Sonic Generation

အောင်မြင်နေတဲ့ သူတွေရဲ့ အကျင့်ကောင်း အမျိုး (၂၀)

အောင်မြင်နေတဲ့သူတွေပာာ အကြောင်းမဲ့အောင်မြင်နေတာ မပာုတ်ပါဘူး။

အောင်မြင်စေတဲ့ အကျင့်ကောင်းတွေ မွေးမြူထားလို့ ဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ ဘဝမှာ အောင်မြင်နေသူအများစု ကျင့်သုံးနေတဲ့ အကျင့်ကောင်း အမျိုး(၂၀) ကို ဖော်ပြပေးလိုက်ပါတယ်။

1️⃣ မိမိဘဝအတွက် ကိုယ်တိုင်တာဝန်ယူတယ်။ ဖြစ်ဖြစ်သမျှ အကောင်းအဆိုးပာာ ကိုယ်နဲ့သာ အဓိက ဆိုင်တယ်လို့ ခံယူထားတယ်။

2️⃣ အရေးကြီးတာကို အရင်လုပ်တယ်။ အလုပ်နဲ့ပတ်သက်ပြီး ဗျာများမနေပဲ အရေးကြီးတာကို အရင်ဆုံးလုပ်တဲ့ စနစ်ကိုပဲ ကျင့်သုံးတယ်။

3️⃣ မနက်အိပ်ရာနိုးတိုင်း လုပ်ရမယ့်အရာတွေကို အကျင့်ဖြစ်အောင် လုပ်ထားတယ်။ မျက်လုံးနှစ်လုံးပွင့်တာနဲ့ ဘာတွေဆက်တိုက်လုပ်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး သူတို့ဆီမှာ အသင့်စီစဉ်ထားတာတွေ ရှိတယ်။

4️⃣ နေ့စဉ်တရားထိုင်တယ်။ မိမိစိတ်ကို တည်ငြိမ်အောင်လုပ်မှ အမှားအမှန်ကို ခွဲခြားနိုင်မယ်ဆိုတာ သူတို့ ယုံကြည်ထားတယ်။

5️⃣ နေ့စဉ် လေ့ကျင့်ခန်းလုပ်တယ်။ ကျန်းမာရေးရဲ့ အရေးကြီးပုံကို သူတို့နားလည်တယ်။

6️⃣ နေ့တိုင်း ပုံမှန်စာဖတ်တယ်။ Facebook ထိုင်သုံးနေတာထက် စာဖတ်တာ ပိုအကျိုးရှိတယ်လို့ သူတို့ယုံကြည်တယ်။

7️⃣ မိမိကိုယ် မိမိထိန်းချုပ်နိုင်တယ်။ အရာရာတိုင်းကို စိတ်လိုက်မာန်ပါ မဖြေရှင်းပဲနဲ့ ခေါင်းအေးအေးထားပြီးမှ ဆင်ခြင် ဆုံးဖြတ်တယ်။

8️⃣ အလုပ်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တယ်။ ပာိုလုပ်လိုက်၊ ဒီလုပ်လိုက် မလုပ်ပဲ မိမိဝါသနာပါရာ အလုပ်ကိုပဲ သေတဲ့အထိ လုပ်သွားကြတယ်။

9️⃣ ကတိတည်တယ်။ သူတို့ပြောတဲ့အတိုင်း သူတို့ဖြစ်အောင် လုပ်ပေးတယ်။

🔟 ဇွဲရှိတယ်။ လွယ်လွယ်နဲ့ အလျော့မပေးတတ်တဲ့သူတွေထဲမှာ သူတို့ထိပ်ဆုံးက ပါတယ်။

1️⃣1️⃣ ကျရှုံးမှာကို မကြောက်ဘူး။ အောင်မြင်မှုရဖို့ဆိုရင် အရင်ဆုံးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုတာ သူတို့ နားလည်ထားတယ်။

1️⃣2️⃣ အစဉ်အမြဲ သင်ယူနေတယ်။ သင်ယူမှုရပ်တန့်လိုက်တဲ့နေ့ပာာ တိုးတက်မှုရပ်တန့်သွားတဲ့နေ့မှန်း သူတို့ နားလည်တယ်။

