Sonic Generation

အချိန်ကိုတန်ဖိုးထားခြင်းသည် ဘဝကို တန်ဖိုးထားခြင်းပင်

ကမ္ဘာကျော် စစ်ဘုရင်တစ်ဉီးဖြစ်တဲ့ နပိုလီလျန်ဟာ တစ်ခေတ်တစ်ခါက အင်မတန် နာမည်ကြီးခဲ့သူ တစ်ယောက်ပါ။

သူဟာ စစ်ပွဲပေါင်းများစွာကို အနိုင်တိုက်နိုင်ခဲ့ပြီး ပြင်သစ်အင်ပါယာကြီးကို အုပ်ချုပ်နိုင်ခဲ့တယ်။

ဒါပေမယ့် သူဟာ ဝါတာလူးစစ်ပွဲမှာ အဂ်လိပ်တွေကို ရှုုံးနိမ့်ခဲ့ရတယ်။

ရလဒ်အနေနဲ့ သူ့အင်ပါယာကြီးကို လက်လွတ်ခံလိုက်ရပြီး ကျွန်းလေးတစ်ကျွန်းမှာ အကျဉ်းသားအဖြစ်နဲ့ပဲ ဘဝနိဂုံးချုပ်သွားခဲ့ရတယ်။

ဒီလောက်ထိ အင်မတန် စစ်ရေးကျွမ်းကျင်ပြီး ရဲရင့်တဲ့ စစ်ဘုရင်ကြီးဟာ ဝါတာလူးစစ်ပွဲမှာ ဘာကြောင့် ရှုံးနိမ့်ခဲ့ရတာလဲ။

အဂ်လိပ်တွေက သူ့ထက် စစ်အင်အားပိုကြီးလို့လား။ လက်နက်ပိုကောင်းလို့လား။

သူစစ်ရှုံးရတဲ့ အကြောင်းရင်းကို သူကိုယ်တိုင် ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

အဂ်လိပ်တွေကို စစ်ရှုံးခဲ့ရတာဟာ လက်နက်၊ လူသူအင်အား ကွာနေလို့ မဟုတ်။ သူ့အနေနဲ့ စစ်ကူပေးရမယ့် စစ်နယ်မြေကို ရောက်ဖို့ တစ်နာရီ နောက်ကျ ခဲ့တာကြောင့် လို့ သူ နောင်တတကြီးနဲ့ ပြောခဲ့တာပါ။

အချိန်လေး တစ်နာရီ နောက်ကျတာဟာ စစ်ဘုရင်ဘဝကနေ သုံ့ပန်းဘဝကို ရောက်ရှိသွားစေနိုင်တယ်။

မဆိုစလောက် အချိန်အနည်းငယ် နောက်ကျခြင်းကလည်း ကိုယ်ရသင့်တဲ့ အခွင့်အလမ်းတွေကို လက်လွတ်ဆုံးရှုံးရတာမျိုး ဖြစ်စေနိုင်တယ်။

အလုပ်နောက်ကျလို့ လစာ အမြဲဖြတ်ခံနေရတာမျိုး၊
ကျောင်းနောက်ကျလို့ ဒဏ်ပေးခံနေရတာမျိုး…………..

ငါးမိနစ်၊ ဆယ်မိနစ် နောက်ကျရာကနေ နာရီဝက်၊ တစ်နာရီ နောက်ကျတာလိုမျိုး အကျင့်ပါသွားတတ်တယ်။

ဒီအတွက်ကြောင့် ရသင့်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးကုန်ပြီး ဘဝ တိုးတက်ရေးအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့်မို့လို့ အချိန်ကို လေးစားပါ၊ တန်ဖိုးထားပါ။

အချိန်ကို လေးစားတန်ဖိုးထားခြင်းဟာ ဘဝကို လေးစားတန်ဖိုးထားခြင်းနဲ့ အတူတူ ပါပဲ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *