Sonic Generation

Asset Vs Liability

Unicode Version

ကြီးပွားချမ်းသာချင်တဲ့ လူတိုင်း သိထားသင့်တဲ့ အချက် တစ်ခုကို ဒီကနေ့ မျှဝေပေးချင်ပါတယ်။
ဒါကတော့ Asset & Liability အကြောင်းပါ။

Asset ဆိုတာ ဘာလဲ???
ဒီအတွက် အဖြေက ရှင်းရှင်းလေးပါ။ Asset ဆိုတာ သင့်အတွက် သင့်ကိုယ်စား ငွေရှာပေးတဲ့ အရာ ဖြစ်ပါတယ်။

Liability ဆိုတာ ဘာလဲ???
Liability ဆိုတာ သင့်ရဲ့ ငွေတွေကို ကုန်ခမ်းစေတဲ့ အရာပါ။

ဘယ်အရာ မဆို Asset လည်း ဖြစ်နိုင်သလို၊ Liability လည်း ဖြစ်နိုင်ပါတယ်။

ဥပမာ တစ်ခု ပြောပါဆိုရင်…………… မိတ်ဆွေပာာ ကားတစ်စီး ဝယ်တယ်ဆိုပါစို့။

ဒီကားကို မိတ်ဆွေ စီးဖို့အတွက်ပဲ သုံးမယ်ဆိုရင် ကားဝယ်လိုက်ရတဲ့ ငွေတွေပာာ ဒီကားမှာ ငွေမြှုပ်နေပါလိမ့်မယ်။ ဒါ့အပြင် တစ်လတစ်လ ကားဓာတ်ဆီဖိုးနှင့် အခြားပြင်ဆင်စရိတ်တွေက မိတ်ဆွေရဲ့ အိတ်ထဲက ငွေကို လျော့နည်းစေပါလိမ့်မယ်။

ဒီလိုဆိုရင် မိတ်ဆွေ ဝယ်ထားတဲ့ ကားပာာ မိတ်ဆွေအတွက် Liability ဖြစ်နေပါတယ်။

ဒီလိုမပာုတ်ပဲ ဝယ်ထားတဲ့ ကားကို အငှားချ ထားမယ်ဆိုရင် တစ်လ၊ တစ်လ ဒီကားကနေပြီး အကျိုးအမြတ် ရနေပါလိမ့်မယ်။ ဒီလိုဆိုရင်တော့ ဒီကားပာာ မိတ်ဆွေအတွက် Asset ဖြစ်နေပါလိမ့်မယ်။

ဒီလိုပါပဲ။

တိုက်ခန်းဝယ်ပြီး ကိုယ်နေရင် တစ်လ၊ တစ်လ ရေဖိုး၊ မီးဖိုး ကုန်ကျစရိတ်တွေက ကိုယ့်အိတ်ထဲက ထွက်နေတဲ့ အတွက် ဒါပာာ Liability ပါ။

ဒီတိုက်ခန်းကိုပဲ ငှားထားမယ်ဆိုရင် လစဉ် အိမ်ငှားခ ရနေမှာ ဖြစ်တဲ့အတွက် ဒီတိုက်ခန်းပာာ Asset ဖြစ်နေမှာပါ။

ဒီတော့ ချမ်းသာချင်ရင် လုပ်ဆောင်ရမယ့် နည်းလမ်းတစ်ခုကို ပြောပါဆိုရင်
“Asset တွေကို များနိုင်သမျှ များအောင် လုပ်ပြီး၊ Liability တွေကို နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ပါပဲ”

Leave a Comment

Your email address will not be published. Required fields are marked *