Sonic Generation

သူဌေးကြီးဂျက်မား၏ အဖိုးတန်အကြံပြုချက်များ

တရုတ်သူဌေးကြီး ဂျက်မား ဆိုရင် မသိတဲ့သူ မရှိပါဘူး။ ရှုံးနိမ့် မှုပေါင်းများစွာနဲ့ ရင်ဆိုင်ပြီးမှ အောင်မြင်မှုတွေ ရလာတဲ့အတွက် အတွေးအခေါ်ကောင်းတွေ အများကြီး ရှိနေပါတယ်။ ဒီတစ်ခေါက်တော့ ဂျက်မား ပြောခဲ့တဲ့ အဖိုးတန်စကားတွေကို ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။

1️⃣ အခြားသူတွေရဲ့ အမှားတွေကို သင်ယူဖို့ သူပြောခဲ့ပါတယ်။ ဒါက ကိုယ်တိုင်မမှားအောင် လုပ်နိုင်တဲ့အကောင်းဆုံးနည်းလမ်း ဖြစ်လို့ပါ။

2️⃣ အရည်အသွေးကို အဓိက ထားပါ။ ကိုယ်ဘယ်လောက်များများလုပ်ဆောင်နိုင်လဲဆိုတာထက် ဘယ်လောက်ထိ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်လဲဆိုတာ ပိုအရေးကြီးပါတယ်။

3️⃣ နယ်ပယ်တစ်ခုမှာ ပထမဆုံးဖြစ်အောင် လုပ်ပါ။ သူများထက် သာချင်ရင်တော့ ပြိုင်ဘက်တွေ မရှိနိုင်လောက်သေးတဲ့ နေရာတစ်ခုကို အရင်ဆုံးဝင်ယူထားဖို့ လိုပါလိမ့်မယ်။

4️⃣ အနာဂတ်အတွက် ပြင်ဆင်ပါ။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူမှ ရေရေရာရာ မသိပါဘူး။ ဒါကြောင့် ကြိုတင်ပြင်ဆင်ထားတာ အကောင်းဆုံးပါပဲ။

5️⃣ ပြိုင်ဘက်တွေကို လေးစားပါ။ သူတို့တွေကို မနာလိုဖု့ိမလိုပါဘူး။ အကောင်းဆုံးပြိုင်ဘက်တွေပာာ အကောင်းဆုံးမိတ်ဆွေဖြစ်လာနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

6️⃣ စိန်ခေါ်မှုတွေကို အခွင့်အလမ်းအဖြစ်ရှုမြင်ပါ။ စိန်ခေါ်မှုအခက်အခဲတွေနဲ့ အခွင့်အလမ်းပာာ အမြဲတမ်းတွဲလာတတ်ပါတယ်။ အခက်အခဲတွေကို ငြင်းဆိုလိုက်တာပာာ အခွင့်အလမ်းတွေကို လက်လွတ်ခံလိုက်တာနဲ့ အတူတူပါပဲ။

7️⃣ မိမိကိုယ်မိမိ ယုံကြည်ပါ။ ကိုယ့်ကိုကိုယ်မှ ယုံကြည်မှုမရှိရင် ခင်ဗျားကို ဘယ်သူက ယုံကြည်ဦးမှာလဲ။

8️⃣ ကိုယ့်နားမှာ ထက်မြက်တဲ့သူတွေ ရှိနေပါစေ။ လူဆိုတာ သူ့နားက လူတွေရဲ့ လွှမ်းမိုးမှုကို ခံနေရတဲ့အတွက် လူကောင်းသူကောင်းတွေနဲ့ ပေါင်းမှသာ ကိုယ်လည်း သူတို့လို ဖြစ်လာမှာပါ။

9️⃣ ကျန်းမာအောင် နေပါ။ ဆေးရုံကုတင်က သင်ရှာထားသမျှငွေတွေကို ဖြုန်းတီးပစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

🔟 ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ချမ်းသာ၊ ဘယ်လောက်ပဲ နာမည်ကျော်ကြားပြီး အောင်မြင်နေပါစေ၊ ကိုယ့်ဘဝကိုကိုယ်တိုင် ကျေနပ်မှုမရှိရင်တော့ ရှင်သန်နေရတာ အလကားသက်သက် ဖြစ်နေမှာပါ။ ဒါကြောင့်မို့လို့ နေ့ရက်တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

ကဲ…. မိတ်ဆွေအနေနဲ့ သူဌေးကြီး ဂျက်မား ရဲ့ အဖိုးတန် အကြံပြုချက်တွေကို ဖတ်ပြီးတဲ့အချိန်မှာ ဘယ်အချက်တွေကို လိုက်နာဖို့ ကျန်နေသေးလဲ ဆိုတာကို Comment မှာ မျှဝေပေးခဲ့ပါဦး။

👉 ဒီအချက်လေးတွေဟာ မိတ်ဆွေတို့အတွက် အကျိုးရှိတယ် ဆိုရင် မိတ်ဆွေရဲ့ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစု၊ သားသမီး၊ ညီအကို၊ မောင်နှမ များပါ အကျိုးရှိသွားအောင် Like & Share လေး ပြုလုပ်ပေးခဲ့ပါဦးနော်

Leave a Comment

Your email address will not be published. Required fields are marked *