1️⃣3️⃣ မိမိ အားသာချက်၊ အားနည်းချက်ကို သိတယ်။ အားသာချက်တွေကို ပိုကောင်းလာအောင် လုပ်ပြီး အားနည်းချက်တွေကို ဖြည့်ဆည်းတယ်။

1️⃣4️⃣ ကျေးဇူးတရားကို သိတတ်တယ်။ သူတို့တွေပာာ မိမိအပေါ် ကျေးဇူးပြုဖူးတဲ့သူတွေကို ကျေးဇူးပြန်ဆပ်ဖို့ မမေ့ကြဘူး။

1️⃣5️⃣ ပတ်ဝန်းကျင်ကို ပြန်လည်အကျိုးပြုတယ်။ အောင်မြင်တဲ့သူတွေပာာ မိမိပိုင်ဆိုင်မှုတွေကို ပတ်ဝန်းကျင်အတွက် အမြဲပြန်လည်ဝေမျှတယ်။

1️⃣6️⃣ လုပ်သမျှအရာအားလုံးပာာ ရည်မှန်းချက်ပန်းတိုင် ရောက်ဖို့အတွက် အထောက်အကူဖြစ်စေတယ်။ မနေ့က လုပ်ခဲ့တဲ့အရာ၊ ဒီနေ့ လုပ်နေတဲ့အရာ၊ မနက်ဖြန်လုပ်မယ့် အရာအားလုံးပာာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ လုပ်နေတာတွေချည်း ဖြစ်တယ်။

1️⃣7️⃣ ရှင်းလင်းသေချာစွာ ပြောဆိုဆက်ဆံတယ်။ ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတယ်။ စိတ်ရှင်းရှင်းနဲ့ ပြုမူပြောဆိုတယ်။

1️⃣8️⃣ အခြားသူတွေရဲ့ ပြောစကားကို သေသေချာချာ နားထောင်တတ်သူ ဖြစ်တယ်။ ဒါပာာ ယဉ်ကျေးမှုတစ်ရပ်မှန်း သူတို့နားလည်တယ်။

1️⃣9️⃣ အချိန်ကို တန်ဖိုးထားတယ်။ ဘဝကို အချိန်နဲ့ တည်ဆောက်ထားမှန်း ကောင်းကောင်းနားလည်တယ်။

2️⃣0️⃣ ရလဒ်ထက် အတွေ့အကြုံကို တန်ဖိုးထားတယ်။ အလုပ်တစ်ခုလုပ်လို့ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ၊ ဒီအပေါ် ခံစားချက်တွေ သိပ်မထားပဲ ရလာတဲ့ အတွေ့အကြုံတွေကိုသာ အဓိက အလေးထားတယ်။

👉 ကဲ… မိတ်ဆွေကရော…? အောင်မြင်ချင်တဲ့လူ တစ်ယောက် ဟုတ်ပါသလား။ ဟုတ်တယ်ဆိုရင် ‘Yes’ လို့ မန့်သွားပေးပါဦး။ မိတ်ဆွေဟာ အောင်မြင်မှုကို မလိုချင်ဘူး ဆိုရင်တော့ ‘No’ လို့ မန့်သွားပေးပါ။

👉 အောင်မြင်ဖို့ ကြိုးစားနေသူ တစ်ယောက် ဟုတ်တယ်ဆိုရင် အထက်ပါ အချက် (20)မှာ ဘယ်အချက်တွေကို လိုက်နာပြီး ပြီလဲ ဆိုတာလေးကိုလဲ မျှဝေပေးခဲ့ပါဦးနော် 😊

👉 ဒီအချက်လေးတွေဟာ မိတ်ဆွေတို့အတွက် အကျိုးရှိတယ် ဆိုရင် မိတ်ဆွေရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ သားသမီး၊ ညီအကို၊ မောင်နှမ များပါ အကျိုးရှိသွားအောင် Like & Share လေး ပြုလုပ်ပေးခဲ့ပါဦးနော်

Leave a Comment

Your email address will not be published. Required fields are marked *