Sonic Generation

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပါ

နောက် ငါးနှစ်မှာ ဘယ်လို ဘဝအခြေအနေမျိုး ပိုင်ဆိုင်ရဖို့ မိတ်ဆွေ မျှော်လင့်ထားလဲ။

နောက် ဆယ်နှစ်မှာ ဘယ်လို ဘဝအခြေအနေမျိုး ပိုင်ဆိုင်ရဖို့ မိတ်ဆွေ မျှော်လင့်ထားလဲ။

မိတ်ဆွေမျှော်လင့်တဲ့ ဘဝကို ပိုင်ဆိုင်ဖို့ အခုအချိန်မှာ ဘာတွေ ဘယ်လို ပြင်ဆင်နေလဲ။

ကိုယ်လိုချင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အခုအချိန်ကတည်းက လိုအပ်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ လိုပါလိမ့်မယ်။

ကမ္ဘာကျော်ရင်းနှီးမြှုပ်နှံမှုဂုရုကြီး ဝါရင်းဘတ်ဖတ် ပြောဖူးတာရှိတယ်။
“မိမိကိုယ် မိမိ ရင်းနှီးမြှုပ်နှံခြင်းဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံခြင်းပဲ”

ဆိုလိုတာက အနာဂတ်အတွက် အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု လမ်းစဉ်က ပညာရေးမှာ ရင်းနှီးမြှုပ်နှံခြင်းပါ။

ဒီနေရာမှာ ပြောချင်တဲ့ တကယ့်ပညာရေးဆိုတာ ဘွဲ့တွေ၊ ဒီဂရီတွေ ရမယ့် ပညာရေးမျိုးထက် တကယ့်ကို မိမိ ဘဝရပ်တည်ရှင်သန်နိုင်အောင် အကူအညီ ပေးနိုင်တဲ့ ပညာရေးမျိုးကို ဆိုလိုပါတယ်။

ဘာသာစကားတွေ ဖြစ်တဲ့ အဂ်လိပ်၊ ဂျပန်စာ တတ်ထားရင်ကိုပဲ အလုပ်ကောင်းကောာင်း၊ လစာကောင်းကောင်း ရနိုင်တဲ့အတွက် ဒီလို ဘာသာစကားတွေ ကျွမ်းကျွမ်းကျင်ကျင် တတ်အောင် အချိန်တွေ၊ ငွေတွေ ရင်းနှီးထားရင်လည်း ဒါဟာ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်းပါပဲ။

ဒါမှမဟုတ်လည်း မိမိ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့ ပညာရပ်တစ်ခုခုမှာ အချိန်ပေးပြီး လေ့လာသင်ယူနေတာကလည်း အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမှုတစ်မျိုးပါ။

အနာဂတ်အတွက် ကြိုတင်ရင်းနှီးမြှုပ်နှံထားသူသာလျှင် မိမိဖြစ်ချင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *