Sonic Generation

အကို ပီသတဲ့ အကို တစ်ယောက်

ခရစ်စမတ်အကြိုနေ့တစ်ရက်ပေါ့။
အဲ့ဒီနေ့မှာ ကျွန်တော် အတော်လေးပျော်နေတယ်။
ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်အကိုက ကျွန်တော့်အတွက် ခရစ်စမတ်လက်ဆောင်အဖြစ် ကျွန်တော်အင်မတန် လိုချင်နေတဲ့ အနက်ရောင်မာစီးဒီးကားတစ်စီး လက်ဆောင်ပေးတာကိုး။

ခင်ဗျားလည်း ဒီလို ကားမျိုး ရရင် အရမ်းပျော်မှာပဲမလား 😊

စတိုးဆိုင်တစ်ဆိုင်မှာ ကားရပ်ပြီး မုန့်ဆင်းဝယ်တုန်း ခပ်နွမ်းနွမ်း အကျီဝတ်ထားတဲ့ ကောင်လေးတစ်ယောက်က
ကျွန်တော့်ကားကို လှည့်ပတ်ကြည့်နေတယ်။
ကျွန်တော့်ကားကို တစ်ခုခုနဲ့ ခြစ်သွားမှာကို စိုးရိမ်လို့ မုန့်ဆိုင်ထဲကနေ အပြေးထွက်လာမိတယ်။
အနားရောက်တော့ ကောင်လေးက ကျွန်တော့်ကားကို တယုတယ ပွတ်သတ်နေတာကို တွေ့လိုက်ရတယ်။

အင်းပေါ့လေ။ ဒီလိုကားမျိုးကို ဘယ်သူမဆို လိုချင်မိမှာပဲ။

ကောင်လေးက ဒီလို တယုတယ ပွတ်သတ်နေတာကို ကြည့်ရင်း ကျွန်တော်လည်း အတော်လေး သဘောကျလာလို့ ကျွန်တော်နဲ့အတူ လိုက်စီးဖို့ ခေါ်လိုက်တယ်။

လမ်းမှာ ကောင်လေးက ကားအကြောင်း မေးတယ်။ ကျွန်တော်ကလည်း ဒီကားကို ကျွန်တော့်အကိုက လက်ဆောင်ဝယ်ပေးတာဖြစ်တဲ့ အကြောင်း သေသေချာချာလေးပြောပြလိုက်တော့ ကောင်လေး မျက်လုံးတွေ အရောင်လက်သွားတာကို တွေ့လိုက်ရတယ်။ ကောင်လေးက သူ့ညီကိုလည်း ဒီကားပြချင်လို့ အိမ်ကို လိုက်ပို့ပေးဖို့ ခွင့်တောင်းရှာတယ်။

ခပ်စုတ်စုတ် ရပ်ကွက်တစ်ခုထဲ ကျွန်တော်မောင်းဝင်သွားတော့ လူတွေက ထွက်ပြီး ကြည့်ကြတယ်။
ကောင်လေးအိမ်ကလည်း ခပ်စုတ်စုတ်ပါပဲ။ သူ့အိမ်ရှေ့ရောက်တော့ ကျွန်တော့်ကို ခဏစောင့်ခိုင်းပြီး
သူ့ညီလေးကို ဂုဏ်ယူဝမ်းမြောက်စွာနဲ့ သွားခေါ်တယ်။

သူ့ညီလေးကို တွဲခေါ်လာတော့ မသန်စွမ်းဖြစ်နေမှန်း ကျွန်တော် သတိထားမိတယ်။ သူ့ညီလေးလည်း အဲ့ဒီကောင်လေးလိုပဲ ကျွန်တော့်ကားကို စိတ်ဝင်တစား ပွတ်သတ်ကြည့်တယ်။
ကောင်လေးက သူ့ညီ ကားကို အားရအောင် ကြည့်လို့ရအောင် လှည့်ပတ်ပြပြီးတဲ့အခါ ကြင်ကြင်နာနာနဲ့ စကားပြောတယ်။

“ဒီကားကြီးက သိပ်ကောင်းတယ်မလား။ မင်းအမြဲလိုချင်နေတဲ့ ရုပ်ရှင်တွေထဲက အနက်ရောင်ကားကြီးလေ။ ဒီကားကြီးကို ပာိုနားက အကိုပိုင်တာ။ ဒါပေမယ့် ဒီကားကို သူဝယ်ထားတာ မပာုတ်ဘူး။ သူ့အကိုက ဝယ်ပေးထားတာလေ။ သူ ပိုက်ဆံတစ်ပြားမှ မကုန်ပဲ ဒီကားကြီးရထားတာ။ ကိုကိုလည်း အသက်ကြီးလာရင် ငွေတွေ အများကြီးရှာပြီး ညီလေးကို ဒီလိုကားမျိုးဝယ်ပေးမယ်နော်။ နောက်ထပ် ညီလေးလိုချင်တာမှန်သမျှ ဝယ်ပေးမယ်။ ကိုကို ကတိပေးတယ်။ ဒါက ကိုကို………ညီလေးကို ပေးနိုင်တဲ့ ခရစ်စမတ်လက်ဆောင်ပဲ”

ကောင်လေးစကားတွေ ကြားလိုက်ရတော့ ကျွန်တော့်စိတ်ထဲ ဘယ်လိုခံစားရလဲဆိုတာ မပြောတတ်တော့ပါဘူး။ ကောင်လေးတို့ ညီအကိုနှစ်ယောက်ကို ကျွန်တော့်ကားပေါ်တင်ပြီး အဲ့နေ့တစ်နေကုန်လုံး ကစားကွင်းတွေ သွားလိုက်၊ စားသောက်ဆိုင်တွေ စားလိုက်၊ ကောင်လေးနှစ်ယောက်လိုချင်တဲ့ အရာလေးတွေ ဝယ်ပေးလိုက်နဲ့……အချိန်တွေ ကုန်လွန်ခဲ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ်……..အဲ့ဒီနေ့ပာာ ကျွန်တော့်အတွက်ရော၊ ကောင်လေးနှစ်ယောက်အတွက်ပါ မမေ့နိုင်တဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။

ဒီဆောင်းပါလေးကို ဖတ်ပြီး သင့်ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့နိုင်ပါတယ်။ မိတ်ဆွေရဲ့ ခံစားချက်လေးကို Comment မှာ မျှဝေပေးခဲ့ဦး

Leave a Comment

Your email address will not be published. Required fields are marked *