Sonic Generation

Forex & Gold Trading

Forex & Gold Trading ဆိုတဲ့ လုပ်ငန်း မြန်မာနိုင်ငံကို ရောက်တာ ကြာလာတာနဲ့အမျှ လူသိများလာသလို လုပ်ကိုင်တဲ့သူတွေလည်း များလာပါပြီ။

သို့သော်လည်း အသိပညာတွေ၊ အတတ်ပညာတွေ၊ အတွေ့အကြုံတွေ နည်းပါနေသေးတာ တစ်ကြောင်း၊ မြန်မာပြည်သူအများစုရဲ့ မတော်လောဘ၊ အယုံလွယ်မှု၊ ဖြတ်လမ်းနည်းနဲ့ ချမ်းသာလိုမှု စတဲ့ အားနည်းချက်တွေကြောင့် တစ်ဖုံ၊ စတဲ့ အကြောင်းကြောင်းတွေကြောင့် အထင်အမြင်လွဲမှားမှုတွေ များစွာ ရှိနေခဲ့ပါတယ်။

ကျနော်တို့ ကိုယ်တိုင်လဲ Forex Trading နဲ့ ပတ်သက်ပြီး အယူလွဲမှားခဲ့ဖူးပြီး အတွေ့အကြုံဆိုးတွေကို ခံစားခဲ့ရဖူးပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ junior တွေကို ကိုယ့်လို အတွေအကြုံဆိုးမျိုးတွေ မခံစားရ၊ မကြုံတွေ့ရအောင် အမြဲတမ်း မျှဝေပေးခဲ့ပါတယ်။

ယနေ့ခေတ်လို အချိန်ကာလမှာတော့ Forex & Gold Trading နဲ့ ပတ်သက်ပြီး အမှန်တကယ် လမ်းပြပေးနိုင်တဲ့ အဖွဲ့အစည်းတွေ၊ သင်တန်းကျောင်းတွေများစွာ ပေါ်ပေါက် လာတာဟာ အလွန် ဝမ်းသာ ကျေနပ်ဖွယ်ရာ အတိပါဘဲ။

အခုဆိုရင်လည်း နိုင်ငံတကာ အတွေ့အကြုံရှိ ပညာရှင်တွေ၊ နိုင်ငံခြားသား ပညာရှင်တွေ ဦးဆောင်တဲ့ Trading Summit တစ်ခု ကျင်းပမယ်ဆိုတော့ Forex Trader တစ်ယောက် အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။

Forex & Gold Trading ကို စိတ်ဝင်စားနေပြီး စတင်လုပ်ကိုင်ဖို့ ပြင်ဆင်နေသူတွေ၊ Experience နုနယ်သေးတယ် Trader တွေ၊ ဆုံးရံှုးမှု များစွာကို ကြုံတွေ့ နေရဆဲဖြစ်တဲ့ Trader တွေ၊ Trading နဲ့ ပတ်သက်ပြီး အသိပညာ၊ အတတ်ပညာ ဗဟုသုတတွေကို အမြဲ မပြတ်ရှာဖွေ ရယူချင်သူတွေ အနေနဲ့ ယခုလို ပွဲမျိုးကို လက်လွတ်မခံသင့်ပါဘူး။

အတွေ့အကြုံဆိုတာမျိုးဟာ ကောင်းတဲ့ အတွေ့အကြုံကိုသာ ကိုယ်တိုင် ခံစားရယူသင့်ပြီး မကောင်းတဲ့ ဆိုရွားတဲ့ အတွေ့အကြုံမျိုးကိုတော့ ဘယ်သူမှ ကိုယ်တိုင် ရယူခံစားလိုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဟောပြောပွဲတွေ၊ Panel Discussion လို ပွဲမျိုးတွေကို များများ တက်ရောက်နားထောင် လေ့လာသင့်ပါတယ်။

ဒါမှသာ မိမိထက် အသိပညာ၊ အတတ်ပညာ၊ အတွေ့အကြုံ များစွာ ပိုရှိတဲ့ သူတွေရဲ့ လမ်းညွှန်မှုတွေနဲ့ အတူ ချောမွေ့အောင်မြင်တဲ့ Trader Life ကို ရရှိဖို့အထောက်အကူများစွာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မိတ်ဆွေဟာ …

👉 Forex & Gold Trading ပြုလုပ်နေတဲ့သူ တစ်ယောက်ဆိုရင် …

👉 Forex & Gold Trading ပြုလုပ်ဖို့အတွက် စဉ်းစာနေသူ တစ်ယောက်ဆိုရင်…

👉 Foex & Gold Trading ကို စီးပွားရေး လုပ်ငန်းအဖြစ် စနစ်တကျ လုပ်ကိုင်လိုသူ ဆိုရင်….

👉 အတွေ့အကြုံနုနယ်သေးတဲ့ Trader တစ်ယောက်ဆိုရင်…

👉 Trader life အနေနဲ့ နှစ်တွေကြာနေပေမယ့် ပုံမှန် အမြတ်ဝင်ငွေ မရရှိသေးတဲ့သူ ဖြစ်နေသေးတယ် ဆိုရင်…

👉 Forex & Gold Trading နဲ့ ပတ်သက်ပြီး အတွေ့အကြုံဗဟုသုတတွေ၊ အသိပညာ အတတ်ပညာတွေ ကို အမြဲတမ်း တက်ကြွစွာ လေ့လာနေတဲ့သူတွေ ဆိုရင်အား….

ယခုလိုပွဲမျိုးကို အလွတ်မခံသင့်တဲ့အကြောင်း တွေးမိ ရေးမိပါတယ် ခင်ဗျာ 😊

မှတ်ချက်။ Register က ဒီနေ့နောက်ဆုံးပါတဲ့ ခင်ဗျာ 😌
ထိုင်ခုံနေရာကလည်း နဲနဲဘဲ ကျန်တော့တာမို့ တက်မယ်ဆိုရင် ခုချက်ချင်းသာ Register မြန်မြန်လုပ်ထားကြပါလို့ 😊
အချိန်မီ သတိပေးပါတယ်နော် 😊

Leave a Comment

Your email address will not be published. Required fields are marked *