Sonic Generation

ဆရာကောင်း တပည့် ပန်းကောင်းပန်

“ဆရာကောင်း တပည့် ပန်းကောင်းပန်” ……………….
ဒီစကားပုံလေးကို မိတ်ဆွေကြားဖူးချင် ကြားဖူးမှာပါ။

ဆိုလိုတာက ဆရာကောင်းကို ဆည်းကပ်ရင် ဘဝမှာ အောင်မြင်မှုတွေရနိုင်တယ်ဆိုတဲ့ စကားပါ။

ဒီအဆိုနဲ့ ပတ်သက်ပြီး အင်တာနက်က တွေ့ခဲ့တဲ့ အကြောင်းအရာတစ်ခုကို ဝေမျှလိုပါတယ်။
မိတ်ဆွေဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ electron, proton, neutron ဆိုတဲ့ အမှုန်တွေ အကြောင်းကို မှတ်မိပါသေးသလား။

ရူပဗေဒမှာ ပါဝင်တဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ဒီအမှုန်တွေကို ရှာဖွေတွေ့ရှိမှုက ခေတ်သစ်သိပ္ပံပညာကို ပြောင်းလဲတဲ့နေရာမှာ အရေးကြီးတဲ့ အပိုင်းကနေ ပါဝင်ခဲ့ပါတယ်။

ထူးခြားချက်က ဒီအမှုန်တွေကို တွေ့ရှိပြီး လူမှုစနစ်ကြီးကို တိုးတက်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့ လူသုံးဉီးဟာ အဆင့်ဆင့် ဆရာတပည့်တွေ ဖြစ်နေတာပါ။

ပထမဆုံးအနေဖြင့် electron ကို တွေ့ရှိခဲ့တဲ့ သွမ်ဆင်ဟာ proton ကို ရှာဖွေတွေ့ရှိမယ့် ရားသားဖို့ဒ်ဆိုတဲ့ တပည့်ကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ရားသားဖို့ဒ်ကလည်း neutron ကို တွေ့ရှိမယ့် ချက်ဝခ် ဆိုတဲ့ တပည့် ကို ပြန်လည် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

ထက်မြက်တဲ့ ဆရာကောင်းအောက်မှာ ဆည်းပူးနိုင်ခဲ့တဲ့ အတွက် ထက်မြက်တဲ့ တပည့်တွေ ဖြစ်လာခဲ့ပြီး ခေတ်သစ်သိပ္ပံပညာရဲ့ သမိုင်းမှာ ဖခင်ကြီးတွေအဖြစ် မှတ်တမ်းတင်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီလို ပညာရပ်တွေမှာသာမက စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး……………ဘယ်လိုနယ်ပယ်မှာမဆို အောင်မြင်ကျော်ကြားခဲ့၊ ကျော်ကြားဆဲ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဆရာကောင်းအောက်မှာ သင်ယူလေ့လာခဲ့ကြသူတွေချည်းပါပဲ။

ဒါကြောင့်မို့လို့ မိတ်ဆွေဟာ လူငယ်တစ်ယောက်ဖြစ်ပြီး ဘဝမှာ အောင်မြင်မှုတွေ လိုချင်တယ်ဆိုရင် ပထမဆုံးနဲ့ အရေးကြီးဆုံးလုပ်ရမယ့် အချက်ကတော့ ဆရာကောင်းကို ရှာဖွေပြီး ဆရာကောင်းအောက်မှာ ဆည်းပူးလေ့လာဖို့ပါပဲ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *