ငွေဟာ လူတိုင်းရဲ့ သည်းခြေကြိုက်။
ဒါပေမယ့် ငွေထက် အရေးကြီးတဲ့ အရာတွေ အများကြီးရှိတယ်ဆိုတာ မိတ်ဆွေ ယုံကြည်ပါသလား။
ဒီလိုအရေးကြီးတဲ့ အရာတွေထဲမှာ မိတ်ဆွေစစ်လည်း ပါပါတယ်။
မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ တရားတွေထဲမှာ လောကီချမ်းသာအတွက်သာမက နိဗ္ဗာန်ချမ်းသာကို ရဖို့ မိတ်ဆွေကောင်း၊ မိတ်ဆွေစစ် တွေဟာ သိပ်ပြီး အရေးကြီးတယ်ဆိုတဲ့ အကြောင်း ပါပါတယ်။
ဒါပေမယ့် အချို့သူတွေက ဘဝအတွက် အင်မတန် အရေးကြီးတဲ့ မိတ်ဆွေကောင်းကို ငွေလောက် တန်ဖိုးမထားတတ်ကြဘူး။
ငွေနဲ့ မိတ်ဆွေစစ်ကို လဲဝံ့ကြတယ်။
ဆင်းရဲနေတဲ့ အချိန်မှာ မိတ်ဆွေကောင်း ဖြစ်နေနိုင်ပေမယ့်
အောင်မြင်မှု၊ ငွေကြေးချမ်းသာကြွယ်ဝမှု၊ ဂုဏ်အရှိန်အဝါတွေ ရလာတဲ့အခါ
အတ္တတွေ၊ မာနတွေကြောင့် မိတ်ဆွေကောင်းကို ပစ်ပယ်တတ်ကြတယ်။
သာမန်အချိန်တွေမှာ ဘယ်သူက မိတ်ဆွေစစ်၊ ဘယ်သူက မိတ်ဆွေတု လဲဆိုတာ သိဖို့ မလွယ်ပါဘူး။
မိမိ ဒုက္ခရောက်နေချိန်မှသာ သိနိုင်မှာပါ။
သင့်မှာ မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းတွေ ရှိနေရင် သူတို့ကို ဘယ်လိုအကြောင်းနဲ့မှ မဆုံးရှုံးစေပါနဲ့။ အထူးသတိပြုရမယ့်အချက်က ကိုယ်တိုင်လည်း မိတ်ဆွေစစ် ဖြစ်မှ မိတ်ဆွေစစ်တွေလည်း ကိုယ့်အနားမှာ ရှိနိုင်မှာပါ။