Sonic Generation

အောင်မြင်မှု လမ်းစကို ရှာဖွေနေတာလား အပိုင်း (၃)

✔ အပိုင်း (၃)

🍁 သင်ဟာ လက်တွေ့ အကောင်ထည်ဖော်မယ်ကြံတိုင်း ကြုံတွေ့လာမယ့် အခက်အခဲတွေကို တွေးပူပြီး ကြောက်ရွံ့နေတတ်သူလား။ ဒါမှမဟုတ် ဘဝရဲ့ အချိုးအကွေ့တွေကို ကြောက်ရွံ့တတ်တဲ့ သူလား ?💮

တကယ်တော့ ☄

🍁 သင်ကြုံတွေ့ရတာတွေဟာ ခက်ခဲမှုတွေ အဟန့်အတားတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒါတွေဟာ မဖြစ်နိုင်တဲ့ အရာတွေတော့ မဟုတ်ပါဘူး။ မဖြစ်သေးတာပဲ ရှိတာပါ။ မဖြစ်နိုင်တာ မရှိပါဘူး။

🍁 သင် ခက်ခဲ ပင်ပန်းလာတဲ့ အချိန်မှာ မရပ်တန့်ပါနဲ့။ သင်ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်မှသာ အနားယူပါ။

🍁 ခက်ခဲကြမ်းတမ်းမှုတွေ အဆင်မပြေမှုတွေနဲ့ ကြုံလာတိုင်း စိတ်ဓာတ်မကျပါနဲ့။ အောင်မြင်မှုဆိုတာ လွယ်လင့်တကူ ဘယ်တော့မှ မရပါဘူး။ ✨အခက်အခဲ တစ်ခါကြုံတိုင်း အောင်မြင်မှု လမ်းကြောင်းဆီ ရောက်ဖို့ လှေကားတစ်ထစ်နီးလာပြီလို့မှတ်ပါ။ တစ်ခါတစ်ရံမှာ အခက်အခဲတွေက ချိုမြိန်တတ်ပါတယ်။ 🎉

🌿 အောင်မြင်မှုကို မစောင့်ပါနဲ့။ အောင်မြင်မှုဆီမြန်မြန်ရောက်ဖို့ သင်ကိုယ်တိုင်သွားပါ။ ပန်းတိုင်ဆိုတာ ရွှေ့မနေပါဘူး။ ပြိုင်ပွဲဝင်တွေကပဲ ပန်းတိုင်ဆီကို ပြေးရတာပါ။

🌿 ကြိုးစားနိုင်သမျှ အဆုံးစွန်ထိကြိုးစားပါ။ အကောင်းဆုံးတွေပဲ သင် ရမှာပါ။

💫 တကယ်တော့ အခက်အခဲဆိုတာ သင့်ဘဝရဲ့ ချိုမြိန်သော ခါးသက်ခြင်းသက်သက်ပါ။ ဘဝဟာ အမြဲတမ်း သာယာဖြောင့်ဖြူးနေရင် ဘဝမမြည်ပါဘူး။ ဘဝဟာ ချို၊ချဉ်၊ ဖန်၊ စပ်၊ ခါးအရသာ မျိုးစုံကို ပေးစွမ်းနိုင်ပါတယ်။

🍂 မုန်တိုင်းပြီးရင်လေပြည်လာတတ်သလို ခက်ခဲပြီးရင် ချောမွေ့လာပါလိမ့်မယ်။ တကယ်လို့ သင်ဟာ လမ်းအင်ဂျင်နီယာ တစ်ယောက် ဖြစ်တယ်ဆိုပါစို့ ။ သင်ဟာ လမ်းကောင်းကောင်းကို လျှောက်ချင်တယ်ဆိုရင် အရင်ဆုံးခဲရာခဲဆစ် လမ်းကြောင်းတွေကို ရှာပြီး အရင်ဆုံးခက်ခက် ဖောက်ရစမြဲပဲ မဟုတ်လား။

🍃 ဘယ်လမ်းကြောင်းမှ လိုချင်လိုက်တာ တ ရုံနဲ့ ဟပ်ချလောင်းဆိုပြီး ပေါ်မလာတတ်ပါဘူး။ ♨
သင်ဖောက်တဲ့ လမ်းမှာ ဆူးငြောင့်ခလုတ်လဲ ရှိနိုင်တယ်။ ကျောက်စရစ်ခဲလေးတွေ ရှိနိုင်သလို ကျောက်တုံးကျောက်ဆောင်တွေလည်း ရှိနေတတ်ပါတယ်။ 💥
တခါတစ်ရံ ဘာအတားအဆီးမှ မရှိပဲ ညီညာပြန့်ပြူးနေပါတယ်။

⭐ အခက်အခဲဆိုတာ သင့်အတွက်ပါ။ ရင်ဆိုင်ပါ။ ဖြေရှင်းပါ။ အဖြေမရှိတဲ့ မေးခွန်းဟာ ပုစ္ဆာမမြည်ပါဘူး။

Leave a Comment

Your email address will not be published. Required fields are marked *