Sonic Generation

ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုအဆင့်(၄)ဆင့်ဖြင့်စတင်နည်းအပိုင်း၂

အပိုင်း – ၂

2️⃣ ရင်းနှီးမြှုပ်နှံမှုနည်းလမ်းကို အဆင့်မြှင့်တင်ပါ။
ခင်ဗျားရဲ့ ရည်မှန်းချက်အတိုင်း ဖြစ်အောင်လုပ်ပေးနိုင်မယ့် လက်တွေ့ကျတဲ့ Plan တစ်ခု လိုအပ်ပါတယ်။ သုတေသနတွေ လုပ်ဖို့ လိုပါတယ်။ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုးက ဘယ်လောက်ထိ အကျိုးအမြတ်ပြန်ပေးနိုင်လဲပေါ်မူတည်ပြီး အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ်ပါ။

ဆုံးရှုံးနိုင်ခြေနဲ့ အကျိုးအမြတ်က ထပ်တူကျတယ်ဆိုတာကိုတော့ မမေ့ထားပါနဲ့။ အမြတ်များများလိုချင်ရင်တော့ များများစွန့်စားရမှာပါ။ မသေချာမှုတွေကို ကောင်းကောင်း မကိုင်တွယ်နိုင်ရင် စိတ်ဖိစီးမှုအများကြီးနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကို ရင်မဆိုင်နိုင်ရင်တော့ စတော့ထက် ဘွန်းစာချုုပ်မှာပဲ ရင်းနှီးမြှုပ်နှံတာ ကောင်းပါလိမ့်မယ်။ စတော့လောက် အမြတ်အများကြီး မရနိုင်ပေမယ့်လည်း စိတ်ချမ်းသာပါလိမ့်မယ်။

စွန့်စားရတာကြိုက်ရင်တော့ စွမ်းအင်နှင့် နည်းပညာနယ်ပယ်က စတော့တွေ ဒါမှမပာုတ် Index မှာ အရောင်းအဝယ်လုပ်တဲ့ leverage များများယူတဲ့ ETF မှာ မြှုပ်နှံတာတွေ လုပ်နိုင်ပါတယ်။ အမြတ်ကြီးကြီးရနိုင်သလို များများလည်း ရှုံးနိုင်ပါတယ်။

ဒီအပိုင်းမှာတော့ ရင်းနှီးမြှုပ်နှံမှုတစ်ခုချင်းစီရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေကို သေသေချာချာ ဆုံးဖြတ်ပါ။ ဈေးကွက်က အမြတ်များများယူဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်ပေါ့။ ခင်ဗျားအနေနဲ့ ခင်ဗျားဘာလုပ်နေလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း သိဖို့ လိုပါလိမ့်မယ်။ နည်းလမ်းမျိုုးစုံကို စဉ်းစားပြီးရင်တော့ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုတွေကို စီမံခန့်ခွဲဖို့ အချိန်ရောက်ပါပြီ။ ဒီလို စီမံခန့်ခွဲဖို့အတွက် ကုန်ကျစရိတ်တွေကို ထည့်တွက်ရပါမယ်။ ဒါမှမပာုတ်ရင် Index မှာပဲ ရင်းနှီးမြှုပ်နှံမှာလား။ ဒါကိုလည်း အကြံပြုပါတယ်။

3️⃣ စတော့ပွဲစားတွေမှာ အကောင့်ဖွင့်ပါ။
ဒီအဆင့်မှာတော့ ခင်ဗျားရဲ့ ပထမဆုံးရင်းနှီးမြှုပ်နှံမှုကို စဖို့ အဆင်သင့်ဖြစ်နေရပါမယ်။ သုတေသနလည်း လုပ်ပြီးပြီ ဖြစ်လို့ နောက်ဆုတ်တော့မှာ မပာုတ်ပါဘူး။ တခြားအတွေးတွေ ပေါ်လာရင်လည်း မေ့ပစ်လိုက်ပါ။ ရင်းနှီးမြှုပ်နှံချင်းဆိုတာ ခင်ဗျားဘဝမှာ လုပ်နိုင်တဲ့ အကောင်းဆုံးဆုံးဖြတ်ချက်တွေထဲက တစ်ခုပါ။ စောစောစလေ၊ ကောင်းလေ ပါပဲ။ တခြားသူတွေလုပ်နေပြီး ခင်ဗျားက နားမလည်သေးရင်တော့ နားလည်အောင် မဖြစ်မနေ ကြိုးစားရပါမယ်။

ဒီအဆင့်မှာတော့ ပွဲစားကောင်းတစ်ယောက်ကို ရှာရပါမယ်။ ဒီပွဲစားက ခင်ဗျား ကို ETFs တို့၊ စတော့တို့၊ Commodities တို့၊ ဘွန်းစာချုပ်တွေကို ဝယ်၊ရောင်း လုပ်လို့ရအောင် ကူညီပေးပါလိမ့်မယ်။ ဝန်ဆောင်ခဈေးမကြီးပဲ ဖောက်သည်ကို တကယ်ကူညီပေးနိုင်မယ့် ယုံကြည်ရမယ့် ပွဲစားကိုသာ ရှာပါ။
ဒီလို ပွဲစားကို ရွေးမယ်ဆိုရင် ဒါတွေ သိထားသင့်ပါတယ်။

ဝန်ဆောင်ခ။ ။ ခင်ဗျားအရောင်းအဝယ်လုပ်တိုင်း ပွဲစားက ကော်မရှင်ခ ရပါတယ်။ သူတို့ ဘယ်လောက်ယူလဲဆိုတာ သတိထားရမယ့်အချက်ပါ။ ဒီဝန်ဆောင်ခက ဈေးအရမ်းကြီးရင် ခင်ဗျားရဲ့ အမြတ်တွေပါ ပါသွားနိုင်ပါတယ်။

