မန္တလေးမှာ ထမင်းဆိုင် တစ်ဆိုင် ရှိတယ်။
အစကတော့ ရိုးရိုး လမ်းဘေးဆိုင်လေးပါပဲ။
ဒါပေမယ့် ဆိုင်ပိုင်ရှင်က ရိုးသားကြိုးစားတယ်။
သူများဆိုင်တွေ မဖွင့်ခင် အစောကြီး ဖွင့်တယ်။
သူများဆိုင်တွေထက် နောက်ကျမှ ပိတ်တယ်။
ဟင်းအမယ်လည်း သူများထက် ပိုစုံအောင် လုပ်ထားတယ်။
ဆက်ဆံရေးလည်း ကောင်းတယ်။
ဒီလိုကနေ ကြီးပွားလာလိုက်တာ လမ်းဘေးဆိုင်လေးကနေ ကိုယ်ပိုင် ဆိုင်ကြီးတစ်ဆိုင်ကို ပိုင်ဆိုင်ရုံသာမက နောက်ထပ်ဆိုင်ခွဲ သုံးလေးဆိုင်ပါ ဖွင့်နိုင်ခဲ့တယ်။
အောင်မြင်မှုတွေ ရလာတော့ အောက်ခြေလွတ်လာတယ်။
အရက်၊ မိန်းမ၊ လောင်းကစား မျိုးစုံ လုပ်လာတယ်။
ဆိုင်ကိုလည်းကိုယ်တိုင်စီမံခန့်ခွဲမှု မလုပ်တော့ပဲ သူများနဲ့ပဲ လွှဲထားတော့တယ်။
နောက်ဆုံးသူ ဘယ်လို ဖြစ်သွားတယ် ထင်ပါသလဲ။
အခုတော့ သူများ ပေးစာ၊ ကမ်းစာ စားနေရတဲ့ အဆင့်ထိ နိမ့်ကျ သွားရှာတယ်။
ဘာကြောင့်လဲ???
အောင်မြင်မှုကို သိပ်ပြီးယစ်မူးလွန်းလို့။
ကိုယ့်ဘဝကို မေ့လွန်းလို့။
အောက်ခြေလွတ်လွန်းလို့။
မိတ်ဆွေ ရော ဘယ်လို ထင်မြင်ပါသလဲ???