Sonic Generation

နောင်မှ ရသည့် နောင်တ

” ငါ…..အဲ့တုန်းက အဲ့လို လုပ်လိုက်ရမှာ”

“ငါ…… အဲ့တုန်းက သူ့ကို အဲ့လို မပြောခဲ့သင့်ဘူး”

“ငါ……အဲ့တုန်းက အဲ့လမ်း ရွေးလိုက်ရမှာ”

မိတ်ဆွေ……..

ဒီစကားတွေဟာ မိတ်ဆွေနဲ့ ရင်းနှီးကျွမ်းဝင် နေပါသလား။

တစ်နေ့ကို ဘယ်နှစ်ခေါက်လောက် အပေါ်က စာသားတွေနဲ့
ဆငိတူတဲ့ စကားတွေ၊ အတွေးတွေ ပြောမိ၊ တွေးမိ နေပါသလဲ။

လူအချို့က လုပ်လိုက်မိတဲ့ အရာတွေ အတွက် နောင်တ ရကြတယ်။

အချို့ကတော့ မလုပ်လိုက်မိတဲ့ အရာတွေ အတွက် နောင်တ ရကြတယ်။

လူတိုင်းကတော့ နောင်တ နဲ့ ကင်းဖို့ မလွယ်ပါဘူး။
ဒါပေမယ့် ဘဝနဲ့ ရင်းပြီး နောင်တ ရနေတာမျို းတော့ မဖြစ်ဖို့ လိုပါတယ်။

လက်ရှိအချိန်ကာလမှာ မိမိရဲ့ အပြု အမူတိုင်းအတွက်
သေသေချာချာ စဉ်းစားချင့်ချိန်ပါ။

ကိုယ့်ရဲ့ အပြု အမူ၊ ပြောစကားကြောင့် အခြားသူမှာ ထိခိုက်နစ်နာမှု
မရှိစေရအောင် သတိထားပါ။ မေတ္တာတရားနဲ့ ပြု မူဆက်ဆံပါ။

ရွေးချယ်မှုတွေနဲ့ ကြုံ တွေ့လာရတဲ့အခါတိုင်း နောင်တ မရမှာ သေချာသည့်
လမ်းကိုသာ ရွေးချယ်ပါ။

ဘဝဟာ တိုတောင်းလွန်းပါတယ်။ အသက်ရှင်သန်နေရတဲ့ အချိန်တိုအတွင်းမှာ
သူတစ်ပါးကို မထိခိုက်စေပဲ မိမိလုပ်ချင်သည့် အရာများကို လုပ်ဆောင်ဖို့
အတွက် အချိန်ပေးပါ။ လုပ်ဖြစ်အောင်လည်း လုပ်ပါ။

နိဂုံးအနေနဲ့ကတော့ လူအများစု နောင်တ ရကြတဲ့ အဓိက အရာက
ကိုယ့်မိဘ ကို မသေခင် အချိန်လေးမှာ တတ်နိုင်သလောက် ပြု စုလုပ်ကျွေးပါ။
သေပြီးတော့မှ ‘ငါ…မိဘကို မလုပ်ကျွေးလိုက်ရပါလား’ ဆိုတဲ့
နောင်တ တော့ လုံးဝ မရပါစေနဲ့။

မိတ်ဆွေတို့အားလုံး နောင်မှ ရတဲ့ နောင်တ တရားတွေကနေ
ကင်းဝေးကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *