Sonic Generation

အထင်ကြီးလေးစားမှုအကြောင်း

လူတိုင်းကတော့ အခြားသူတွေက ကိုယ့်အပေါ် အထင်ကြီးလေးစားတာကို ခံချင်ကြတယ်။
ရိုရိုသေသေ၊ လေးလေးစားစား ဆက်ဆံတာကို ခံချင်ကြတယ်။

ကိုယ့်ရဲ့ တကယ့်အရည်အချင်းကြောင့် အထင်ကြီးလေးစားခံရတာ အကြောင်းမပာုတ်ပေမယ့် လူတွေရဲ့ အထင်ကြီးမှုကိုရဖို့ အလိမ်ညာတွေနဲ့ ပာန်ဆောင်နေရင်တော့ မှားနေပါပြီ။

ယနေ့ခေတ်မှာ ဒီလိုလူတွေ များလာပါပြီ။ အပေါ်ယံလောက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့ သူတွေကြောင့် လူလိမ်လူကောက်တွေပာာ အပေါ်ယံ သကြားဖြူးပြီး လောကကို လိမ်ညာနေကြပါတယ်။

ဒါပေမယ့် အတုအယောင်တွေက အကြာကြီး မခံပါဘူး။ တစ်ချိန်ချိန်တော့ အလိမ်ပေါ်မှာပါ။

ဒါကြောင့်မို့လို့ မိတ်ဆွေပာာ မိတ်ဆွေမှာ ရှိတဲ့အတိုင်းသာ နေထိုင်ပါ။ မရှက်သင့်တာ မရှက်ပါနဲ့။ သူများအထင်ကြီးလေးစားမှုကိုလည်း အပေါ်ယံသွင်ပြင်တွေနဲ့ မရယူချင်ပါနဲ့။ ကိုယ့်အရည်အချင်းအစစ်နဲ့သာ ရယူပါ။

Brand တွေ မသုံးနိုင်၊ မကိုင်နိုင်လို့ သိမ်ငယ်မနေပါနဲ့။ ဒါတွေပာာ သင့်ရဲ့ ပင်ကိုစွမ်းရည်ကို ဖော်ပြတဲ့ အရာမပာုတ်ပါဘူး။

လူကြီးသားသမီးတွေနဲ့ မိတ်ဆွေမဖြစ်လို့လည်း စိတ်ပျက်မနေပါနဲ့။ စစ်မှန်တဲ့ သူငယ်ချင်းသံယောဇဉ်မှာ ချမ်းသာတာ၊ ဆင်းရဲတာ မရှိပါဘူး။

သင့်မိဘတွေ မချမ်းသာလို့လည်း စိတ်မညစ်ပါနဲ့။ အခုအခြေအနေထိကို ကျွေးမွေးပြုစုလာတာကိုပဲ ကျေးဇူးတင်ပါ။ ကိုယ့်မိဘတွေ မချမ်းသာပဲနဲ့ သူဌေးသားယောင်ယောင်၊ ဘာယောင်ယောင် ပုံစံဖမ်းပြီး လူအထင်ကြီးအောင် မလုပ်ပါနဲ့။
ကားအကောင်းစားကြီး စီးနိုင်မှ။ အိမ်ကြီးအိမ်ကောင်းနဲ့ နေနိုင်မှ ဘဝက တန်ဖိုးရှိတာ မပာုတ်ပါဘူး။

ကိုယ်မြတ်နိုးတဲ့ အလုပ်လုပ်ခွင့်ရတယ်။ ချစ်ခင်ရသူတွေနဲ့ နေထိုင်ခွင့်ရတယ်၊ ကျန်းမာတယ်၊ ငွေကြေးနဲ့ ပတ်သက်ပြီး ပူပင်စရာ ကြီးကြီးမားမားမရှိရင်ကိုပဲ ဘဝက နေပျော်နေပါပြီ။

မှတ်ထားပါ။

အခြားသူတွေရဲ့ အထင်ကြီးလေးစားမှုတွေက ခဏတာပါ။

သင့်မိသားစုတွေရဲ့ အထင်ကြီးလေးစားမှုကသာ ထာဝရပါ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *