သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိရင်း သူပြောတာကို သဘောကျမိတယ်။
သူက ပြောတယ်။
“မြန်မာနိုင်ငံက လူကြီးတွေက ရှေ့တစ်နှစ်၊ နှစ်နှစ် အတွက်လောက်ပဲ စဉ်းစားတတ်ကြတယ်။ အခြားနိုင်ငံကဆိုရင် နောက်အနှစ်တစ်ရာလောက်အတွက် ကြိုစဥ်းစားပြီးပြီ”
သူက လူကြီးတွေကို အားမလို အားမရ ဖြစ်တဲ့ လေသံနဲ့ ပြောတာပါ။ ဒီလိုပြောတော့ ကျွန်တော်ကလည်း ပြန်မေးလိုက်တယ်။
“လူငယ်တွေကရော ရှေ့ဘယ်နှစ်နှစ်စာအတွက် ကြိုစဉ်းစားနိုင်ပြီလဲလို့”
အမှန်တော့ မြန်မာပြည်က လူကြီးတွေရော၊ လူငယ်တွေပါ အနာဂတ်အတွက် စဉ်းစားမှုက အခြားနိုင်ငံက လူတွေနဲ့ ယှဉ်ရင် အတော်လေး အားနည်းပါတယ်။
များသောအားဖြင့် ရေတိုအတွက် ပဲ စဉ်းစားတယ်။ ရေရှည်ကို မေ့ထားကြတယ်။
အချို့အရာတွေက ရေတိုအတွက် အဆင်ပြေပေမယ့် ရေရှည်အတွက် အကျိုးမဲ့စေမယ့် အရာတွေ အများကြီးပါ။ ရေရှည်အတွက် အကျိုးရှိစေဖို့ ရေတိုအကျိုးစီးပွားကို လက်လွတ်ခံနိုင်ဖို့လည်း လိုပါတယ်။
ရေရှည်အတွက် စဉ်းစားဖို့ကလည်း အသိပညာဗပာုသုတ ပြည့်စုံဖို့ လိုပါတယ်။ အခြားနိုင်ငံက ကိုယ့်အသက်အရွယ်ပတ်ဝန်းကျင်တွေ ဘာတွေလုပ်နေလဲ။ ဘယ်လိုတွေ စဉ်းစားနေပြီးလဲ။ ဒါတွေကို စဉ်ဆက်မပြတ်လေ့လာနေပြီး မိမိရဲ့ စဉ်းစားနိုင်စွမ်း၊ အနာဂတ်ကို ကြည့်မြင်နိုင်စွမ်းကို တိုးတက်အောင်လုပ်ဖို့ အရေးကြီးနေပါပြီ။