Sonic Generation

အောင်မြင်ဖို့ ဘယ်လိုတွေးသင့်သလဲ

ကျွန်တော်တို့ရဲ့ ဘဝကို ကျွန်တော်တို့ရဲ့ အတွေးတွေက လွှမ်းမိုးထားပါတယ်။
အပြုသဘောဆန်တဲ့ အတွေးတွေကပဲ ဘဝ အတွက် ကောင်းကျိုးတွေ ဖန်တီးပေးနိုင်ပါလိမ့်မယ်။

ကျွန်တော်တို့ မသိလိုက်ပဲ အဆိုးမြင်အတွေးတွေကို နေ့စဉ်တွေးနေကြပါတယ်။

ဒါက တိုးတက်အောင်မြင်မှုအတွက် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

ဒီတော့ ဘယ်လို တွေးသင့်သလဲ???

“ငါ ဒါကို မလုပ်တတ်ဘူး” လို့ တွေးမယ့် အစား
“ငါ့မှာ ဒါကို လုပ်တတ်လာအောင် ဘာလိုအပ်မလဲ” လို့ တွေးပါ။

“ငါက သူများတွေလို မတော်ဘူး” လို့ တွေးမယ့်အစား
“မသိသေးတာတွေကို တတ်အောင် သင်မယ်’ လို့တွေးပါ။

“လုပ်တော့ လုပ်ထားတာပဲ။ ရသင့်သလောက်တော့ ရမှာပေါ့” လို့ တွေးမယ့်အစား
“ငါလုပ်နိုင်တာ ဒါ အကုန်ပဲလား။ ဒီထက် ပိုကောင်းအောင် ဘာလုပ်လို့ ရဉီးမလဲ” လို့ တွေးပါ။

“လက်လျှော့လိုက်တော့မယ်” လို့ တွေးမယ့် အစား
“နောက်နည်းလမ်းတစ်မျိုးနဲ့ စမ်းကြည့်မယ်” လို့ တွေးပါ။

“ဒီအရာက ခက်ခဲလွန်းတယ်” လို့တွေးမယ့် အစား
“အချိန်နဲ့ ခွန်အားတော့ စိုက်ထုတ်ဖို့ လိုမယ်” လို့ တွေးပါ။

“ငါ အမှားလုပ်ခဲ့မိပြီ” လို့ နောင်တရနေမယ့်အစား
“အမှားတွေကနေ ငါ ဒီထက် ပိုကောင်းလာအောာင် ကြိုးစားရမယ်” လို့ တွေးပါ။

အတွေးတွေက သင့် ဘဝကို ဖန်တီးပေးပါတယ်။
အောင်မြင်ရေးအတွေးတွေကသာ အောင်မြင်မယ့် ဘဝကို ဖန်တီးပေးပါလိမ့်မယ်။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *