Sonic Generation

Forex & Gold Trading Basic++ Course

မန္တလေးမြို့မှာ ဖွင့်လှစ်ခဲ့တဲ့ Forex & Gold Trading Basic++ Course သင်တန်း မနေ့ညက အောင်မြင်စွာ ပြီးမြောက်ခဲ့ပြန်ပါပြီ။ ဒီတစ်တန်းမှာ ထူးခြားတာကတော့ မန္တလေး မြို့ခံတွေမပြင် နယ်အဝေးက မိတ်ဆွေတွေ အားတက်သရော တက်ရောက်ခဲ့ကြတာပါ။

ပြင်ဦးလွင်မြို့
မြစ်ကြီးနားမြို့
မိုးကောင်းမြို့
ဖားကန့်မြို့
တောင်ငူမြို့

စတဲ့ မြို့တွေကနေပါ ဆုံးဖြတ်ချက် မှန်ကန်စွာနဲ့ တကူးတက လာပြီး သင်တန်းတက်ရောက်ကြပါတယ်။

Forex & Gold Trading ရဲ့ အားသာချက်တွေ၊ Forex & Gold Trading အပေါ်မှာ ထားသင့်တဲ့ ခံယူချက်တွေ၊
ဘာ့ကြောင့် Forex & Gold Trading ပြုလုပ်သင့်တယ် ဆိုတာတွေ၊ Side Business တစ်ခုအနေနဲ့ လူတိုင်း စနစ်တကျ တတ်မြောက်ထားသင့်တဲ့ အကြောင်းတွေ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာ လိုက်နာသင့်ပုံတွေ၊ Forex & Gold Trading ပြုလုပ်ဖို့ အတွက် အဓိကလိုအပ်တဲ့ Technical Analysis တွေ၊ Forex & Gold Trading ပြုလုပ်ရုံသာမက အခြား စီးပွားရေးလုပ်ငန်းများမှာပါ အသုံးပြုနိုင်တဲ့ Business Concept တွေကို ဆရာစားမချန် မျှဝေပေးနိုင်ခဲ့ပါတယ်။

သင်တန်းတက်ရောက်သူတွေထဲမှာ ပညာရေးနဲ့ အလှမ်းဝေးနေသူတွေ ပါသလို နည်းပညာ အခက်အခဲ တွေရှိကြပေမယ့်လည်း အားအပြည့် မာန်အပြည့် စိတ်တက်တက်ကြွစွာ သင်ယူခဲ့ကြတဲ့ သင်တန်းသား အရောက်စီတိုင်းအတွက်လည်း ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။

လုပ်ငန်းရဲ့ သဘောတရားတွေ၊ Buainess plan တွေအရ မိမိရဲ့ Investment အပေါ်ကနေ ပြန်ရနိုင်မယ့် Result ကောင်းတွေကိုလည်း တိတိကျကျ သိခဲ့ကြရပြီ ဖြစ်ပါတယ်။

သို့သော်လည်း သိတဲ့ အဆင့်မှာတင် ရပ်မနေကြဘဲ တတ်တဲ့ အဆင့်ထိ ရောက်အောင်၊ အသုံးချနိုင်တဲ့ အဆင့်ထိ ရောက်အောင် လေ့ကျင့်လေ့လာကြစေချင်ပါတယ်။ သင်တန်းပြီးသွားပေမယ့်လည်း သင်တန်းသားတွေအတွက် သီးသန့် ဖွဲ့ပေးထားတဲ့ Messenger Group၊ FB Group တွေကနေ မသိတာတွေ၊ နားမလည်တာတွေကို ဆက်လက်မေးမြန်းနိုင်ပြီး စဉ်ဆက်မပြတ် လေ့ကျင့် သင်ယူကြပါလို့ တိုက်တွန်းပါတယ်။

ဒီလို လေ့လာ၊ လေ့ကျင့်ပြီး လက်တွေ့ အသုံးချနိုင်ပြီ ဆိုရင်တော့ မိတ်ဆွေတို့ ဘဝနောင်ရေးအတွက် အသက်အရွယ် အိုမင်းလာရင်တောင် ဘယ်သူ့အကူအညီမှ မယူဘဲ အပူအပင်ကင်းမဲ့စွာနဲ့ ဝင်ငွေရှာဖွေနိုင်မှာ ဖြစ်တာမို့ သင်တန်းသားအားလုံးအတွက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျာ

Leave a Comment

Your email address will not be published. Required fields are marked *