မီးလောင်မှုကြောင့် အသက်ဘေးမှ ကင်းလွတ်လာခဲ့ပေမယ့်လည်း ငါးနှစ်သားလေး ဂလင်းကန်လင်းရဲ့ ခြေထောက်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ပါတယ်။
အစွမ်းကုန် ကုသပေးခဲ့ပေမယ့်လည်း ခြေထောက်က ပုံမှန်ပြန်မဖြစ်ခဲ့ပါဘူး။
“ဒီတစ်သက်တော့ သူ လမ်းပြန်လျှောက်နိုင်မှာ မပာုတ်တော့ဘူး။
သူ့ဘဝတစ်လျှောက်လုံး ဝှီးချဲနဲ့ပဲ နေသွားရတော့မယ်။
သူ့အတွက် မျှော်လင့်ချက် မရှိတော့ဘူး”
ဆရာဝန်တွေက ဒီလို မျှော်လင့်ချက်မဲ့တဲ့ စကားတွေ ပြောခဲ့ပေမယ့်လည်း ဂလင်း တစ်ယောက် စိတ်ပျက်အားလျော့ခြင်း မရှိခဲ့ပါဘူး။
ဒီအတွက်လည်း မိဘတွေနဲ့ မိသားစုဝင်တွေက အစွမ်းကုန် ကူညီပေးခဲ့ပါတယ်။
မိဘတွေက ဂလင်းတစ်ယောက် လမ်းပြန်လျှောက်နိုင်အောင် လေ့ကျင့်ခန်းတွေ နေ့စဉ် လုပ်ဆောင်လေ့ကျင့်ပေးခဲ့တယ်။ ပညာရှင်တွေနဲ့ ဆွေးနွေးပြီး အကြံဉာဏ်တွေ ပုံမှန် ရယူခဲ့တယ်။
ကာယကံရှင်ဖြစ်တဲ့ ဂလင်း ကိုယ်တိုင်လည်း သူတစ်နေ့တော့ လမ်းပြန်လျှောက်နိုင်ရမယ်လို့ ခိုင်မာတဲ့ ရည်ရွယ်ချက်ထားရှိခဲ့တယ်။
နှစ်ပေါင်းများစွာ လေ့ကျင့်မှုတွေကြောင့် ဂလင်းပာာ တဖြည်းဖြည်း လမ်းလျှောက်နိုင်လာတယ်။ ဒီလိုနဲ့ ပြေးနိုင်လာတဲ့အဆင့်ထိ ရောက်လာခဲ့ပါတယ်။
“ကျွန်တော်ပာာ လမ်းပြန်လျှောက်နိုင်ရမယ်လို့ ယုံကြည်ချက် ထားခဲ့ပါတယ်။ အခုတော့ လမ်းပြန်လျှောက်နိုင်ရုံသာမက သူများတွေထက်တောင် ပိုပြီး မြန်မြန် ပြေးနိုင်လာပါပြီ”
သူပြောခဲ့တဲ့ စကားလိုပဲ ၁၉၃၄ ခုနှစ်မှာ နာမည်ကျော် တာတိုအပြေးသမား ဖြစ်လာခဲ့ပါတယ်။
အဲ့ဒီခေတ်က စံချိန်ဖြစ်တဲ့ ၄မိနစ်၊ ၆ စက္ကန့်ကိုတောင် ဖြတ်ကျော်ပြီး စံချိန်အသစ် တင်နိုင်ခဲ့ပါတယ်။
ဒီလိုအောင်မြင်မှုတွေကြောင့် နိုင်ငံဂုဏ်ဆောင် အားကစားသမားအဖြစ် ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။
ပတ်ဝန်းကျင်က ဘယ်လိုပဲ မဖြစ်နိုင်ဘူး၊ မျှော်လင့်ချက်မရှိပါဘူးလို့ ဆိုနေပါစေ၊
မိမိကိုယ်တိုင်လည်း ခိုင်မာတဲ့ ယုံကြည်ချက်ရှိတယ်၊ မိမိ ပတ်ဝန်းကျင်မှာ မိမိကို ယုံကြည်ပြီး အကူအညီပေးမယ့် သူတွေ ရှိတယ်ဆိုရင် မဖြစ်နိုင်ဘူးဆိုတာတွေတောင် ဖြစ်လာနိုင်ကြောင်း ဂလင်း က သက်သေပြခဲ့ပါတယ်။