Sonic Generation

လူ (၄) မျိုး အကြောင်း

လူ (၄) မျိုး အကြောင်း မိတ်ဆွေ ကြားဖူးပါသလား။
လူ (၄) မျိုး ရှိပါတယ်။

1️⃣ ဖြစ်ရပ်တွေကို ဖန်တီးနေတဲ့ သူတွေ။
2️⃣ ဖြစ်ရပ်တွေကို စောင့်ကြည့်ပြီး အချိန်နှင့် တပြေးညီ တုန့်ပြန်မှု ပေးနိုင်တဲ့သူတွေ။
3️⃣ ဖြစ်ရပ်တွေကို စောင့်ကြည့်နေပေမယ့် တုန့်ပြန့်မှုပေးဖို့ နှောင့်နှေးနေတဲ့သူတွေ။
4️⃣ ဘာတွေဖြစ်နေမှန်းကို မသိတဲ့သူတွေ။

✅ နံပါတ် (1️⃣) လိုလူမျိုးထဲကမှ ထင်ထင်ရှားရှားဆိုရင် နိုင်ငံခေါင်းဆောင်တွေကို ပြရမှာပဲ။ ဒေါ်နယ်ထရန့် စကားတစ်ခွန်းကြောင့် ဘာတွေဖြစ်သွားနိုင်လဲဆိုတာ အားလုံးအသိပါပဲ။ ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင်လည်း အမေစုလို့ခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည် နှင့် စစ်တပ်ခေါင်းဆောင်မှုတွေကြောင့် ဘယ်လိုရိုက်ခတ်မှုတွေ ဖြစ်လာသလဲဆိုတာ အားလုံးအမြင်ပါပဲ။ ဒီလိုလူတွေက ထိပ်ဆုံးက သူတွေပါ။

✅ နံပါတ် (2️⃣) လိုလူမျိုးကတော့ အပေါ်က လူတွေကြောင့် ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကို ကြည့်ပြီး မိမိ အကျိုးရှိအောင် လုပ်နိုင်တဲ့သူတွေပါ။ ဥပမာ – ဒေါ်နယ်ထရမ့်ကြောင့် ရွှေဈေး၊ ဒေါ်လာဈေး အပြောင်းအလဲ ဖြစ်တော့မယ်ဆိုတာကို သိပြီး ချက်ချင်း အမြတ်ရနိုင်မယ့်ဘက်ကို ပြောင်းကိုင်တာမျိုးပါ။

✅ နံပါတ် (3️⃣) ကတော့ အပြောင်းအလဲကို သိပေမယ့် တစ်ခုခုကြောင့် ဒီအပြောင်းအလဲကနေ အကျိုးအမြတ်ရအောင် မရှာနိုင်တဲ့သူမျိုး။ ဒီလိုသူတွေပာာ ဘာတွေဖြစ်ပျက်နေလဲသိပေမယ့် မိမိကိုယ်မိမိ မယုံကြည်လို့၊ ငွေမရှိလို့၊ ပညာမရှိလို့……ဒီလို တစ်ခုခု လိုအပ်ချက်ရှိနေတဲ့အတွက် အခွင့်ကောင်းကို လက်လွတ်ဆုံးရှုံးရသူတွေ ဖြစ်တယ်။

✅နံပါတ် (4️⃣) ကတော့ “ဘာဘာ ဘာမှ မသိဘူး” ဆိုတဲ့ လူစားမျိုးတွေ။ သူတို့တွေက သက်ဆိုင်ရာ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး….စတာတွေကို အချိန်နှင့် တပြေးညီ စောင့်ကြည့်ရကောင်းမှန်း မသိဘူး။ သူတို့ကိုယ်သူတို့ အရာအားလုံးသိတယ်၊ တတ်တယ်လို့ ထင်နေတဲ့ ရေအိုင်ထဲက ဖားသူငယ်လို လူတွေပါ။ ရလဒ်ကတော့ သူများတွေထက် နောက်ကောက်ကျန်ခဲ့တာပါပဲ။

သင်ရော…
1️⃣ လား ?
2️⃣ လား ?
3️⃣ လား ?
4️⃣ လား ?
ဘယ်လို လူစားထဲ ပါဝင်နေပါသလဲ ဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦးနော် 😊

Leave a Comment

Your email address will not be published. Required fields are marked *