အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင် ပြောဖူးတဲ့ စကားတစ်ခွန်းကို အမှတ်ရမိတယ်။
“အောင်မြင်တဲ့သူတွေကို ကြည့်လိုက်ရင် ဖင်မြဲတဲ့သူတွေ များတယ်။ ဆိုလိုတာက အလုပ်တစ်မျိုးတည်းကို နှစ်ရှည်လများ ဇွဲရှိရှိနဲ့ လုပ်လာခဲ့တဲ့သူတွေကို ပြောတာ”
မိတ်ဆွေရော ဒီစကားနဲ့ ပတ်သက်ပြီး ဘယ်လို မြင်ပါသလဲ။
ကျွန်တော်တော့ ဒီစကားက သိပ်မှန်တယ်လို့ ထင်တယ်။
ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်လေ့လာဖူးတဲ့ အောင်မြင်သူတွေ၊ ချမ်းသာသူတွေ၊ တကယ့်ကို နောက်ခံမရှိပဲ အောက်ခြေကနေ ကြိုးစားအားထုတ်ပြီးမှ အမြင့်ရောက်လာသူတွေပာာ အလုပ်ကို စွဲစွဲမြဲမြဲ လုပ်လာခဲ့ကြသူတွေချည်းပဲ။
ဦးအောင် ကိုပဲ ကြည့်လေ။
ဘာမှ နောက်ခံမရှိဘူး။ ပညာတောင် ပာုတ်တိပတ်တိ မသင်ကြားခဲ့ရဘူး။
ပထမ ကွမ်းယာရောင်းတယ်။ နောက်တော့ ရွှေလောကထဲ ရောက်လာတယ်။ အဲ့အချိန်ကစပြီး ရွှေပညာနဲ့ ပတ်သတ်ပြီး ကကြီးကနေ အ အထိ လေ့လာဆည်းပူးခဲ့တယ်။
နှစ်ပေါင်းများစွာ သင်ယူလေ့လာပြီး ဇွဲရှိရှိနဲ့ ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့လို့ အခုလို အောင်မြင်မှုတွေ ရနေတာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ယနေ့ခေတ် လူငယ်တွေလည်း အလုပ်တစ်မျိုးပြီး တစ်မျိုးပြောင်းတာထက် စာရင် မိမိတစ်ဘဝလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နောင်တမရနိုင်မယ့် အလုပ်ကို ရွေးချယ်၊ ဒီအလုပ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကအစ လေ့လာပြီး နှစ်ရှည်လများ ကြိုးစားမယ်ဆိုရင် အောင်မြင်မှုတွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရလာမယ်လို့ ယုံကြည်မိပါတယ်။ ။