Sonic Generation

စိတ်ထားကောင်းတဲ့ ကလေးတစ်ယောက်အကြောင်း

ကလေးတွေက ပင်ကိုစိတ်ထားတွေ ဖြူစင်ကြပါတယ်။
ဒါကြောင့်မို့လို့ ကလေးလေးတွေကို တွေ့မြင်တိုင်းမြင်ရတဲ့သူ စိတ်ထဲမှာကြည်နူးလာရခြင်း ဖြစ်ပါတယ်။

ကျွန်တော့်မြို့တစ်မြို့ကို ရောက်တုန်း ကျွန်တော့်သူငယ်ချင်းက သူ့သားအကြောင်းပြောတာကို နားထောင်ခဲ့ရတယ်။
သူ့သားက အသက်လေးနှစ်လောက်ပဲ ရှိဦးမယ်။

သူတို့အိမ်ဘေးမှာက အသက် ၃၀ အရွယ်လောက် လူတစ်ယောက်နေတယ်။ အဲ့ဒီလူရဲ့ ဇနီးက မကြာသေးမီကမှ မတော်တဆမှုတစ်ခုကြောင့် ဆုံးသွားတော့ တစ်ချိန်လုံး မှိုင်တိမှိုင်တိုင် ဖြစ်ပြီး ဝမ်းနည်းနေရှာတယ်။

တစ်နေ့ အဲ့ဒီလူ တစ်ယောက်တည်း ကျိတ်ငိုနေတာကို ကျွန်တော့်သူငယ်ချင်း သားတွေ့သွားတယ်။

ကလေးက သူ့အမေကို ခွင့်တောင်းပြီး အဲ့ဘက်အိမ်ကို ကူးသွားတယ်။ နောက်……ငိုနေတဲ့ အဲ့ဒီလူနားသွားပြီး
သူ့ရင်ခွင်ထဲကို ဝင်ပြီး အသာလေးဖက်ထားတယ်။

နောက်ပိုင်း….သူ့အမေက ဘာသွားလုပ်လဲလို့ မေးတဲ့အခါ ကလေးက

“ သားဘာမှ သွားလုပ်တာ မပာုတ်ပါဘူး။ အဲ့ဒီဦးဦးငိုနေတာတွေ့လို့ အားရပါးရ ငိုလို့ရအောင် သွားကူညီပေးတာပါ”လို့ ပြန်ဖြေလိုက်ပါတယ်။

ဒီဆောင်းပါလေးကို ဖတ်ပြီး သင့်ရင်ထဲမှာ တစ်ခုခု ကျန်ခဲ့နိုင်ပါတယ်။ မိတ်ဆွေရဲ့ ခံစားချက်လေးကို Comment မှာ မျှဝေပေးခဲ့ဦး။

Leave a Comment

Your email address will not be published. Required fields are marked *