Sonic Generation

အိပ်မက်တွေကို ရူးသွပ်ပါ

Unicode Version

ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ “Dreams Do Come True” ဆိုတဲ့ ဇာတ်လမ်းလေးကို မှတ်မိကြဦးမလား။ အတိုချုံ့ပြန်ပြောရရင် သားအမိနှစ်ယောက် သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေကို စိတ်ကူးယဉ်ကြတယ်။ အမေက စိန်နားကပ် ပန်ချင်တယ်။ သားက ကမ်းခြေမှာ အိမ်တစ်လုံးပိုင်ချင်တယ်။

ပထမဆုံး အမေ့ရဲ့ စိတ်ကူးယဉ် အိပ်မက်တွေ တကယ်ဖြစ်လာတယ်။ ဒါပေမယ့် ခေတ်ကာလအရ ကြပ်တည်းလာတော့ နားကပ်ကို ပေါင်လိုက်ရတယ်။ များများလာတဲ့ အတိုးတွေကို မပေးနိုင်တဲ့ တစ်နေ့မှာတော့ နားကပ်ကို အဆုံးခံလိုက်ရပါတယ်။

နှုစ်တွေကြာလာတဲ့အခါမှာတော့ ကောင်လေးက နာမည်ကျော် စာရေးဆရာကြီး ဖြစ်လာခဲ့ပြီး သူရေးတဲ့ စာအုပ်တွေကို နိုင်ငံအများစုမှာ ရောင်းချရတဲ့အတွက် သန်းကြွယ်သူဌေးဖြစ်လာခဲ့ပါတယ်။ သူငယ်စဉ်က စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ ကမ်းခြေပေါ်က အိမ်ကြီးကို ဝယ်နိုင်သွားတဲ့အပြင် သူ့အမေအတွက်ပါ စိန်နားကပ်တစ်ရန် ဝယ်ပေးနိုင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းကနေ အဓိက ပြောချင်တဲ့အကြောင်းက အိပ်မက်တွေ ရှိဖို့၊ အိပ်မက်တွေကို ရူးသွပ်ဖို့နဲ့ အိပ်မက်တွေကို တကယ်ဖြစ်လာအောင် လုပ်ဖို့ပါ။ ဘယ်သူတွေက ဘယ်လိုပဲ ခင်ဗျားရဲ့အိပ်မက်တွေကို မဖြစ်နိုင်ဘူးလို့ ပြောနေပါစေ ခင်ဗျားသာ ခင်ဗျားရဲ့ အိပ်မက်တွေကို ကာလရှည် ယုံကြည်ချက်နဲ့ ကြိုးစားမယ်ဆိုရင်တော့ တစ်နေ့နေ့မှာ ဖြစ်လာမှာပါ။

နောက်အရေးကြီးတဲ့တစ်ချက်က လူတစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာတဲ့အခါ အခြားသူတွေရဲ့ အိပ်မက်တွေကိုပါ အကောင်အထည်ဖော်ပေးနိုင်ပါတယ်။ အနိမ့်ဆုံးအားဖြင့် ကိုယ့်မိဘရဲ့ မဖြစ်မြောက်ခဲ့တဲ့ အိပ်မက်တွေ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့ အနာဂတ်စိတ်ကူးယဉ် အိပ်မက်တွေ………ဒါတွေကို လက်တွေ့ဖြစ်လာအောင် ဖော်ဆောင်ပေးနိုင်ပါတယ်။

ခင်ဗျားကော ဒီလို လူမျိုး မဖြစ်ချင်ဘူးလား???

Leave a Comment

Your email address will not be published. Required fields are marked *