Sonic Generation

အလုပ်နှင့်သာ သက်သေပြပါ

ဆယ်တန်းတုန်းက Physics equation တစ်ကြောင်းကို မှတ်မိကြဦးမလား။

W = F x s

W = Work done (အလုပ်ပြီးမြောက်မှု)
F = Force (လုပ်အား)
s = displacement (အရွေ့)

“F” အတွက် တစ်ရာပဲ ပေးပေး၊ တစ်ထောင်ပဲ ပေးပေး…………. “s” က “သုည” ဖြစ်နေရင် “W” ကလည်း သုညပဲ ရပါလိမ့်မယ်။

W = F x 0 ( s = 0)
W = 0

ဘာကို ဆိုလိုချင်သလဲဆိုရင် လုပ်အား ဘယ်လောက်ပဲ ထည့်ထည့်၊ အရွေ့ မရှိရင် အလုပ်ပြီးမြောက်မှု လည်း မရှိပါဘူး။

တစ်နည်းပြောရရင် တကယ်အလုပ်လုပ်လား၊ မလုပ်လား ဆိုတာက အလုပ် ဘယ်လောက်ပြီးသလဲဆိုတာနဲ့ပဲ တိုင်းတာပါတယ်။

ကျောင်းသားတစ်ယောက် သူ့ကိုယ် သူ အင်မတန် စာကြိုးစားတယ်၊ ညလုံးပေါက် မအိပ်ပဲ စာတွေ ကျက်တယ်လို့ ဘယ်လောက်ပြောပြော စာမေးပွဲစစ်လို့ ကျနေရင်တော့ ဒီကျောင်းသားက စာမလုပ်ဘူးလို့ပဲ ကောက်ချက်ချခံရပါလိမ့်မယ်။

ဒီလိုပါပဲ …………..လက်တွေ့ဘဝမှာလည်း ခင်ဗျားအနေနဲ့ ဘယ်လောက်ပဲ ကြိုးစားတယ် ပြောပြော၊
နောက်ဆုံး လူတွေ ကြည့်မှာကတော့ ရလဒ်ပါပဲ။

ခင်ဗျားအောင်မြင်နေရင် ခင်ဗျားကို ကြိုးစားတဲ့သူ တစ်ယောက်၊ လူတော်တစ်ယောက်လို့ အများက သတ်မှတ်ကြမှာပါ။

မအောင်မြင်ရင်တော့ ပြောင်းပြန်သတ်မှတ်ခံရမှာပါ။ ဒါက လူအားလုံးနီးပါးရဲ့ သဘောတရားပါ။

ဒီအတွက် ဆင်ခြေပေးမနေပါနဲ့။ အပြောနဲ့ပဲ အချိန်ကုန်မနေပါနဲ့။

အလုပ်နဲ့သာ ကိုယ်က ဘာကောင် ဖြစ်လဲဆိုတာ သက်သေပြလိုက်ပါ။ ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *