မနာလိုစိတ်ဟာ ရုပ်ရည်ကိုလည်း ပျက်စီးစေတယ်။
မနာလိုစိတ်ဟာ အပြုအမူကိုလည်း ကြမ်းတမ်းစေတယ်။
မနာလိုစိတ်ဟာ အတွေးအခေါ်ကိုလည်း အောက်တန်းကျစေတယ်။
မနာလိုစိတ်ဟာ မှားယွင်းတဲ့ ရူးသွပ်ခြင်း တစ်မျိုး ဖြစ်တယ်။
ပညာရှင်တစ်ဉီးပြောခဲ့တဲ့ မနာလိုစိတ်အကြောင်းပါ။
နာမည်ကျော် စာရေးဆရာတစ်ဉီးကလည်း ဒီလိုဆိုခဲ့ဖူးပါတယ်။
“မွေးမယ့်မွေး ကြက်၊ဘဲ သာမွေးပါ။ မနာလိုစိတ်တော့ လုံးဝ မမွေးပါနဲ့။
ဘာဖြစ်လို့လဲဆိုရင် အကုသိုလ်ဖြစ်မယ်ဆိုရင်တောင် ကြက်သား၊ ဘဲသား စားရလို့ တန်ပါသေးတယ်။
မနာလိုစိတ်မွေးရင်တော့ အလကားသက်သက် သူတစ်ပါးရော၊ ကိုယ်ပါ အကျိုးယုတ် စေပါတယ်”
မနာလိုစိတ် အဓိက ဖြစ်ပွားရတဲ့ အကြောင်းရင်းက မိမိ ဘဝနဲ့ အခြားသူရဲ့ ဘဝတွေ နှိုင်းယှဉ်ခြင်း က စတာပါ။
ဒါကြောင့်မို့လို့ အခြားသူတွေနဲ့ မိမိ ဘဝကို ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။
သူလည်း သူ့ဘဝနဲ့ သူပါ။
သူ့သမိုင်းနဲ့ သူပါ။
ကိုယ်လည်း ကိုယ့်ဘဝနဲ့ ကိုယ်ပါ။
ကိုယ့်သမိုင်းနဲ့ ကိုယ်ပါ။
ကိုယ့်ဘဝကို ကိုယ်တိုင် ကျေနပ်နေရင်
တခြားဘာတွေများ လိုအပ်ပါဉီးမလဲ။