Sonic Generation

နောက်လိုက်ကောင်း ပီသပါစေ

ယနေ့မြန်မာပြည်မှာ နာမည်ကြီးနေတာက ခေါင်းဆောင်ဖြစ်သင်တန်းတွေ။

ဒါတွေက မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။

ဒါပေမယ့် ကျွန်တော့်အမြင်ကို ပြောရရင်တော့ လူငယ်ဘဝမှာ ခေါင်းဆောင်ဖြစ်ဖို့ထက် နောက်လိုက်ကောင်း ပီသအောင် အရင်ကြိုးစားသင့်တယ်လို့ မြင်တယ်။

ကမ္ဘာပေါ်က ခေါင်းဆောင်ကောင်းမှန်သမျှဟာ တစ်ခါတည်းနဲ့ ခေါင်းဆောင် ဖြစ်လာတာ မဟုတ်ပါဘူး။

နောက်လိုက်အနေနဲ့ အချိန်အကြာကြီး နေပြီးမှသာ ခေါင်းဆောင် ဖြစ်လာတာပါ။
နောက်လိုက်အနေနဲ့ နေစဉ်မှာလည်း သာမန် နောက်လိုက်မဟုတ်ပဲ နောက်လိုက်ကောင်း အနေနဲ့ ထမ်းရွက်ခဲ့လို့သာ ခေါင်းဆောင်ရဲ့ သဘောကျမှုကို ရပြီး ခေါင်းဆောင်နေရာကို ရခဲ့တာပါ။

နောက်တစ်ချက်က ခေါင်းဆောင်နေရာကို သိပ်ပြီး တပ်မက်လွန်းတာလည်း အဆင်မပြေပါဘူး။

ခေါင်းဆောင်ဆိုတာ လုပ်ယူလို့လည်း မရပါဘူး။

လုပ်ယူလို့ ရရင်လည်း ဒါက အတုအယောင် ခေါင်းဆောင်ပဲ ဖြစ်ပါလိမ့်မယ်။ စစ်မှန်တဲ့ ခေါင်းဆောင်တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါကြောင့်မို့လို့ လူငယ်တွေအနေနဲ့ နောက်လိုက်ဘဝမှာ နေရစဉ် အတောအတွင်း နောက်လိုက်ကောင်း ပီသအောင် ကြိုးစားပါ။

ကိုယ့်မှာ အရည်အချင်းတွေ ပြည့်ဝလာရင် ခေါင်းဆောင်နေရာကို ထိုက်ထိုက်တန်တန် ရလာမှာ ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *