Sonic Generation

ဖြန့်ကျက်ရင်းနှီးမြှုုပ်နှံခြင်း

Unicode Version

မိတ်ဆွေဟာ ငွေရှာရမှာ ဖြစ်သလို ရှာဖွေထားတဲ့ ငွေတွေကိုလည်း ပျက်စီးဆုံးရှုံးမသွားအောင် ကာကွယ်ရမှာ ဖြစ်ပါတယ်။

တစ်နေရာမှာတည်းမှာပဲ ငွေတွေကို ပုံအောထားမယ်ဆိုရင် ပျက်စီးဆုံးရှုံးနိုင်ခြေ ပိုများပါတယ်။

ဥပမာ – မိတ်ဆွေဟာ အိမ်ခြံမြေတစ်ခုတည်းမှာပဲ ရှိသမျှ ငွေတွေကို ပုံအော ရင်းနှီးထားမယ်ဆိုရင် အိမ်ခြံမြေ ဈေးတွေ အကြီးအကျယ် ထိုးကျတဲ့အခါ မိတ်ဆွေရဲ့ ဆုံးရှုံးနစ်နာမှုကလည်း အတော်လေးကြီးမားမှာပါ။

ဒါကြောင့်မို့လို့ ပိုင်ဆိုင်မှုတွေကို ဖြန့်ကျက်ရင်းနှီးမြှုပ်နှံဖို့ အင်္ဂလိပ်လို ပြောရရင် Asset Allocation လုပ်ဖို့ သိပ်ပြီး အရေးကြီးပါတယ်။

ဥပမာ တစ်ခု ပြောပါဆိုရင် ……………..
မိတ်ဆွေဟာ သိန်း (၅၀၀၀) ပိုင်ထားတယ် ဆိုပါစို့။
မိတ်ဆွေရဲ့ သိန်း (၅၀၀၀) ကို ဆုံးရှုံးနိုင်ခြေ နည်းနိုင်သမျှ နည်းအောင် ဖြန့်ကျက် ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်။

ဘဏ်တွေထဲ သိန်း (၁၀၀၀) ထည့်ထားမယ်။
အိမ်ခြံမြေမှာ သိန်း (၁၀၀၀)
ကိုယ့်လုပ်ငန်းမှာ ပြန်ထည့်ထားတာက သိန်း (၁၅၀၀)
စတော့တို့၊ ငွေတိုက်စာချုပ်တို့မှာ သိန်း (၅၀၀)
ရွှေ၊ ဒေါ်လာမှာ သိန်း (၅၀၀)
မိတ်ဆွေတွေရဲ့ လုပ်ငန်းတွေမှာ ရှယ်ယာထည့်ထားတာ သိန်း (၅၀၀)

ဒီလိုပုံစံနဲ့ မိတ်ဆွေ ပိုင်ဆိုင်မှုတွေကို ဖြန့်ထားလို့ ရပါတယ်။

အိမ်ခြံမြေမှာ သိန်း (၁၀၀၀) လောက်ပဲ ထည့်ထားလို့ အိမ်ခြံမြေဈေးတွေ ထိုးကျတဲ့အခါ ဆုံးရှုံးမှုက သိန်း(၅၀၀၀) လုံး အိမ်ခြံမြေထဲ ထည့်ထားတာထက် အများကြီး သက်သာပါတယ်။

ဒါကြောင့်မို့လို့ မိတ်ဆွေတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင်တဲ့ ဖြန့်ကျက်ရင်းနှီးမြှုပ်နှံမှု နည်းစနစ် (Asset Allocation) နည်းစနစ်ကို လက်တွေ့ကျင့်သုံးသင့်ကြောင်း ရေးသားလိုက်ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *