Sonic Generation

ရွေးချယ်မှု

Facebook ပေါ်က စကားတစ်ခွန်းကို သဘောကျလို့
အတွေးလေးတွေပါ ထပ်ပေါင်းပြီး ပြောပြလိုက်ပါတယ်။

မူရင်းကတော့ ဘီလ်ဂိတ်ပြောခဲ့တဲ့ စကားပါ။
လူအတော်များများလည်း သိကြပါတယ်။

” ဆင်းဆင်းရဲရဲနဲ့ မွေးလာတာ သင့်အပြစ် မဟုတ်။
ဆင်းဆင်းရဲရဲနဲ့ သေ သွားရင်တော့ သင့်အပြစ်ပဲ”

အပေါ်က စာသားကို တစ်ယောက်က ပြောင်းရေးတယ်။

” Rich Kid အဖြစ် မမွေးလာတာ မင်းအပြစ် မဟုတ်ဘူး။
မင်းကလေးတွေကို Rich Kid အဖြစ် မမွေးပေးနိုင်ရင်တော့
မင်းအပြစ် ဖြစ်သွားပြီ”

.
ဒါက သိပ်ကောင်းတဲ့ စကားလို့ ကျွန်တော်တော့ ယူဆတယ်။

ဟုတ်တယ်လေဗျာ။

ကျွန်တော်တို့ရဲ့ မိဘတွေကို ရွေးချယ်ခွင့်မှ မရှိတာ၊

သူဌေးသားသမီးပဲ ဖြစ်ချင်လို့ သူဌေးအမေဗိုက်ထဲ ရောက်ပါရစေလို့
ဆုတောင်းနေလို့မှ မရတာ။ အခုမွေးလာပြီ၊ လူဖြစ်လာပြီ။

ကျန်တာ ကိုယ့်အပိုင်းလေ။

ကိုယ့်မိဘတွေကို ရွေးချယ်ခွင့်မရနိုင်ပေမယ့် ကိုယ့်သားသမီးတွေကို
တော့ သူတို့ဘယ်လို မိဘတွေရဲ့ သားသမီးဖြစ်လာမလဲဆိုတဲ့
ရွေးချယ်မှုတော့ ကျွန်တော်တို့ ပေးနိုင်တယ်။

ခင်ဗျား သားသမီးတွေကို…….

ဆိုက်ကားဆရာရဲ့ သားသမီးတွေ ဖြစ်စေချင်လား???

လမ်းဘေးဈေးသည်ရဲ့ သားသမီး ဖြစ်စေချင်လား???

ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာတတ်တွေရဲ့ သားသမီး ဖြစ်စေချင်လား???

သူဌေး၊ လုပ်ငန်းရှင်တွေရဲ့ သားသမီး ဖြစ်စေချင်လား???

ဒါတော့ ခင်ဗျား ကိုယ်တိုင်ဆုံးဖြတ်ရမှာပဲလေ။

ရွေးချယ်မှုက မိတ်ဆွေ လက်ထဲမှာပဲ ရှိနေပါတယ်

Leave a Comment

Your email address will not be published. Required fields are marked *