Sonic Generation

ရင်းနှီးမြှုပ်နှံမှုတစ်ခုကိုအဆင့်(၄)ဆင့်ဖြင့် စတင်နည်း အပိုင်း (၁)ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုကိုအဆင့္(၄)ဆင့္ျဖင့္ စတင္နည္း အပိုင္း (၁)

အပိုင်း – ၁

ရင်းနှီးမြှုပ်နှံမှုတစ်ခုလုပ်ဖို့ သေသေချာချာ စဉ်းစားတွေးတောရမှန်း ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒီအတိုင်း ကြည့်ရင်တော့ လုပ်ငန်းတစ်ခုထဲ ငွေထည့်ထား၊ နှစ်နည်းနည်းလောက်စောင့်၊ ပြီးရင် ပြန်ထုတ်၊ ဒီလို ရိုးရိုးလေးလို့ ထင်တတ်ကြပါတယ်။ အမှန်တော့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပာာ ကျွန်တော်တို့ ထင်ထားတာထက် ပိုပြီး ရှုပ်ထွေးပါတယ်။

တစ်ချို့ရင်းနှီးမြှုပ်နှံမှုတွေကတော့ ဒီအပိုင်းနဲ့ စိမ်းနေတဲ့သူတွေအဖို့ စိတ်ရှုပ်ဖို့ကောင်းနေမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ စတော့လိုမျိုး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာ သချာၤသဘောတရားတွေ ဖြစ်တဲ့ အချိုးတွေ၊ ရာခိုင်နှုန်းတွေ၊ ဇယားတွေ ပါနေလို့ပါ။ ကာလရှည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင်တော့ ဒီလောက်မရှုပ်ထွေးပါဘူး။ ဒါပေမယ့်တစ်ရက်ထဲနဲ့ ဈေးကွက်ကို အမြတ်ပိုင်းချင်ရင်တော့ အချိန်တွေ အများကြီးပေးပြီး သုတေသန လုပ်ဖို့ လိုပါလိမ့်မယ်။ ဝေါလ်စရိထ်လိုမျိုးနေရာက ကျွမ်းကျင်ပညာရှင်၊ PhD သမားတွေနဲ့၊ ဈေးကြီးတဲ့ ကွန်ပျူတာကြီးတွေတောင် ဒီလိုအမြတ်ပိုင်းနိုင်ဖို့ မလွယ်လှပါဘူး။ ဒါပေမယ့် ကာလရှည်ရင်းနှီးမြှုပ်နှံမယ့် သာမန် ရင်းနှီးမြှုပ်နှံသူအတွက်တော့ ဒီလိုကြိုးစားအားထုတ်မှုတွေ လိုအပ်ပါတယ်။

ငွေကြေးကျွမ်းကျင်သူတွေ အကြံပေးကြတာကတော့ ခင်ဗျားရဲ့ ငွေတွေကို နာမည်ကျော် Nasdaq နှင့် S&P 500 လိုမျိုးတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ fund တွေထဲ ထည့်ထားပြီး နှစ်နည်းနည်းလောက် စောင့်ဖို့ပါ။ ဒီလို အကြံပေးချက်က အချိန်အတော်များများမှာ အသုံးဝင်ပါတယ်။ ဒါပေမယ့် အလုပ်မဖြစ်တဲ့ အခါတွေလည်း ရှိပါတယ်။

၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ် စီးပွားရေးတွေ ကျဆင်းနေချိန်အတွင်း ဒီအကြံဉာဏ်ကြောင့် လူတွေပာာ ဆယ်စုနှစ် နှစ်ခုစာလောက် ငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။ ၁၉၈၀ လောက် ပြန်ရောက်တော့ အမြတ်တစ်ချို့ ရပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုစဉ်းစားရမှာက ခင်ဗျားငွေတွေကို ၁၅နှစ်လောက် မြှုပ်နှံထားပြီး အဆုံးသတ်ကျတော့ အမြတ်ကမက်လောက်စရာ မဖြစ်တဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ငွေကြေးဖောင်းပွမှုကိုလည်း မေ့မထားသင့်ပါဘူး။

