လူတွေ အများစုက ဘဝမှာ အရေးမကြီးတာတွေနဲ့ပဲ အချိန်ကုန်နေတယ်ဆိုရင် မိတ်ဆွေလက်ခံမှာလား။
ဒါကြောင့်မို့လို့ လောကမှာ အောင်မြင်ကြီးပွားနေသူနည်းပြီး သာမန်လူတွေ များနေတာပါ။
အောင်မြင်ကြီးပွားနေသူတိုင်းဟာ သူတို့အတွက် အရေးကြီးတဲ့ အရာတွေကို သေသေချာချာ သိကြတယ်။
အရေးကြီးတာနဲ့ အရေးမကြီးတာကို သေသေချာချာ နားလည်ကြတယ်။
အရေးကြီးတဲ့ အရာကိုပဲ ဉီးစားပေးကြတယ်။
အောင်မြင်ချင်တဲ့ လူငယ်တစ်ယောက်အဖို့ ဒါက သိပ်အရေးကြီးတယ်။
ဂိမ်းဆော့မလား၊ အကျိုးရှိမယ့် သင်တန်းတက်မလားဆိုရင် ဘာကို ရွေးချယ်မလဲ။
စာဖတ်မလား၊ အင်တာနက်ပေါ်မှာပဲ အချိန်ကုန်မလား ဆိုရင် ဘာကို ရွေးမလဲ။
ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ခံစားချက်တွေနဲ့ အလုပ်ကိစ္စကို ဘယ်တော့မှ မရောထွေးလိုက်ပါနဲ့။
ဘာက ပိုအရေးကြီးတယ်ဆိုတာကို သိအောင် လုပ်ပါ။
ပြီးရင် အရေးကြီးဆုံးအရာကို ချက်ချင်း လုပ်သင့်ရင် လုပ်ပါ။