Sonic Generation

ငွေအတွက် စိတ်ပူပင်နေရတဲ့ ဘဝမှ ကင်းဝေးဖို့ လိုက်နာသင့်တဲ့ အချက် (၈) ချက်

ငွေဟာ လူတိုင်း လိုချင်တပ်မက်တဲ့ အရာတစ်ခုပါ။
မချမ်းသာရင်တောင်မှ ငွေကြေးအတွက် စိတ်ပူနေဖို့ မလိုပဲ ချောင်လည်တဲ့
ဘဝကိုတော့ လူတိုင်း လိုချင်ကြမှာပါ။

ဒီအတွက် လိုက်နာသင့်တဲ့ အချက် (၈) ချက် ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ငွေမဖြု န်းပဲ သုံးသင့်တဲ့နေရာမှ သုံးပါ။ မလိုအပ်တဲ့နေရာမှာ
မသုံးမိအောင် ကိုယ့်ကိုကိုယ် ထိန်းပါ။

၂။ စာဖတ်ပါ။ ငွေကြေးစီမံခန့်ခွဲမှု အကြောင်း၊ ရင်းနှီးမြှု ပ်နှံမှုအကြောင်း
စာအုပ်တွေကို အဓိက ဖတ်ပါ။

၃။ ငွေကြေးဆိုင်ရာ ရည်မှန်းချက် ထားပါ။ ဆိုလိုတာက ဒီနှစ်မှာ
ငွေ ဘယ်လောက်ပိုင်ရမယ်။ နောက် ငါးနှစ်မှာ ငွေ ဘယ်လောက်ပိုင်ရမယ်။
ဒီလို ရည်မှန်းချက် ထားပါ။

၄။ ကိုယ်ပိုင်လုပ်ငန်းစပါ။ Full Time အလုပ်ရှိရင်တောင်မှ အချိန်ပိုင်းအနေနဲ့
စလုပ်လို့ ရတဲ့ လုပ်ငန်းတွေ အများကြီးပါ။

၅။ ဆင်ခြေမပေးပါနဲ့။ ငွေပိုရှာဖို့၊ ငွေပိုစုဖို့ အတွက် ဘယ်လို ဆင်ခြေမှ
မပေးပါနဲ့။

၆။ အောင်မြင်တဲ့သူတွေ၊ ချမ်းသာသူတွေနဲ့ ပေါင်းပါ။ သူတို့ကို ဆရာတင်ပြီး
ချမ်းသာရေးနည်းလမ်းတွေကို သင်ယူပါ။

၇။ ဇွဲရှိပါ။ နေ့ချင်းညချင်း ချမ်းသာဖို့ မလွယ်ပါဘူး။ အောင်မြင်သူတိုင်း
ကတော့ နှစ်ပေါင်းများစွာ မလျော့သော ဇွဲနဲ့ ကြို းစားခဲ့ကြသူချည်းပါ။

၈။ လက်တွေ့လုပ်ဆောင်ပါ။ မိမိသိသမျှ နည်းလမ်းတွေကို ခေါင်းထဲမှာပဲ
မထားပဲ လက်တွေ့ အသုံးချပါ

Leave a Comment

Your email address will not be published. Required fields are marked *