Sonic Generation

ဘုန်းတော်ကြီး ဒလိုင်းလားမားရဲ့ ဘဝနေနည်း အကြံပြုချက်များ

ဘုန်းတော်ကြီး ဒလိုင်းလားမားဟာ တိဗက်ဘာသာရေး ခေါင်းဆောင်တစ်ဉီးဖြစ်ပြီး ကမ္ဘာပေါ်က လူအများရဲ့ ကြည်ညိုလေးစားခြင်းကို ခံရသူတစ်ဉီးလည်း ဖြစ်ပါတယ်။

သာယာချမ်းမြေ့တဲ့ ဘဝကို ပိုင်ဆိုင်ဖို့အတွက် လောကီလူသားတွေကို ဒီလို အကြံပြုချက်တွေ ပေးခဲ့ပါတယ်။

၁။ ငွေတွေ အများကြီးပိုင်ဆိုင်တဲ့ ဘဝနဲ့ ပင်စင်ယူတာထက် ပျော်ရွှင်ဖွယ်ရာ အမှတ်တရတွေနဲ့သာ အလုပ်က အနားယူပါ။

၂။ စွန့်ဉီးတီထွင်သူ ဖြစ်ဖို့ထက် လွှမ်းမိုးနိုင်သူ ဖြစ်ဖို့က ပိုအရေးကြီးတယ်။

၃။ တစ်စုံတစ်ယောက်ကို ချစ်မယ်ဆိုရင် ပြင်ပရုပ်ပိုင်းဆိုင်ရာ အလှထက် စိတ်တွင်းအလှကို ပိုရှုမြင်ပါ။

၄။ မင်းဘယ်လောက် ဝင်ငွေတွေ ရနေပြီလဲ ဆိုတာထက် ဘယ်လောက် ပျော်ရွှင်နေလဲဆိုတာနဲ့ မင်း မိဘတွေကို ဂုဏ်ယူရအောင် လုပ်ပါ။

၅။ သူငယ်ချင်း အများကြီး ရှိဖို့ထက် မိတ်ဆွေစစ် နည်းနည်း ရှိဖို့က ပိုအရေးကြီးတယ်။

၆။ ဇိမ်ခံပစ္စည်းတွေထက် ရိုးရှင်းတဲ့ ဘဝနေနည်းနဲ့သာ ပျော်ရွှင်မှုကို ရှာဖွေပါ။

၇။ မင်းဘဝမှာ မင်းသာ နေထိုင်ရမှာပါ။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်တွေကို သိပ်ပြီး ဂရုစိုက်မနေနဲ့။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *