Sonic Generation
စားပွဲခုံတစ်လုံးပေါ်မှာ ဖန်ခွက်လေးတစ်လုံးချထားတယ်။
ဖန်ခွက်ထဲမှာတော့ ရေတစ်ဝက်ထည့်ထားတယ်။
လူတစ်ယောက်ရောက်လာပြီး ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်ကို မြင်တော့ အပြစ်တင်စကား
ဆိုတယ်။
“ပာင်း…….လူတွေများ စေတနာမရှိပုံက ရေဖန်ခွက်ထဲတောင် ရေအပြည့်မထည့်ပေးချင်ကြဘူး။
ရေလေးအပြည့်ထည့်ထားတော့ ဘာဖြစ်သွားမှာမို့လို့လဲ”
ဒီလို အပြစ်တင်ပြီး ဗျစ်တောက်ဗျစ်တောက် ပြောကာ ထွက်သွားလေရဲ့။
ခဏကြာတော့ ဒုတိယလူတစ်ယောက် ထပ်ရောက်လာတယ်။ ရေတစ်ဝက်ထည့်ထားတဲ့ ဖန်ခွက်လေးကို
မြင်တော့ ဝမ်းသာအားရ စကားဆိုတယ်။
“ပာာ…..ဘယ်သူကများ ရေခွက်လာထားပေးသွားတာလဲ မသိဘူး။ ရေဆာနေတာနဲ့ အတော်ပဲ၊ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေဗျား” လို့ ဆုတောင်းစကားတွေ ဆိုကာ ရေသောက်ပြီး
ထွက်သွားပါတယ်။
နှစ်ယောက်လုံးက ရေတစ်ဝက်ပဲ ထည့်ထားတဲ့ ဖန်ခွက်နဲ့ပဲ ကြုံရတာပါ။ ဒါပေမယ့် တစ်ယောက်က အပြစ်တင်စကားဆိုပြီး အကုသိုလ်စိတ်တွေ ယူသွားတယ်။ နောက်တစ်ယောက်ကတော့ ချီးမွမ်းစကားဆိုပြီး
ကုသိုလ်တွေ ယူသွားတယ်။
ကျွန်တော်တို့ မပြောင်းလဲနိုင်တဲ့ အခြေအနေတွေဆိုတာ အမြဲတမ်းရှိပါတယ်။
အခြေအနေတွေကို မပြောင်းလဲနိုင်ပေမယ့် ဒီအခြေအနေတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့
အမြင်၊ ကျွန်တော်တို့ရဲ့ သဘောထားကိုတော့ ပြောင်းလဲနိုင်ပါတယ်။
ကုသိုလ်ယူမလား၊ အကုသိုလ်ယူမလား ဆိုတာ မိတ်ဆွေရဲ့ ရွေးချယ်မှုပါ။
ဒါပာာ ရေတစ်ခွက်ကပေးတဲ့ သင်ခန်းစာပါ။ ။
Zawgyi Version
ဆိုတယ်။
ထွက်သွားပါတယ်။
ကုသိုလ်တွေ ယူသွားတယ်။
Leave a Comment
Your email address will not be published. Required fields are marked *