Sonic Generation

ကြက်ဥတွေကို ခြင်းတောင်းတစ်တောင်းထဲ စုထည့်မထားပါနဲ့

မိတ်ဆွေပာာ ကြက်ဥတွေ ပိုင်တယ်ဆိုပါစို့။
ကြက်ဥတွေကို ခြင်းတောင်းတစ်တောင်းထဲ စုထည့်ထားတယ်။
အဲ့ဒီကြက်ဥခြင်းတောင်းပာာ မတော်တဆ မှောက်ကျသွားရင် မိတ်ဆွေပိုင်ဆိုင်သမျှ ကြက်ဥအားလုံး ဆုံးရှုံးသွားပါလိမ့်မယ်။

ဒါက သူဌေးကြီးဝါရင်းဘတ်ဖတ်ပြောခဲ့တဲ့ စကားပါ။

“ကြက်ဥတွေကို ခြင်းတောင်း တစ်တောင်းထဲ စုထည့် မထားပါနဲ့”

တစ်နည်းပြောရရင် မိမိပိုင်ဆိုင်သမျှကို တစ်နေရာထဲမှာ စုထားတာမျိုး၊ တစ်နေရာထဲမှာပဲ ရင်းနှီးထားတာမျိုး မလုပ်ပါနဲ့။ ကိုယ်ရင်းနှီးထားတဲ့ အရာပာာ အကြောင်းတစ်ခုခုကြောင့် ထိခိုက်သွားရင် ဆုံးရှုံးမှုများနိုင်ပါတယ်။

အမေရိကန်နိုင်ငံမှာ ၂၀၀၈ စီးပွားပျက်ကပ်ဆိုက်တော့ အိမ်ခြံမြေထဲမှာ ငွေသန်းပေါင်းများစွာ ရင်းနှီးထားသူတွေ ဆုံးရှုံးမှုများခဲ့ပါတယ်။

သူဌေးကြီးတွေပာာ ဘယ်တော့မှ လုပ်ငန်းတစ်ခုထဲမှာပဲ ငွေတွေ ရင်းနှီးထားတာမျိုး မလုပ်ပါဘူး။
နေရာမျိုးစုံမှာ ပုံစံမျိုးစုံနဲ့ ငွေတွေ ရင်းနှီးထားတာပါ။

တစ်ပတ်တစ်ပတ်ကို စတာလင်ပေါင် သန်းချီရတဲ့ ဘောလုံးသမားတွေပာာလည်း ငွေပမာဏအများကြီး ရနေပေမယ့် အကြောင်းတစ်ခုခုကြောင့် ဘောလုံးမကန်နိုင်တော့ရင် ဒီငွေတွေ ရနိုင်တော့မှာ မပာုတ်တာကို သိတဲ့အတွက် အခြားလုပ်ငန်းတွေမှာ ငွေတွေ ရင်းနှီးမြှုပ်နှံလာကြပါတယ်။

စီရော်နယ်ဒိုဆိုရင်လည်း ဘောလုံးကစားရာက ရတဲ့ငွေတွေကို ဟိုတယ်၊ စားသောက်ဆိုင်တွေမှာ ရင်းနှီးမှုများစွာ ပြုလုပ်နေပါတယ်။

သူတို့လိုမျိုး ငွေတွေ သန်းချီရမှ ရင်းနှီးမှုလုပ်နိုင်တာမပာုတ်ပါဘူး။ ဝင်ငွေနည်းပေမယ့် အနိမ့်ဆုံးအနေနဲ့ ဘဏ်မှာ ငွေစုတာတို့၊ ရွှေဝယ်စုတာတို့၊ စတော့ရှယ်ယာ ဝယ်စုတာတို့ လုပ်ပြီး မိမိ ပိုင်ဆိုင်သမျှ ကို နေရာမျိုးစုံမှာ ဖြန့်ခွဲရင်းနှီးထားသင့်ပါတယ်။

မိုးမပြိုပေမယ့် ပြိုခဲ့သည် ရှိသော်…………..

ကြက်ဥတွေကို ခြင်းတောင်း တစ်တောင်းထဲ စုထည့်မထားပါနဲ့။ ။

Team1

SonicGeneration

Forex

Gold

Trading

Financial

Investment

Leave a Comment

Your email address will not be published. Required fields are marked *