ဈေးကွက်တန်ဖိုးကျနေချိန် (Bear Market) မှာ ဘယ်သူကမှ စတော့တွေကို မဝယ်ဘူးဆိုရင် ခင်ဗျားလည်း ဝယ်ဖို့ မကြိုးစားပါနဲ့။ အချိန်ကို စောင့်ပါ။ (ကျွန်တော်ပြောတဲ့ Bear Market ဆိုတာ နှစ်နဲ့ ချီပြီး ဖြစ်နေတဲ့ပာာကို ပြောတာပါ။ လူတိုင်းကလည်း Bear Market ဖြစ်နေမှန်း သိနေပါလိမ့်မယ်။ သာမန်ရင်းနှီးမြှုပ်နှံသူတစ်ယောက်ကို ဒီလိုအချိန် ဈေးကွက်ထဲဝင်ဖို့ အကြံမပေးချင်ပါဘူး။)
ဒီလိုအချိန်မှာ ခင်ဗျားရဲ့ ငွေတွေကို ထားဖို့ နေရာကောင်းတွေ ရှိပါသေးတယ်။ ဥပမာ – ပုံသေဝင်ငွေ ရနိုင်မယ့် ဘွန်းစာချုပ်တို့၊ အိမ်ခြံမြေတို့။

ကျွန်တော် ပြောမယ့် အချက် (၄) ချက်ကို မစခင် ဈေးကွက်ကို ရိုက်ခတ်လာနိုင်မယ့် မက်ခရိုစီးပွားရေးအကြောင်းနည်းနည်းလောက် သိထားသင့်ပါတယ်။ စီးပွားပျက်ကပ်ဖြစ်ပြီး အဆုံးသတ်ချိန်နဲ့ ဝေးနေသေးတယ်လို့ ထင်ရင် စတော့တွေ မဝယ်ပါနဲ့။ (အဆုံးသတ်ချိန်နဲ့ နီးသေးလား၊ ဝေးသေးလားကို အထူးဂရုစိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးကောင်းလာနိုင်ချေရှိရင် လျော့ဈေးနဲ့ ရနိုင်လို့ပါ။ ဘတ်ဖတ်ရ် ပြောခဲ့သလို “အခြားသူတွေ ကြောက်နေချိန်မှာ လောဘကြီးပါ။ အခြားသူတွေ လောဘကြီးနေချိန်မှာ ကြောက်ပါ။)

1️⃣ ရည်မှန်းချက်ကို တည်ဆောက်ပါ။

စီးပွားရေးနှင့် ဈေးကွက်အခြေအနေကို သုတေသနလုပ်ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ ရည်မှန်းချက်ကို တည်ဆောက်ပါ။ ခင်ဗျားရဲ့ ပိုင်ဆိုင်မှုကို ဘယ်လောက်ထိဖြစ်စေချင်လဲ??? ဘယ်အချိန်မှာလဲ??? အငြိမ်းစားယူဖို့ ငွေစုနေတာလား??? အဲ့ဒီငွေတွေကို ဘယ်အချိန်လောက် ပြန်ထုတ်သုံးမှာလဲ??? ရည်မှန်းချက်တွေက လက်တွေ့ကျဖို့တော့ လိုပါလိမ့်မယ်။ ဈေးကွက်ကပြန်ပေးနိုင်တဲ့ အမြတ်ကိုလည်း အကြမ်းဖျင်း သိထားပါ။ နှစ်အနည်းငယ်အတွင်း မီလျံနာဖြစ်ဖို့တော့ မျှော်လင့်မထားပါနဲ့။ ဘာကြောင့် ဒီငွေတွေ စုနေတာလည်းဆိုတာကိုလည်း မမေ့ပါနဲ့။ ငွေအများကြီး မလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဒေါ်လာသန်းချီပိုင်ဆိုင်ဖို့ ငွေစုနေတာက စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ ဒါပေမယ့် ဒါက ခင်ဗျား ဘာကြောင့် ငွေစုနေတာလဲ အပေါ်မှာလည်း မူတည်ပါတယ်။ဖြစ်နိုင်တာက ပထမဦးဆုံး ရည်မှန်းချက်အနေနဲ့ ဒီလောက်ငွေအများကြီး လိုချင်မှ လိုမှာပါ။ အမြင့်ကြီးမှန်းလို့ ကိုယ်မှန်းထားသလို မဖြစ်လာရင် စိတ်ပျက်မှုတွေနဲ့ ကြုံရတတ်ပါတယ်။ ရင်းနှီးမြှုပ်နှံခြင်းပာာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေကိုပဲ ပေးသင့်ပါတယ်။ ခင်ဗျားအနေနဲ့ ဒေါ်လာတစ်သန်းရအောင် လုပ်ချင်လည်း လုပ်ပါ။ ဒါပေမယ့် ခင်ဗျားရဲ့ နည်းလမ်းတွေက ဒါကို တကယ်ဖြစ်အောင် လုပ်နိုင်ဖို့တော့ လိုပါမယ်။

