Sonic Generation

Follow the Crowd” သဘောတရားကို ဆင်ခြင်ခြင်း

အင်္ဂလိပ်စကားလုံးတစ်လုံး ရှိတယ်။
“Follow the Crowd” လို့ ခေါ်တယ်။

အဓိပ္ပာယ်က “လူအများစု လုပ်တဲ့အတိုင်း အခြားသူတွေလည်း လိုက်လုပ်ခြင်း” ကို ဆိုလိုပါတယ်။

ကျွန်တော်တို့တွေက ဒီစကားလုံးနဲ့ အများကြီး သက်ဆိုင်နေတယ်။ ဆိုလိုတာက လူအများစု လုပ်တဲ့ အတိုင်း ကျွန်တော်တို့ လိုက်လုပ်ကြတယ်၊ လူအများစု ပြောတိုင်း အတိုင်း လိုက်ပြောကြတယ်၊ လူအများစု ဝတ်တဲ့အတိုင်း လိုက်ဝတ်ကြတယ်၊ လူအများစု တွေးတဲ့အတိုင်း လိုက်တွေးကြတယ်။

အများစုရဲ့ လွှမ်းမိုးမှုကို ခံနိုင်တဲ့သူ မရှိသလောက်ပါပဲ။ တစ်နည်းမပာုတ် တစ်နည်းနဲ့ အခြားသူတွေလုပ်တဲ့အတိုင်း လိုက်လုပ်နေမိကြတာပါပဲ။

Facebook ကြီးပေါ်လာတော့ ပိုသိသာလာတယ်။ လူအများစုက Facebook ရဲ့ ရေစီးကြောင်း (Trend) တွေအတိုင်း မျောပါသွားကြတယ်။

ဥပမာ ပြောရရင်………

“Gravity အပြင်ဘက် ခုန်ထွက်….ခုန်ထွက်” ဆိုတဲ့ စာသားတွေ၊

“ကမ္ဘ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင် ဘယ်ဘက်မှာ နေမယ်” ဆိုတဲ့ စာသားတွေ၊

နောက် “ချိဖတို့၊ ချိမတို့” ဆိုတဲ့ အသုံးအနှုန်းတွေ……….

ဒီလိုလူအများစု သုံးကြတဲ့ စကားလုံးတွေကို ကျန်သူတွေလည်း သူတို့ကိုယ်တိုင်တောင် သတိမထားမိပဲသုံးမိလာကြတယ်။ ဒါက “Follow the Crowds” သဘောတရားပါ။

ဒီနေရာမှာ လူသုံးမျိုးကွဲသွားတယ်လို့ ကျွန်တော်မြင်တယ်။

1️⃣ ဒီသဘောတရားကို လက်ခံပြီး အများပြုမူတဲ့အတိုင်း လိုက်လံပြုမူနေတဲ့သူတွေရယ်၊

2️⃣ ဒီသဘောတရားကို အဆိုးမြင်ပြီး အပြစ်ပြောနေတဲ့ သူတွေရယ်၊

3️⃣ ဒီသဘောတရားကို သေသေချာချာ နားလည်ပြီး ကိုယ့်အတွက် အကျိုးအမြတ်ရအောင်လုပ်နေတဲ့ သူတွေရယ်………….
ဒီလို လူသုံးမျိုး ကွဲသွားပါတယ်။

မိတ်ဆွေကရော 1️⃣ လား။ 2️⃣ လား။ 3️⃣ လား။ ဘယ်လို အမျိုးအစားထဲ ပါနေပါသလဲ ဆိုတာလေး မန့်သွားပေးပါဦးနော်

Leave a Comment

Your email address will not be published. Required fields are marked *