကျင်မှုပါ။
သူငယ်ချင်းက သူ့ထက် အဂ်လိပ်စာ ပိုကျွမ်းတယ်။
ဒီတစ်ချက်ကြောင့်ပဲ သူကျန်ခဲ့တာပါ။
ယနေ့ခေတ် လူငယ်တွေအတွက် ဘာသာစကားကျွမ်းကျင်မှုက သိပ်အရေးကြီးပါတယ်။
ကိုယ်ကျွမ်းရင် ကျွမ်းသလောက် အလုပ်အကိုင် အခွင့်အလမ်း၊ လစာ ………..ဒါတွေ ကွာသွားပါလိမ့်မယ်။
နောက်ပိုင်းနှစ်တွေမှာ ဂျပန်လိုမျိုး မြန်မာပြည်ကို အမြဲကူညီနေတဲ့ နိုင်ငံတွေကနေ ဒီမှာ စက်ရုံ၊ အလုပ်ရုံတွေ အများကြီး လာဖွင့်တော့မှာပါ။
ဒီအခါ ဂျပန်စကားတတ်ကျွမ်းတဲ့သူက ပိုအားသာပါလိမ့်မယ်။
ဒါကြောင့်မို့လို့ လူငယ်တွေအနေနဲ့ အားလပ်ချိန်တွေမှာ ဂိမ်းဆော့၊ အင်တာနက်သုံး၊ လက်ဖက်ရည်ဆိုင် ထိုင်တာနဲ့ပဲ အချိန်ကုန်မခံပဲ ဘဝအတွက် အာမခံချက်ပေးနိုင်မယ့် ဘာသာစကားတစ်မျိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားသင့်ကြောင်း ရေးသားလိုက်ရပါတယ်။