ZawGyi Version

အပိုင္း – ၁

ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုလုပ္ဖို႔ ေသေသခ်ာခ်ာ စဥ္းစားေတြးေတာရမွန္း ကြၽန္ေတာ္တို႔အားလုံး သိၾကပါတယ္။ ဒီအတိုင္း ၾကည့္ရင္ေတာ့ လုပ္ငန္းတစ္ခုထဲ ေငြထည့္ထား၊ ႏွစ္နည္းနည္းေလာက္ေစာင့္၊ ၿပီးရင္ ျပန္ထုတ္၊ ဒီလို ႐ိုး႐ိုးေလးလို႔ ထင္တတ္ၾကပါတယ္။ အမွန္ေတာ့ ရင္းႏွီးျမႇဳပ္ႏွံမႈတစ္ခုပာာ ကြၽန္ေတာ္တို႔ ထင္ထားတာထက္ ပိုၿပီး ရႈပ္ေထြးပါတယ္။

တစ္ခ်ိဳ႕ရင္းႏွီးျမႇဳပ္ႏွံမႈေတြကေတာ့ ဒီအပိုင္းနဲ႔ စိမ္းေနတဲ့သူေတြအဖို႔ စိတ္ရႈပ္ဖို႔ေကာင္းေနမွာပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ စေတာ့လိုမ်ိဳး ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြမွာ သခ်ာသၤေဘာတရားေတြ ျဖစ္တဲ့ အခ်ိဳးေတြ၊ ရာခိုင္ႏႈန္းေတြ၊ ဇယားေတြ ပါေနလို႔ပါ။ ကာလရွည္ရင္းႏွီးျမႇဳပ္ႏွံမယ္ဆိုရင္ေတာ့ ဒီေလာက္မရႈပ္ေထြးပါဘူး။ ဒါေပမယ့္တစ္ရက္ထဲနဲ႔ ေဈးကြက္ကို အျမတ္ပိုင္းခ်င္ရင္ေတာ့ အခ်ိန္ေတြ အမ်ားႀကီးေပးၿပီး သုေတသန လုပ္ဖို႔ လိုပါလိမ့္မယ္။ ေဝါလ္စရိထ္လိုမ်ိဳးေနရာက ကြၽမ္းက်င္ပညာရွင္၊ PhD သမားေတြနဲ႔၊ ေဈးႀကီးတဲ့ ကြန္ပ်ဴတာႀကီးေတြေတာင္ ဒီလိုအျမတ္ပိုင္းႏိုင္ဖို႔ မလြယ္လွပါဘူး။ ဒါေပမယ့္ ကာလရွည္ရင္းႏွီးျမႇဳပ္ႏွံမယ့္ သာမန္ ရင္းႏွီးျမႇဳပ္ႏွံသူအတြက္ေတာ့ ဒီလိုႀကိဳးစားအားထုတ္မႈေတြ လိုအပ္ပါတယ္။