အနည်းဆုံး ဆောင်ရွက်မှုများ။ ။ အချို့ပွဲစားတွေက ဝယ်ရောင်းလုပ်တဲ့ အကြိမ် သတ်မှတ်ချက်မပြည့်ရင်လည်း အပိုကြေးကောက်ခံပါသေးတယ်။ ပွဲစားကိုပဲ ဝယ်ရောင်းလုပ်ဖို့ အပ်ထားမယ်ဆိုရင် ဒီလို အပိုကြေးပေးရတာမျိုးကို သတိထားသင့်ပါတယ်။

နည်းပညာအထောက်အပံ့။ ။ ခင်ဗျားရင်းနှီးမြှုပ်နှံမှုအတွက် သုံးမယ့် ဆော့ဖ်ဝဲလ်ကိုလည်း သတိထားပါ။ ဒါက အသုံးပြုရလွယ်ကူပြီး နားလည်လွယ်ရပါမယ်။ တစ်ခုခု နားမလည်တာရှိရင်လည်း ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့အစည်းနဲ့ ဆက်သွယ်ပါ။ ခင်ဗျားပာာ တကယ့်ပိုက်ဆံတွေကို သုံးနေတယ်ဆိုတာ မမေ့ပါနဲ့။ နောက်ပြီး သူတို့တွေပာာ အရာရာတိုင်းအတွက် ငွေကောက်ခံနေတာပါ။ ခလုတ်လေးနှိပ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို စမ်းကြည့်သင့်တဲ့နေရာ မပာုတ်ပါဘူး။

အနိမ့်ဆုံး ထည့်ဝင်ကြေး။ ။ ခင်ဗျားငွေ ဘယ်လောက်နဲ့ စချင်လဲအပေါ်မူတည်ပြီး ပွဲစားအမျိုးမျိုးကို ရွေးချယ်ရမှာပါ။ အများစုကတော့ အနိမ့်ဆုံး ထည့်ဝင်ကြေးကို ဒေါ်လာ တစ်ထောင် သတ်မှတ်ထားပါတယ်။ တစ်ချို့ကတော့ ဒီထက်ပိုနည်းပါတယ်။

နာမည်ကြီး Online Broker တွေကတော့ Fidelity, TD Ameritrade, E*Trade နှင့် Merrill Edge ဖြစ်ပါတယ်။
နောက်နာမည်ကြီးနေတာက Roinhood ပါ။ သူက အခြားကော်မရှင်ခ ထပ်မကောက်ပါဘူး။ ဒါပေမယ့် သူ့ app နဲ့ပဲ ဖုန်းထဲကနေ အရောင်းအဝယ်လုပ်လို့ ရပါလိမ့်မယ်။ ဒါက အခုမှ စမယ့်သူတွေ အတွက် အဆင်ပြေမှာပါ။ တစ်ခု မှတ်ထားရမှာက Roinhood မှာ တစ်ချို့ ရင်းနှီးမြှုပ်နှံမှုတွေကိုတော့ အရောင်းအဝယ် လုပ်လို့မရပါဘူး။

4️⃣ ဈေးကွက်နှင့် ရင်းနှီးမြှုပ်နှံမှုကို မျက်ခြေမပြတ်ပါစေနဲ့။

အခုဆိုရင် ခင်ဗျားငွေတွေကို ဈေးကွက်ထဲ ထည့်ပြီးပြီ။ နောက်ထပ် ထပ်လုပ်ရမှာက ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုကြီးထွားလာမှာကို စောင့်ကြည့်ဖို့ပါ။ Index ETF လိုမျိုး ဈေးကွက်တစ်ခုလုံးကို ခြုံငုံထားတဲ့ နေရာမှာ ငွေထည့်ထားရင် သိပ်များများစားစားလုပ်ဖို့ မလိုပါဘူး။ ဒီလိုနေရာမှာ ငွေထည့်ထားရင် တစ်ချို့ အကြံပေးကြတာက ဈေးကွက်သတင်းတွေကိုတောင် ကြည့်ဖို့ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားရဲ့ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျနေရင် ခင်ဗျားပြန်ရောင်းထုတ်ချင်လိမ့်မယ်။ ဒါပေမယ့် ရေရှည်မှာတော့ ဈေးကွက်က အမြဲတမ်း အတက်ဘက်ပြနေတာပါ။ ခင်ဗျားအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပိုကြီးထွားလာအောင် လွှတ်ပေးထားဖို့ လိုပါလိမ့်မယ်။

အခြားပုံစံအနေနဲ့ ခင်ဗျားပာာ စတော့တွေကို ဝယ်၊ရောင်း လုပ်ချင်ရင်တော့ Bloomberg, CNBC, Marketwatch, Reuters တို့လိုမျိုး သတင်းချန်နယ်တွေကို အမြဲနားစွင့်ထားပါ။ ဝယ်ရောင်းလုပ်နေရင်တော့ ခင်ဗျားစတော့တွေနဲ့ ပတ်သက်တာတွေကို သုတေသနအမြဲလုပ်ဖို့ လိုအပ်ပါတယ်။ ဒါတွေလုပ်ရင်တော့ အဆင်ပြေပါပြီ။ ခင်ဗျားထပ်လုပ်နိုင်တာကတော့ ခင်ဗျားအကောင့်ထဲကို လစဉ်ငွေထည့်ပြီး ခင်ဗျားပိုင်ဆိုင်မှုတွေကို ပိုပိုများလာအောင် လုပ်ဖို့ပါပဲ။

Leave a Comment

Your email address will not be published. Required fields are marked *