Sonic Generation
ဘီလ်ဂိတ်ဆိုရင် မသိတဲ့သူ မရှိသလောက်ပါပဲ။
နည်းပညာတွေရဲ့ ဖခင်ကြီးလည်း ဖြစ်၊ မိုက်ခရိုဆောဖ့်ကုမ္ပဏီ တည်ထောင်သူလည်းဖြစ်၊ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီးလည်း ဖြစ်တဲ့အတွက် သူ့ရဲ့ လမ်းညွှန်ချက်တွေပာာ လူငယ်တွေအတွက် သိပ်ကို အကျိုးရှိစေမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပါဘူး။ ဒီတစ်ခေါက် သူ့ရဲ့ လမ်းညွှန်ချက်ပြောစကားတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ “ခင်ဗျားကိုယ် ခင်ဗျား ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါနဲ့။ ဒါပာာ ခင်ဗျားကိုယ် ခင်ဗျား စော်ကားနေတာပဲ”
(သေသေချာချာ စဉ်းစားရင် ကျွန်တော်တို့ ကိုယ့်ကိုကိုယ် မကျေနပ်မှုဖြစ်စေတဲ့ အကြောင်းရင်းက အခြားသူတွေနဲ့ သိပ်နှိုင်းယှဉ်နေလို့ပါ။ ဒါကို လျော့လိုက်ရင် အတော်လေး အဆင်ပြေမှာပါ။)
၂။ နောက်ထပ် ရာစုနှစ်သစ်ကို လှမ်းမျှော်ကြည့်လိုက်ရင်တောင် ခေါင်းဆောင်တွေပာာ အခြားသူတွေကို လှုံ့ဆော်စည်းရုံးနိုင်သူတွေ ဖြစ်တယ်ဆိုတဲ့ အချက်က မပြောင်းလဲပါဘူး။
(ခေါင်းဆောင်တစ်ယောက်ရဲ့ အဓိက စွမ်းရည်ပာာ ရည်မှန်းချက်တွေဆီရောက်ဖို့ လူအများကိုပါ တစ်ပါတည်း ဆွဲဆောင်ခေါ်ယူသွားနိုင်ခြင်း ဖြစ်ပါတယ်။)
၃။ အောင်မြင်မှုတွေရလို့ အောင်ပွဲခံတာ ကောင်းပါတယ်။ ဒါပေမယ့် ရှုံးနိမ့်မှုတွေဆီကနေ သင်ခန်းစာတွေ ယူဖို့ ပိုအရေးကြီးတယ်။
(ရှုံးနိမ့်မှုတွေဆိုတာ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ထောက်ပြနေတဲ့ ပုံစံတစ်မျိုးပါ။ ဒီပာာကွက်ကို ဖြည့်ဆည်းပေးနိုင်ရင် လိုချင်နေတဲ့ အောင်မြင်မှုပန်းတိုင်ကို ရောက်နိုင်မှာပါ။)
၄။ “စိတ်ရှည်ခြင်းပာာ အောင်မြင်မှုတွေရဲ့ အဓိက သော့ချက်ပါပဲ”
(ယနေ့ရေတွင်းတူး၊ ယနေ့ ရေကြည်သောက်ချင်လို့ မရဘူးဆိုတဲ့ စကားလိုပဲ အောင်မြင်မှုတွေ ရဖို့ အချိန်တစ်ခုကို စောင့်ရပါတယ်။ ဒီအတွက် စိတ်ရှည်ဖို့ လိုပါတယ်။)
၅။ “ဆင်းဆင်းရဲရဲနဲ့ မွေးလာတာ မင်းအပြစ်မပာုတ်ဘူး။ ဆင်းဆင်းရဲရဲနဲ့ သေသွားရင်တော့ မင်းအပြစ် ဖြစ်သွားပြီ”
(ဘယ်လိုအခြေအနေမျိုးကနေပဲ မွေးဖွားလာပါစေ၊ အောင်မြင်အောင်လုပ်နိုင်ဖို့ အခွင့်အရေးက လူတိုင်းမှာ ရှိပါတယ်။)
၆။ “ဝေဖန်မှုတွေပေးနိုင်တဲ့သူတွေ ကျွန်တော်တို့ လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ ဘယ်လိုတိုးတက်လာလဲဆိုတာ ပြောနေတာပဲ”
(မှန်ကန်တဲ့ ဝေဖန်မှုတွေကို ခံယူပြီး လိုအပ်ချက်တွေကို ပြုပြင်တာပာာ အောင်မြင်မှုကို မွတ်သိပ်နေတဲ့ လူတိုင်းအတွက် အဓိက လိုအပ်ချက်တစ်ခုပါ။)
ZawGyi Version
Leave a Comment
Your email address will not be published. Required fields are marked *