ေငြေၾကးကြၽမ္းက်င္သူေတြ အႀကံေပးၾကတာကေတာ့ ခင္ဗ်ားရဲ႕ ေငြေတြကို နာမည္ေက်ာ္ Nasdaq ႏွင့္ S&P 500 လိုမ်ိဳးေတြမွာ ရင္းႏွီးျမႇဳပ္ႏွံထားတဲ့ fund ေတြထဲ ထည့္ထားၿပီး ႏွစ္နည္းနည္းေလာက္ ေစာင့္ဖို႔ပါ။ ဒီလို အႀကံေပးခ်က္က အခ်ိန္အေတာ္မ်ားမ်ားမွာ အသုံးဝင္ပါတယ္။ ဒါေပမယ့္ အလုပ္မျဖစ္တဲ့ အခါေတြလည္း ရွိပါတယ္။

၁၉၆၀ ႏွင့္ ၁၉၇၀ ျပည့္ႏွစ္ စီးပြားေရးေတြ က်ဆင္းေနခ်ိန္အတြင္း ဒီအႀကံဉာဏ္ေၾကာင့္ လူေတြပာာ ဆယ္စုႏွစ္ ႏွစ္ခုစာေလာက္ ေငြေတြ ဆုံးရႈံးခဲ့ရပါတယ္။ ၁၉၈၀ ေလာက္ ျပန္ေရာက္ေတာ့ အျမတ္တစ္ခ်ိဳ႕ ရပါလိမ့္မယ္။ ဒါေပမယ့္ တစ္ခုစဥ္းစားရမွာက ခင္ဗ်ားေငြေတြကို ၁၅ႏွစ္ေလာက္ ျမႇဳပ္ႏွံထားၿပီး အဆုံးသတ္က်ေတာ့ အျမတ္ကမက္ေလာက္စရာ မျဖစ္တဲ့ ပုံစံမ်ိဳး ျဖစ္ေနပါတယ္။ ေငြေၾကးေဖာင္းပြမႈကိုလည္း ေမ့မထားသင့္ပါဘူး။

ေဈးကြက္တန္ဖိုးက်ေနခ်ိန္ (Bear Market) မွာ ဘယ္သူကမွ စေတာ့ေတြကို မဝယ္ဘူးဆိုရင္ ခင္ဗ်ားလည္း ဝယ္ဖို႔ မႀကိဳးစားပါနဲ႔။ အခ်ိန္ကို ေစာင့္ပါ။ (ကြၽန္ေတာ္ေျပာတဲ့ Bear Market ဆိုတာ ႏွစ္နဲ႔ ခ်ီၿပီး ျဖစ္ေနတဲ့ပာာကို ေျပာတာပါ။ လူတိုင္းကလည္း Bear Market ျဖစ္ေနမွန္း သိေနပါလိမ့္မယ္။ သာမန္ရင္းႏွီးျမႇဳပ္ႏွံသူတစ္ေယာက္ကို ဒီလိုအခ်ိန္ ေဈးကြက္ထဲဝင္ဖို႔ အႀကံမေပးခ်င္ပါဘူး။)
ဒီလိုအခ်ိန္မွာ ခင္ဗ်ားရဲ႕ ေငြေတြကို ထားဖို႔ ေနရာေကာင္းေတြ ရွိပါေသးတယ္။ ဥပမာ – ပုံေသဝင္ေငြ ရႏိုင္မယ့္ ဘြန္းစာခ်ဳပ္တို႔၊ အိမ္ၿခံေျမတို႔။

ကြၽန္ေတာ္ ေျပာမယ့္ အခ်က္ (၄) ခ်က္ကို မစခင္ ေဈးကြက္ကို ႐ိုက္ခတ္လာႏိုင္မယ့္ မက္ခ႐ိုစီးပြားေရးအေၾကာင္းနည္းနည္းေလာက္ သိထားသင့္ပါတယ္။ စီးပြားပ်က္ကပ္ျဖစ္ၿပီး အဆုံးသတ္ခ်ိန္နဲ႔ ေဝးေနေသးတယ္လို႔ ထင္ရင္ စေတာ့ေတြ မဝယ္ပါနဲ႔။ (အဆုံးသတ္ခ်ိန္နဲ႔ နီးေသးလား၊ ေဝးေသးလားကို အထူးဂ႐ုစိုက္ပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ စီးပြားေရးေကာင္းလာႏိုင္ေခ်ရွိရင္ ေလ်ာ့ေဈးနဲ႔ ရႏိုင္လို႔ပါ။ ဘတ္ဖတ္ရ္ ေျပာခဲ့သလို “အျခားသူေတြ ေၾကာက္ေနခ်ိန္မွာ ေလာဘႀကီးပါ။ အျခားသူေတြ ေလာဘႀကီးေနခ်ိန္မွာ ေၾကာက္ပါ။)

1️⃣ ရည္မွန္းခ်က္ကို တည္ေဆာက္ပါ။

စီးပြားေရးႏွင့္ ေဈးကြက္အေျခအေနကို သုေတသနလုပ္ၿပီးတဲ့ေနာက္မွာ ခင္ဗ်ားရဲ႕ ရည္မွန္းခ်က္ကို တည္ေဆာက္ပါ။ ခင္ဗ်ားရဲ႕ ပိုင္ဆိုင္မႈကို ဘယ္ေလာက္ထိျဖစ္ေစခ်င္လဲ??? ဘယ္အခ်ိန္မွာလဲ??? အၿငိမ္းစားယူဖို႔ ေငြစုေနတာလား??? အဲ့ဒီေငြေတြကို ဘယ္အခ်ိန္ေလာက္ ျပန္ထုတ္သုံးမွာလဲ??? ရည္မွန္းခ်က္ေတြက လက္ေတြ႕က်ဖို႔ေတာ့ လိုပါလိမ့္မယ္။ ေဈးကြက္ကျပန္ေပးႏိုင္တဲ့ အျမတ္ကိုလည္း အၾကမ္းဖ်င္း သိထားပါ။ ႏွစ္အနည္းငယ္အတြင္း မီလ်ံနာျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္မထားပါနဲ႔။ ဘာေၾကာင့္ ဒီေငြေတြ စုေနတာလည္းဆိုတာကိုလည္း မေမ့ပါနဲ႔။ ေငြအမ်ားႀကီး မလိုတာလည္း ျဖစ္ႏိုင္ပါတယ္။ ေဒၚလာသန္းခ်ီပိုင္ဆိုင္ဖို႔ ေငြစုေနတာက စိတ္လႈပ္ရွားဖို႔ ေကာင္းပါတယ္။ ဒါေပမယ့္ ဒါက ခင္ဗ်ား ဘာေၾကာင့္ ေငြစုေနတာလဲ အေပၚမွာလည္း မူတည္ပါတယ္။ျဖစ္ႏိုင္တာက ပထမဦးဆုံး ရည္မွန္းခ်က္အေနနဲ႔ ဒီေလာက္ေငြအမ်ားႀကီး လိုခ်င္မွ လိုမွာပါ။ အျမင့္ႀကီးမွန္းလို႔ ကိုယ္မွန္းထားသလို မျဖစ္လာရင္ စိတ္ပ်က္မႈေတြနဲ႔ ႀကဳံရတတ္ပါတယ္။ ရင္းႏွီးျမႇဳပ္ႏွံျခင္းပာာ ေကာင္းမြန္တဲ့ အေတြ႕အႀကဳံေတြကိုပဲ ေပးသင့္ပါတယ္။ ခင္ဗ်ားအေနနဲ႔ ေဒၚလာတစ္သန္းရေအာင္ လုပ္ခ်င္လည္း လုပ္ပါ။ ဒါေပမယ့္ ခင္ဗ်ားရဲ႕ နည္းလမ္းေတြက ဒါကို တကယ္ျဖစ္ေအာင္ လုပ္ႏိုင္ဖို႔ေတာ့ လိုပါမယ္။

Leave a Comment

Your email address will not be published. Required fields are marked *